Showing posts with label DOWNLOAD. Show all posts
Showing posts with label DOWNLOAD. Show all posts

Saturday, February 13, 2010

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

မင်္ဂလာရှိသော ၉၅ နှစ်မြောက်မွေးနေ့ဖြစ်ပါစေ ဗိုလ်ချုပ်
နှစ်တွေ လတွေ ရက်တွေ ဘယ်လိုပဲပြောင်းသွားသွား
ကျွန်တော်တို့ ရင်ထဲမှာတော့ ဗိုလ်ချုပ်ဟာ အသက်ဆက်ရှင်သန်နေဆဲပါ





HAPPY BIRTHDAY
TO
GENERAL AUNG SAN


ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား

၁၉၄၇
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား



ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်မြောက်မွေးနေ့အတွက် သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။
အန်တီခင်ညွန့်ရီ သီဆိုထားတဲ့ ဗိုလ်အောင်ဆန်း ဆိုတဲ့သီချင်းလေးပါ။
အားလုံး နားထောင်ကြည့်ကြပါဦးဗျာ...




မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့  ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်


ငါတို့ မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်
ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်

သြော်........ ဘုရင့်နောင်နဲ့  ရာဇာဓိရာဇ်တို့လို ...

မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် ...

မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ ...

မကြောက်တမ်း မရွံ့တမ်း ...

မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်


ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်

တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်


မြန်မာနိုင်ငံ .... ထူထောင်ရန်နဲ့

မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်

နေမျိုးသာကီ ဗမာပြည်လက်ရုံး ... ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်

စိတ်အားသန်သန် မာန်ကိုမလျှော့တဲ့ ...

ငါတို့ လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်

တကယ်ပင် ... သတိုးမဟာဗန္ဓုလနှယ် ...

စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်

သားကောင်းများလို့  ခေါ်ရလောက်ပေတယ် ...

ဥဒါန်းတွင်စေဖွယ် ...
မြန်မာသူရဲကောင်း အပေါင်းတွေရယ်

ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်

မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဒီသီချင်းလေးကို အပိုင်လိုချင်ရင်တော့ ဒီနေရာကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်ဗျာ...





Technorati tags:
, , , , , , , , , , , ,

Saturday, July 25, 2009

METACAFE pro installer

အပျင်းပြေ metacafe ကြည့်ချင်သူတွေအတွက် metacafe pro တင်ပေးလိုက်ပါတယ်။


သူ့ရဲ့အားသာတဲ့အချက်က.......

metacafe ကြည့်ချင်ပြီဆိုရင် သူ့ရဲ့ web site ကို သွားနေစရာမလိုဘူး။
Desktop မှာရှိတဲ့ metacafe icon ကို clickနှိပ်ပြီး ၀င်ကြည့်နိုင်သလို notification area မှာပေါ်ပေးနေမယ့် metacafe ပုံလေးကိုလဲ clickနှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်။

ဒီmetacafe softwareက auto ဒေါင်းလုဒ်ချပေးနေပါလိမ့်မယ်။
အသစ်ချထားတာလေးတွေကို New Items ထဲမှာ သူ့အလိုလိုဒေါင်းပြီး ထည့်ပေးထားလိမ့်မယ်။
ခင်ဗျားကြည့်ပြီးသား အဟောင်းတွေကိုတော့ Old Items ထဲကို သူ့အလိုလို ရွေ့ပေးထားပါလိမ့်မယ်။
ခင်ဗျား သိပ်ကြိုက်တဲ့ဟာတွေကိုတော့ ဖိုင်ပေါ်မှာ right click>save လုပ်လိုက်ရင် Save Items ထဲကို ရွေ့သိမ်းပေး ထားပါလိမ့်မယ်။

Content Setting ကို သွားပြီး
Categories tag မှာ video တွေကိုပဲ ကြည့်ချင်တာလား၊ Image တွေကိုပဲ ကြည့်ချင်တာလား ....... ဆိုတာကို သွားပြင်လို့ ရပါတယ်။ နောက်ပြီးတော့ ရီစရာcomedy တွေကိုပဲကြည့်ချင်တာလား၊ အားကစားspot ကိုပဲကြည့်ချင်တာလား....... ဆိုတာကိုလဲ သွားပြင်ထားလို့ရပါတယ်။
Family Filter tag မှာ သွားပြီး very sexual ဖြစ်တာတွေ ဘာတွေညာတွေကို ပိတ်ထားလို့ရပါတယ်။
ကိုယ်ကြည့်လို့ ၀သွားတဲ့ဟာတွေ မကြိုက်တော့တဲ့ဟာတွေကိုလဲ delete လုပ်လိုက်လို့ရပါတယ်။

ကဲ.......
ဒီနေရာမှာ download ချယူပြီး install လုပ်နိုင်ပါတယ်။

အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ.......


