Showing posts with label TALKING. Show all posts
Showing posts with label TALKING. Show all posts

Saturday, February 13, 2010

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

မင်္ဂလာရှိသော ၉၅ နှစ်မြောက်မွေးနေ့ဖြစ်ပါစေ ဗိုလ်ချုပ်
နှစ်တွေ လတွေ ရက်တွေ ဘယ်လိုပဲပြောင်းသွားသွား
ကျွန်တော်တို့ ရင်ထဲမှာတော့ ဗိုလ်ချုပ်ဟာ အသက်ဆက်ရှင်သန်နေဆဲပါ





HAPPY BIRTHDAY
TO
GENERAL AUNG SAN


ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား

၁၉၄၇
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား



ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်မြောက်မွေးနေ့အတွက် သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။
အန်တီခင်ညွန့်ရီ သီဆိုထားတဲ့ ဗိုလ်အောင်ဆန်း ဆိုတဲ့သီချင်းလေးပါ။
အားလုံး နားထောင်ကြည့်ကြပါဦးဗျာ...




မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့  ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်


ငါတို့ မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်
ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်

သြော်........ ဘုရင့်နောင်နဲ့  ရာဇာဓိရာဇ်တို့လို ...

မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် ...

မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ ...

မကြောက်တမ်း မရွံ့တမ်း ...

မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်


ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်

တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်


မြန်မာနိုင်ငံ .... ထူထောင်ရန်နဲ့

မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်

နေမျိုးသာကီ ဗမာပြည်လက်ရုံး ... ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်

စိတ်အားသန်သန် မာန်ကိုမလျှော့တဲ့ ...

ငါတို့ လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်

တကယ်ပင် ... သတိုးမဟာဗန္ဓုလနှယ် ...

စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်

သားကောင်းများလို့  ခေါ်ရလောက်ပေတယ် ...

ဥဒါန်းတွင်စေဖွယ် ...
မြန်မာသူရဲကောင်း အပေါင်းတွေရယ်

ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်

မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဒီသီချင်းလေးကို အပိုင်လိုချင်ရင်တော့ ဒီနေရာကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်ဗျာ...





Technorati tags:
, , , , , , , , , , , ,

ဒို့အားလုံးရဲ့ ဖခင်

ငါတို့ နိုင်ငံလွတ်လပ်ရေးရအောင်
ဟိုးငယ်ငယ် တက္ကသိုလ်ကျောင်းသားဘ၀ကစလို့
သူ့ဘ၀ နောက်ဆုံးအချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသွားတဲ့
ဦးအောင်ဆန်း ဒီနေ့ဆိုရင် အသက် ၉၅ နှစ်ပြည့်ပါပြီ

အရိုင်းအစိုင်းတွေလို့ နာမည်ဆိုးနဲ့ ကြော်ကြားခဲ့တဲ့
ဂျပန်စစ်ဗိုလ်ချုပ်တွေက လေးစား ခဲ့ကြရတဲ့...
နေမ၀င်အင်ပါယာထူထောင်မယ့် စိတ်ကူးတွေအပြည့်နဲ့
အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေက ချီးကျူးယူရတဲ့...
ငါတို့အဖေရဲ့အကြောင်း
ငါတို့မမှီလိုက်ပေမယ့်
သမိုင်းမှာတော့ ကျန်ရစ်
ရာဇ၀င်မှာတော့ တွင်ရစ်နေခဲ့ပါတယ်
ရာဇ၀င်သမိုင်းမှာ ကျန်ရစ် တွင်ရစ်နေဆဲပါပဲ...

အထူးသဖြင့် မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသူအပေါင်းရဲ့
ရင်ထဲ အသည်းထဲမှာ အောင်ဆန်းဆိုတဲ့နာမည်ဟာ
နှလုံးသွေးမရပ်မချင်း လည်ပတ်စီးဆင်းနေဆဲပါ...