Technorati tags:
, , , , , , , , ,

Thursday, July 23, 2009

CREED - ONE LAST BREATH



ဒီသီချင်းလေးဟာ CREED အဖွဲ့ရဲ့ 2001 ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့သော တတိယမြောက် album ဖြစ်တဲ့ Weathered ထဲမှာပါတဲ့ သီချင်းဖြစ်ပါတယ်။
ကျွန်တော် တွေ့ဖူးသမျှ ဂစ်တာသမားတွေ (စတီးကာစ ၀ါနုသေးတဲ့သူတွေရော၊ ဆရာ့ ဆရာကြီးတွေရော) အကြိုက်တွေ့ကြ တီးကြ ခတ်ကြတဲ့ သီချင်းလေးပါ။
ဒီသီချင်းကို စနားထောင်ဖြစ်တာရော စတီးဖြစ်တာရော နုတ်စ်တွေရှာပေးတာရောက ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Tony ရဲ့ ကောင်းမှုကြောင့်ပါ။
စနားထောင်မိကတည်းက နားထဲစွဲသွားတယ်ဗျ။
မစွဲခံနိုင်ရိုးလားဗျာ။
စထွက်လာကတည်းက ကြားလိုက်ရတဲ့ ဂစ်တာpicking က ဂစ်တာသမားတွေ အကြိုက်ဖြစ်နေတာကိုး။
ဆိုတော့ကာ....... ဂစ်တာသမားတွေကြိုက်ကြတာလဲ မဆန်းဘူးပေါ့ဗျာ။
နားထောင်မိပြီးတော့ သီချင်းနုတ်စ်က လိုချင်ပြန်ရောဗျ။
အပျင်းကြီးတာလေ ကိုယ့်ဟာကိုယ် နုတ်စ်ရှာ/ရေး ရမှာ ပျင်းတာကိုး။
ထုံးစံအတိုင်း Tony ကိုပဲ အပူကပ်ရတာပေါ့။
အဲဒီအချိန်တုန်းက ဒီကောင်က အင်တာနက်ကို မွှေနှောက်နေနိုင်ပြီ ဆိုဒ်တွေလဲ သိနေပြီလေ။
သူ့ကောင်းမှုကြောင့် နားထောင်ဖြစ် သူ့ကောင်းမှုကြောင့်ပဲ တီးဖြစ်ခဲ့တဲ့ သီချင်းလေးပါ။
ခုချိန်ထိလဲ ဂစ်တာကောက်ကိုင်ဖြစ်ရင် တီးမိနေတုန်းပါပဲ။

ကဲဗျာ သီချင်းလေးဘက် ခနလောက်ဖြစ်ဖြစ်လှည့်လိုက်ရအောင်ဗျာ။

ဒီသီချင်းအစဂစ်တာpart က ကျွန်တော့်အတွက်တော့ အသက်ပဲဗျ။
Mark Tremonti ကို တစ်ကယ်ပဲ ချီးကျူးလေးစားပါတယ်ဗျာ။
ကျွန်တော်သာဆို သေချာပါတယ် ဒီလိုpicking မျိုးထွက်လာမှာမဟုတ်ပါဘူး၊ {ကိုယ့်ကိုကိုယ် အမွှန်းတင်နေတာ :-) }


ကဲဗျာ....... ဒီသီချင်းလေးရဲ့ guitar pro notes က ဒီမှာပါ
လိုချင်ကြရင် ဒီမှာ download ချကြပေတော့ဗျို့။

အိမ်ကစက်မှာ guitar pro မတင်ရသေးဘူးဆိုရင်တော့ ဒီနေရာမှာ ကျွန်တော်တင်ထားတဲ့ guitar pro installer ရှိပါတယ် တစ်လက်စတည်း ဆွဲသွားကြပေါ့ဗျာ။

ဒါကတော့ အပြင်ဆိုင်ကိုသွားပြီး print ထုတ်မယ်ဆိုရင် ဆိုင်တွေမှာ guitar pro တင်မထားလို့ print ထုတ်လို့ မရသူတွေအတွက် pdf ဖိုင်ပါ။
ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။

သြော် မေ့တော့မလို့ဗျ.......
သီချင်းရဲ့ ဗွီဒီယိုဖိုင် လိုချင်ရင်တော့ ဒီနေရာမှာ download ချလိုက်ပါ။

Technorati tags:
, , , ,

Wednesday, July 22, 2009

ဣစ္ဆာသယ မန္တန်တော်ကြီး

လိုတိုင်း တတိုင်း ရနိုင် ပြည့်နိုင် စေနိုင်တဲ့ မန္တန်တော်ကြီးပါ။



အနန္တစကြာဝဠာ - ဗြဟ္မစိုရ်လေးပါး

ဣစ္ဆာသယ မန္တန်တော်ကြီး


ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
ဗုဒ္ဓတေဇေန အရိန္ဒမော၊ ဗုဒ္ဓေါ မေ ရက္ခတုနိစ္စံ။
ဓမ္မတေဇေန မဟာလာဘော၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃတေဇေန မဟာလာဘော၊ သံဃော မေ ရက္ခတု သဒါ။
နမော တေ ဗုဒ္ဓ ၀ီရတ္တု၊ ၀ိပ္ပမုတ္တောတိသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နော၊ တဿမေသရဏံဘ၀။
အရဟံ ဗုဒ္ဓေါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အကာလိကော ဓမ္မော၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။
သုပ္ပဋိပန္နော သာဝကသံဃော၊ သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓေါ သဗ္ဗညုတညာဏော၊ ဓမ္မော လောကုတ္တရော န၀။
သံဃော မဂ္ဂဖလဌော စ၊ ဣစ္စေတံ ရတနတ္တယံ။
တေန သစ္စေန သင်္ဂါမေ၊ ဟောတု မေ ဇေယျမင်္ဂလံ။

Microsoft Word နဲ့ လိုချင်ရင် ဒီမှာ download လုပ်ယူလိုက်ပါ။

အားလုံး အဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်ဝနိုင်ကြပါစေဗျာ.......



Technorati tags:
, , , ,

Internet Download Manager.v5.15


Internet အသုံးပြုနေကြသူတိုင်း ကြိုက်နှစ်သက်ကြမယ့် software လေးပါ။

အထူးသဖြင့် မြန်မာနိုင်ငံလို လိပ်က အဖိုးခေါ်ရတဲ့ ကွန်နက်ရှင်စပိနဲ့ အင်တာနက် သုံးနေကြရသူတွေ အတွက်ကတော့ လွှတ်ကြိုက်ပေါ့ဗျာ။

သူ့ရဲ့ထူးခြားချက်က web page တစ်ခုကို ဖွင့်လိုက်ရင် အဲဒီpage ထဲမှာ ချိတ်ပေးထားတဲ့ ဒေါင်းလုဒ်လင့်ခ် ပါတယ်ဆိုတာနဲ့ သူက သွားချိတ်ပေးပြီး အဲဒီလင့်ခ်ရဲ့အပေါ်မှာ ဒေါင်းလုဒ်ချဖို့ tag လေးတစ်ခု အလိုလို ပေါ်ပေးနေပါလိမ့်မယ်။

သူ့ရဲ့အားသာတဲ့အချက်တစ်ခုက.......
သာမန်browser ရဲ့ downloader နဲ့ download ချပြီဆို ဖိုင်ဆိုဒ်ကြီးရင်နည်းနည်းကြာတယ် ပြီးတော့ ကွန်နက်ရှင်နည်းနည်း ထစ်သွား ပြတ်သွားတာနဲ့ အစက ပြန်ပြီးdownload လုပ်နေရတယ်လေ။
ဒီ Internet.Download.Manager နဲ့ဆို ဖိုင်ဆိုဒ်ကြီးတဲ့ဟာတွေကို ပိုပြီးတော့ မြန်မြန် ဆွဲပေးနိုင်တယ်။
ပြီးတော့ ကွန်နက်ရှင်ထစ်သွား ပြတ်သွားလဲ ကိစ္စမရှိ ကွန်နက်ရှင်ပြန်တက်လာတာနဲ့ ရောက်နေတဲ့နေရာကနေ ဆက်ဆွဲပေးပါလိမ့်မယ်။

ကဲ အဲဒီInternet.Download.Manager.v5.15 မရှိသေးလို့ download ချချင်ရင် ဒီနေရာကနေသာ download ချပေတော့ဗျို့.......