ငါတို့နိုင်ငံရဲ့ အတုမရှိ သူရဲကောင်း
ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ
ငါတို့နိုင်ငံရဲ့ အဓိပတိ
ငါတို့နိုင်ငံရဲ့ အသက်သခင်
ငါတို့နိုင်ငံရဲ့ ကျေးဇူးရှင်
မြန်မာနိုင်ငံဆိုတာ ဦးအောင်ဆန်း
ဦးအောင်ဆန်းဆိုတာ မြန်မာနိုင်ငံပါပဲလေ...



Technorati tags:
, , , , , , , , , , , ,

Saturday, July 18, 2009

အာဇာနည်နေ့ (ဘယ်တော့မှ မေ့မရနိုင်သော မြန်မာနိုင်ငံ ကံဆိုးမိုးမှောင်ကျခဲ့ရသော နေ့တစ်နေ့)

ဒီနေ့ အာဇာနည်နေ့

ဖြစ်နိုင်ရင် ဒီနေ့ကို သမိုင်းမှာ ရှိမနေစေချင်ပါဘူး။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ပြီးရင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ကိုရောက်သွားစေချင်ပါတယ်။

ခုချိန်အထိ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာနေထိုင်နေကြသော လူမျိုးပေါင်းစုံအကြောင်း ဗိုလ်ချုပ်အောင်ဆန်းထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးစားဆောင်ရွက်ပေးခဲ့သူတင်မကပါဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်သော လူမျိုးပေါင်းစုံအကြောင်းကို အစကနေ အဆုံး၊ အူမချေးခါးမကျန် အားလုံးသိသူပါ။
မြန်မာနိုင်ငံကို ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လိုပြုပြင်ပြောင်းလဲရမယ် ဘယ်လိုစည်းရုံးသိမ်းသွင်းရမယ်ဆိုတာ အားလုံးသိနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

သူလိုလူမျိုး နောက် ဘယ်တော့မှ မပေါ်နိုင်ပါဘူး။

သြော်....... နှမြောလိုက်ပါဘိ အဖရယ်။
အဖသာ ဒီနေ့မှာ မကျဆုံးခဲ့ရရင်

ဒီနေ့သာ သမိုင်းမှာ မရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံကြီး ဒီအချိန်ဆို အင်း.......

ပြန်တွေးမိတိုင်း ပြန်တမ်းတမိတိုင်း စုတ်တသတ်သတ်နဲ့ လွမ်းနေရတုန်းပါ။

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်တဲ့အနေအထားကနေ အလေးပြုပါတယ် ဗိုလ်ချုပ်

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိလားပြီး ကောင်းရာမွန်ရာဘ၀ကို ရောက်နိုင်ကြပါစေ။













ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု


လွန်လေပြီးခဲ့သော ဒီနေ့လို ဇူလိုင် ၁၉ ရက်နေ့ - ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ဟာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျခဲ့ရသောနေ့တစ်နေ့ဖြစ်ပါတယ်
ဒီလို ဇူလိုင် ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပုဂ္ဂိုလ်ကြီးကိုးဦး ကျဆုံးခဲ့ရပါတယ်။
သူတို့ကတော့.......
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
သခင် မြ (၁၈၉၇ - ၁၉၄၇)
ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
တို့ပဲဖြစ်ကြပါတယ်။

၎င်း အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို ဒီနေရာကနေ ရင်ထဲ အသည်းထဲက ဆို့နင့်လှိုက်မော ယူကျုံးမရ ၀မ်းနည်းတသစွာဖြင့် ဦးညွှတ် အလေးပြုလိုက်ပါတယ် ခင်ဗျာ.......




ဒီသီချင်းက အန်တီ ဒေါ်မေလှမြိုင် သီဆိုထားတဲ့ အလေးပြုပါတယ် ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို အပိုင်လိုချင်ထားချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုဒ် ချလို့ရပါတယ် ခင်ဗျာ။

Technorati tags:
, , , , , , , , ,