Download ချပြီးလို့ Install လုပ်ပြီဆိုရင် သာမန်အတိုင်း next, next, next....... နဲ့ ပြီးတဲ့အထိ ဆက်လုပ်သွားပေးပါ။
အဲ....... ပြီးသွားရင် သူက name တွေ ဘာတွေ ညာတွေနဲ့ register artivate လုပ်ဖို့မေးလာရင် cancel လုပ်ပေးလိုက်ပါ။
Download ချထားတဲ့ zip file ကို ဖြည်လိုက်ရင် crack folder လေးတစ်ခုတွေ့တယ် ဟုတ်
အဲဒီထဲက ပါလာတဲ့ ဖိုင်တွေကို ကော်ပီကူး.......
ပြီးရင်.......
Start > All Programs > Internet Download Manager > Internet Download Manager ကို right click > properties ကို နှိပ်ပေးပါ။
အဲဒီကနေမှ Open File Location/Find Target ကို နှိပ်ပြီး ခုနက Copy ကူးထားတာတွေကို Paste လုပ်လိုက်ပါ။
ဖိုင်နာမည်တူနေလို့ လာမေးရင် overwrite သာလုပ်မယ်လို့ ရွေးပေးလိုက်ပါ။
ပြီးရင်တော့ paste လုပ်ထားတဲ့ဖိုင်နှစ်ခုထဲက register key ဆိုတဲ့ ဟာလေးကို double click လုပ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို restart ချပေးဖို့လိုပါတယ်။
ပြီးပြီဆိုရင်တော့ ကဲ....... Internet.Download.Manager.v5.15 ကို သုံးကြရုံပဲ ကျန်တော့တာပေါ့ဗျာ

အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ.......





Technorati tags:
, , , ,

Saturday, July 18, 2009

Guitar Pro 5


ဂစ်တာသမားတွေအတွက် မရှိမဖြစ် software ဖြစ်ပါတယ်။
ဒီ software ကို install လုပ်ပြီး စမ်းသုံးကြည့်ပါ။
ဂစ်တာသမားတွေအတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်။
ကျွန်တော် ငယ်ငယ် ကွန်ပျူတာစသုံးပြီး နှစ်အနည်းငယ်အကြာကတည်းက ဒီ software ကို သုံးပြီး ဂစ်တာတီးလာတာပါ။
ဒီ guitar pro ကိုမှ မသုံးရရင် ခုချိန်ထိ မနေနိုင်ပါဘူး။
ဘာလို့ဆို.......
သူ့အတွက် သီချင်း နုတ်တွေက free download ချလို့ရတယ်လေဗျာ။
သီချင်းနုတ်တွေရဲ့ ဖိုင်ဆိုဒ်ကလဲ သေးသေးလေးရယ်။
ဆိုတော့ အဆင်ပြေချင်တိုင်းပြေနေတာပေါ့။

ကဲ ခင်ဗျား Guitar Pro ကို မသုံးဖူးသေးဘူးဆိုရင်တော့

ဒီနေရာမှာ Guitar Pro ကို ဒေါင်းလုဒ်ချပြီး စမ်းသာသုံးကြည့်ပေတော့ဗျို့။

အဆင်ပြေမယ် သုံးလို့ good တယ်ဆိုရင် ကျွန်တော် တင်ပေးရကြိုး ဒီပို့စ်ရေးရကြိုးနပ်တာပေါ့ဗျာ။

သူ့အတွက် လိုအပ်မယ့် သီချင်းနုတ်တွေကို လဲ ဒီ Ultimate-Guitar.com မှာ free download ယူလို့ရပါတယ်ဗျား။

ဂစ်တာသမားများ အဆင်ပြေကြပါစေဗျာ.......




Technorati tags:
, , , , , ,

IE Zaw Gyi font installer



Gtalk မှာ မြန်မာလိုစာရိုက်ချင်လို့ပဲဖြစ်ဖြစ်၊ Blog ရေးဖို့ မြန်မာစာပေါ်ချင် ဖတ်ချင်ရင်ပဲဖြစ်ဖြစ် အသုံးဝင်မယ့် မိမိစက်မှာ တင်ထားသင့်တဲ့ မရှိမဖြစ် software ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါင်းလုဒ် ချယူလို့ရပါတယ်။

Software မတင်တတ်သူ မတင်ဖူးသူတွေအတွက် နဲနဲရှင်းပြပေးပါမယ်။

အထက်က လင့်ခ်မှာ ဒေါင်းလုပ်ချပြီးသွားပြီဆိုရင်.......

အဲဒါ IEZawGyiGtalkFont.exe ကို double click နှိပ်လိုက်ပါ။

အဲဒီအခါမှာ Vista အောက်နိမ့်တဲ့ operating system သုံးထားတဲ့သူတွေအတွက် ဘာမှမဖြစ်ပဲ install dialogue box ပေါ်လာမှာဖြစ်ပေမယ့်
Vista version operation system သုံးထားသူတွေအတွက်ကတော့ cancel လုပ်မလား??? allow??? လုပ်မလား မေးပါလိမ့်မယ်။
Allow လုပ်မယ်လို့ ဖြေလိုက်ပါ။

အဲဒီအခါမှာ ဒီလိုဟာလေးပေါ်လာပါလိမ့်မယ်။

Next ကို နှိပ်ပေးပါ။



ဒီနေရာမှာလဲ Next ကိုပဲ နှိပ်ပါ။



Next ကိုပဲ ဆက်နှိပ်သွားပါ။

ထိုအခါမှာ software install လုပ်နေပါပြီ။
Install လုပ်အပြီးမှာ အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။

Finish ကို click နှိပ်ပေးပါ။


လို့ ပေါ်လာပြီဆိုရင်တော့ close ကို နှိပ်ပေးလိုက်ပါ။

အဲဒီအခါမှာ system ကို restart ချမှ installation ပြည့်စုံစွာ ပြီးဆုံးမယ် ဆိုတဲ့အောက်ပါ box လေးပေါ်လာပါလိမ့်မယ်။ စက်ကို restart ချမယ်ဆို ok ကို နှိပ်ပေးလိုက်ပါ။ မချချင်သေးဘူးဆိုရင်တော့ cancel ကို နှိပ်ပေးလိုက်ရုံပါပဲ။

Alpha Zaw Gyi ကို install လုပ်ရတာ လွယ်ကူ အောင်မြင်စွာ ပြီးဆုံးနိုင်မယ်လို့ ယူဆပါတယ်။

ကဲ....... မိမိ install လုပ်ထားတဲ့စက်ကို restart ချပြီးသွားလို့ windows လဲ ပြန်တက်လာပါပြီ။
မြန်မာလိုပေါ်အောင် ဘယ်လိုရိုက်ကြမလဲ။

လွယ်ပါတယ်။ ဒီအတိုင်း စာရိုက်လို့ကတော့ ဒီအချိန်မှာ english လိုပဲ ပေါ်နေဦးမှာပါ။
Ctrl + Shift နှစ်ခုကို တွဲနှိပ်လိုက်ပါ။
စာရိုက်ကြည့်ပါဦး။
မြန်မာလိုပေါ်နေပြီ ဟုတ်
ဒါဆို မြန်မာလို ရိုက်နေတာကနေ အင်္ဂလိပ်လို ပြန်ရိုက်ချင်တယ်။
ဘယ်လိုလုပ်မလဲ။
ဒါလဲ လွယ်ပါတယ်။
ခုနက နှိပ်ခဲ့တဲ့ Ctrl + Shift ကို ပြန်နှိပ်လိုက်ပါ။
စာရိုက်ကြည့်ရင် အင်္ဂလိပ်လို ပေါ်နေပြီ ဟုတ်

အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။
အားလုံး အဆင်ပြေနိုင်ကြပါစေ ဗျာ.......



Technorati tags:
, , , , , ,

အာဇာနည်နေ့ (ဘယ်တော့မှ မေ့မရနိုင်သော မြန်မာနိုင်ငံ ကံဆိုးမိုးမှောင်ကျခဲ့ရသော နေ့တစ်နေ့)

ဒီနေ့ အာဇာနည်နေ့

ဖြစ်နိုင်ရင် ဒီနေ့ကို သမိုင်းမှာ ရှိမနေစေချင်ပါဘူး။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ပြီးရင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ကိုရောက်သွားစေချင်ပါတယ်။

ခုချိန်အထိ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာနေထိုင်နေကြသော လူမျိုးပေါင်းစုံအကြောင်း ဗိုလ်ချုပ်အောင်ဆန်းထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးစားဆောင်ရွက်ပေးခဲ့သူတင်မကပါဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်သော လူမျိုးပေါင်းစုံအကြောင်းကို အစကနေ အဆုံး၊ အူမချေးခါးမကျန် အားလုံးသိသူပါ။
မြန်မာနိုင်ငံကို ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လိုပြုပြင်ပြောင်းလဲရမယ် ဘယ်လိုစည်းရုံးသိမ်းသွင်းရမယ်ဆိုတာ အားလုံးသိနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

သူလိုလူမျိုး နောက် ဘယ်တော့မှ မပေါ်နိုင်ပါဘူး။

သြော်....... နှမြောလိုက်ပါဘိ အဖရယ်။
အဖသာ ဒီနေ့မှာ မကျဆုံးခဲ့ရရင်

ဒီနေ့သာ သမိုင်းမှာ မရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံကြီး ဒီအချိန်ဆို အင်း.......

ပြန်တွေးမိတိုင်း ပြန်တမ်းတမိတိုင်း စုတ်တသတ်သတ်နဲ့ လွမ်းနေရတုန်းပါ။

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်တဲ့အနေအထားကနေ အလေးပြုပါတယ် ဗိုလ်ချုပ်

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိလားပြီး ကောင်းရာမွန်ရာဘ၀ကို ရောက်နိုင်ကြပါစေ။













ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု


လွန်လေပြီးခဲ့သော ဒီနေ့လို ဇူလိုင် ၁၉ ရက်နေ့ - ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ဟာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျခဲ့ရသောနေ့တစ်နေ့ဖြစ်ပါတယ်
ဒီလို ဇူလိုင် ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပုဂ္ဂိုလ်ကြီးကိုးဦး ကျဆုံးခဲ့ရပါတယ်။
သူတို့ကတော့.......
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
သခင် မြ (၁၈၉၇ - ၁၉၄၇)
ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
တို့ပဲဖြစ်ကြပါတယ်။

၎င်း အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို ဒီနေရာကနေ ရင်ထဲ အသည်းထဲက ဆို့နင့်လှိုက်မော ယူကျုံးမရ ၀မ်းနည်းတသစွာဖြင့် ဦးညွှတ် အလေးပြုလိုက်ပါတယ် ခင်ဗျာ.......




ဒီသီချင်းက အန်တီ ဒေါ်မေလှမြိုင် သီဆိုထားတဲ့ အလေးပြုပါတယ် ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို အပိုင်လိုချင်ထားချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုဒ် ချလို့ရပါတယ် ခင်ဗျာ။

Technorati tags:
, , , , , , , , ,

Saturday, July 4, 2009

LINKIN PARK - NUMB

မနေ့ညက အပြင်မှာ သီချင်းတစ်ပုဒ် ကြားမိလိုက်တယ်ဗျ။ ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေ။ ဒါနဲ့ ပြန်ရောက်တော့ မသုံးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့် external hard disk ကိုထုတ်ပြီး ဇိမ်ပြေနားပြေ အဲဒီသီချင်းကို ပြန်နားထောင်မိတယ်။ အချိန်တွေကြာပေမယ့် ခုထိ ကြိုက်နေတုန်းပဲဗျာ။ ဒါနဲ့ ဟင်းကောင်းစားရင် သူငယ်ချင်းတွေသတိရပါ ဆိုလား ဘာဆိုလား စကားပုံအတိုင်း ဒီသီချင်းလေးကို ခင်ဗျားတို့အတွက် တင်ပေးလိုက်ပါတယ်။ နားထောင်ဖူးကြမှာပါ။ ဘာလို့ဆို ဒီသီချင်းက နာမည်ကြီးတာကိုး။

သီချင်း နာမည်က NUMB ပါ။ အဖွဲ့နာမည်က LINKIN PARK ပေါ့။

ကဲ ထုံးစံအတိုင်း နားထောင်ရအောင် သီချင်း၊ ကြည့်ရအောင် ဗွီဒီယို၊ အပိုင်ယူထားချင်သူတွေအတွက် Download Link၊ ဂစ်တာသမားတွေအတွက် Guitar Pro နုတ်တွေပါ တင်ပေးထားပါတယ်။ နားထောင် ခံစား ကြည့်ကြပေါ့ဗျာ။


ဒါက ဒီဗွီဒီယိုရဲ့ Youtube လင့်ခ် LINKIN PARK - NUMB


သီချင်းပဲ နားထောင်ချင်သူတွေအတွက်




"Numb"

I'm tired of being what you want me to be
Feeling so faithless lost under the surface
Don't know what you're expecting of me
Put under the pressure of walking in your shoes
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

Can't you see that you're smothering me
Holding too tightly afraid to lose control
Cause everything that you thought I would be
Has fallen apart right in front of you
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)
And every second I waste is more than I can take

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

And I know
I may end up failing too
But I know
You were just like me with someone disappointed in you

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

I've become so numb I can't feel you there
I'm tired of being what you want me to be
I've become so numb I can't feel you there
I'm tired of being what you want me to be


ဒါက သီချင်းရဲ့ DOWNLOAD LINK (LINKIN PARK - NUMB)

ဒါက ဂစ်တာသမားတွေအတွက် Guitar Pro Note (LINKIN PARK - NUMB)

Technorati tags:
, , , ,

Friday, June 26, 2009

ဒို့ဗမာ

ကျွန်တော် ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။
သေချာ နားထောင်ဖြစ်ခဲ့တာကတော့ နဲနဲ အသက်လေးရလာမှပေါ့လေ။
စာသားတွေကအစ သေချာ ခံစားနားထောင်မိလာတတ်တဲ့ အချိန်ရောက်တော့ အရမ်းခံစား၊ အရမ်းကြိုက်လာပါတယ်။

သီဆိုရေးစပ်သူက ၀ိုင်အမ်ဘီ သခင်တင် ဖြစ်ပါတယ်။ မူရင်း ပထမဆုံး သီဆိုသူကလည်း သူပဲလို့ သိရပါတယ်။
သီချင်းနာမည်က ဒို့ဗမာ ဖြစ်ပါတယ်။
ဆရာတင် ဒီသီချင်းကို ရေးသားစပ်ဆိုနေချိန်မှာ သခင်ဘသောင်းနဲ့ သခင်ခေါင်းဆောင်တစ်ချို့က သီချင်းစာသားနဲ့ အချက်အလက်များ ဖြည့်စွက် အကြံပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
၁၉၃၆ ခုနှစ်၌ ပြုလုပ်ကျင်းပသော တို့ဗမာအစည်းအရုံး ဒုတိယအကြိမ်ညီလာခံ၌ ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ကို အမျိုးသားသီချင်းအဖြစ် ၀ိုင်းဝန်း သတ်မှတ်ခဲ့ကြသည်။

ယခု ကျွန်တော်တို့ သီဆို နေကြသော နိုင်ငံတော်သီချင်းမှာလည်း ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ပဲ ဖြစ်ပါတယ်။

သမိုင်းစဉ်ဆက် သီဆိုခဲ့ကြရသော ယခုလက်ရှိနိုင်ငံတော်သီချင်းဧ။် မူရင်းဖြစ်သော ၀ိုင်အမ်ဘီသခင်တင် ရေးသားထားခဲ့သော ဒို့ဗမာ သီချင်းကို အောက်မှာ ရေးသားဖေါ်ပြ ထည့်သွင်းပေးထားပါတယ်။

မြန်မာမှန်ရင် အနည်းဆုံးတော့ နားထောင်ဖူးရပါမယ်။




ဒါ ဒို့ဗမာ သီချင်း ပါ။



သီချင်းလိုချင်လို့ ဒေါင်းလုဒ် လုပ်မယ်ဆို ဒီကို နှိပ်ပါ

သီချင်းစာသားကတော့ အောက်မှာရေးသားပေးထားပါတယ်။

တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ
များစွာပ တိုင်းခြားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ ဒို့ဗမာ
စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတလှည့်ကြုံရ
ထုံးနှင့်မသွေ လောကဓမ္မတာပေ ငါတို့ကံခေ ဖြစ်ရပြန်သလေ
သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့မြေ

နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ
ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလား ဒို့ဗမာ ဒို့ဗမာ
မဟုတ်လေသလား ဒို့ဗမာ ငါတို့ဗမာ ဒို့ဗမာ ငါတို့ဗမာ
ဒါငါတို့ဗမာ ဒါငါတို့ဗမာ
အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ

နောင်လာနောင်သား ကောင်းစားဖို့ရာ
ဒို့ကိုယ်ကျိုးလုံးလုံးမပါ ရဲရဲဗမာပီပီ
ဗမာပြည် ဒို့ဗမာကိုပါ

သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ ဒို့ဗမာ
မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး ဒို့ဗမာ


ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်

သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ
သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ

အရှေ့က နေ၀န်း ထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရပေမှာ မလွဲပါ
တို့ဗမာ ဟေ့ တို့ဗမာ
ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ

ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်







Technorati tags:
, , , , , ,

Saturday, June 20, 2009

Jerry C 's Canon Rock

ဒီသီချင်းရဲ့နာမည်က Canon Rock ပါ။
မူရင်းက Johann Pachelbel ရဲ့ Canon in D major ဖြစ်ပါတယ်။
ဒီသီချင်းကိုပဲ Taiwan လူမျိုး musician နဲ့ composer တစ်ယောက်ဖြစ်တဲ့ Jerry Chang က neo-classical metal ပုံစံပြောင်းတီးထားတာပါ။
မူရင်း Johann Pachelbel ရဲ့ Canon in D major ဟာ သူ့ခေတ်သူ့အခါကရော ခုအချိန် classical guitar တီးခတ်နေသူတွေရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာပါ နာမည်ကြီးနေဆဲပါ။
Jerry C လို့ လူသိများတဲ့ Jerry Chang က ဒီသီချင်းကို Internet ပေါ်မှာ တင်လိုက်တော့ သူ တော်တော်နာမည်ကြီးသွားပါတယ်။
January 2007 Guitar World magazine မှာ Jerry C ရဲ့အကြောင်းနဲ့ သူ့ master-piece လိုဖြစ်နေတဲ့ ဒီ Canon Rock သီချင်းကိုလဲ tab အနေနဲ့ ဖေါ်ပြခဲ့ပါသေးတယ်။
ပြီးတော့ ultimate-guitar.com ရဲ့ top 10 downloaded ထဲမှာလဲ ဒီ Jerry C ရဲ့ Canon Rock ပါဝင်နေပါတယ်။

နားဆင် ခံစား ကြည့်ကြပါဗျာ။
ကျွန်တော်တော့ ကြိုက်တယ်.......



ဒါက ဗွီဒီယိုပါ။




ဒါက သီချင်းပါ။ ဒီနေရာမှာ ယူနိုင်ပါတယ်။






ဒါကတော့ ဂစ်တာသမားတွေအတွက်ပါ။
Jerry C ရဲ့ Cannon Rock Guitar pro notes ဖြစ်ပါတယ်။


မူရင်းဖြစ်တဲ့ Johann Pachelbel ရဲ့ Canon in D major ကိုလိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းပါ။

******* ******* *******

ကျွန်တော် ဒီသီချင်းကို သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ နားထောင်ဖြစ်ခဲ့တာပါ။
ပထမဆုံးစနားထောင်ဖြစ်တော့ သီချင်းအစလေးမှာတင်ကို ကြိုက်တယ်ဗျ။
ဒီပုံစံမျိုး ကြားဖူးတယ်လို့လဲ စိတ်ထဲမှာထင်နေတယ်။
အဲ band လိုက် စုဝင်တဲ့ main riff နေရာလဲရောက်ရော တော်တော်မိုက်တယ် ငါ တီးကြည့်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။
ဟား ဟား solo နေရာလဲရောက်ရော ဒါ ဘာသီချင်းမှန်းလဲ သိသွားပြီ၊ သေချာပေါက်လဲ တီးချင်နေပြီ။
Solo က တော်တော် မိုက်တယ်ဗျ နော.........
ဒီသီချင်းမှာ ကျွန်တော်အကြိုက်ဆုံးက riff နေရာနဲ့ solo နေရာပါ။
Jerry C arrangement လုပ်ထားတာကလဲ တကယ်ချီးကျူးစရာပါ။
ကျွန်တော့်အတွက် ချွေးပြန်စေတဲ့နေရာကတော့ ထုံးစံအတိုင်း sweep picking နေရာပေါ့ဗျာ။
ကျွန်တော်က sweep picking တီးတဲ့နေရာမှာ သောက်ရမ်း ညံ့တယ်ဗျ
ဘာပဲဖြစ်ဖြစ် ဒီသီချင်းတော့ မရ ရအောင် တီးထားပါတယ်။
အမြဲတမ်းနားထောင်ဖြစ်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းပါပါတယ်။
ကဲ.......
ခင်ဗျားရော ဒီသီချင်းကို ဘယ်လိုသဘောရလဲ.......


Technorati tags:
, , , , , , , ,

Tuesday, June 16, 2009

ဓီရာမိုရ် - ငါတို့အိမ်

ဒီသီချင်းလေး နားထောင်ကြည့်ကြပါလားဗျာ။ ကျွန်တော်တော့ ကြိုက်တယ်။ သံစဉ် စာသား music accompaniment အားလုံး ကြိုက်တယ်ဗျ။ နားထောင်ကြည့်လို့ ကြိုက်တယ်ဆို download လဲ လုပ်လို့ရပါတယ်။




ဓီရာမိုရ် - ငါတို့အိမ်
ငါတို့အိမ်
တေးရေး - အရိုး
တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက် တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

ဓီရာမိုရ် - ငါတို့အိမ်



Technorati tags:
, , , , , , , , , ,