Tuesday, May 26, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၆ (အိန္ဒိယ ဟာသများ)


မင်းတို့ပဲ စွမ်းသလား


နိုင်ငံရပ်ခြားက တိုးရစ်စ် တစ်ယောက်ဟာ ဒေလီ နဲ့ အက်ဂရာမှာ သူ့ကို လိုက်ပို့ဖို့ အိန္ဒိယ ဧည့်လမ်းညွှန် တစ်ယောက်ကို ငှားပါတယ်။
ဒေလီက ခံတပ်နီကြီးကို ရောက်တဲ့အခါမှာတော့ ဗိသုကာလက်ရာတွေကို သဘောကျလို ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲ လို့ မေးပါတယ်။

ဧည့်လမ်းညွှန်က “နှစ် ၂၀ ကြာပါတယ်။” လို့ ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယက ကောင်တွေ ငပျင်းတွေပဲ။
ငါတို့ တိုင်းပြည်မှာ ဒါမျိုးဆောက်ရင် ၅ နှစ်နဲ့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြန်ပြောပါတယ်။

အက်ဂရာကို ရောက်တဲ့ အခါမှာတော့ တာ့ဂ်ျမဟာရ်ဂူသင်္ချိုင်းကြီးရဲ့ အလှအပတွေကို သဘောကျလို့ ဘယ်နှစ်နှစ်ကြာအောင် ဆောက်ရသလဲလို့ မေးပြန်ပါတယ်။

ဒီတစ်ခါတော့ “ဆယ်နှစ်ပဲ ကြာပါတယ်။” လို့ ဧည့်လမ်းညွှန်က ပြန်ဖြေပါတယ်။

“မင်းတို့ အိန္ဒိယကကောင်တွေ အလုပ်လုပ်တာ အတော်နှေးတာပဲ။
ငါတို့ဆီမှာဆိုရင် ဒီလို အဆောက်အဦးမျိုးကို ၂ နှစ်ခွဲနဲ့ ဆောက်လို့ ပြီးတယ်။” လို့ တိုးရစ်စ်က ပြောပြန်ပါတယ်။

အဲဒီလိုနဲ့ တိုးရစ်စ်ဟာ သူသဘောကျသမျှ အဆောက်အဦးတိုင်းကို သူတို့ တိုင်းပြည်မှာဆိုရင် အချိန် ၄ ပုံ ၁ပုံလောက် သုံးရင် ပြီးတယ် ဆိုပြီးတော့ ပြောပါတယ်။
နောက်ဆုံးမှာတော့ သူတိုဟာ ဒေလီက ကူတပ်မိုင်နာတာဝါကြီးကို ရောက်လာပါတယ်။

တိုးရစ်က “ဒါဘာကြီးလဲ” လို့ မေးတော့

ဧည့်လမ်းညွှန်က “မသိဘူး။ မနေ့က ညနေကအထိတော့ ဒါကြီး မရှိသေးဘူး။” လို့ ပြန်ဖြေလိုက်ပါတယ်။



မှားတဲ့လိပ်စာ

ဆင်းရဲသားတစ်ယောက်ဟာ ဘုရားကျောင်း အပြင်ဘက်မှာ ထိုင်ပြီး ပိုက်ဆံတောင်း နေပါတယ်။

“ဘဂဝမ်ရဲ့ မေတ္တာနဲ့ ဒီလူဆင်းရဲ ဗိုက်ပြည့်အောင် ပိုက်ဆံလေး နည်းနည်းလောက် မစကြပါ။
ဘဂဝမ်က ခင်ဗျားတို့ကို စောင့်ရှောက်ပါ လိမ့်မယ်။” လို့ သူက အော်ဟစ်နေပါတယ်။

ဒါပေမယ့်လည်း ဘုရား လာရှိခိုးတဲ့သူတွေက သူကို ပိုက်ဆံနည်းနည်းလေးပဲ ပေးကြပါတယ်။

စိတ်ပျက်လာတာနဲ့ သူတောင်းစားဟာ ဘုရားကျောင်းက ထွက်လာပြီး အရက်ဆိုင်တစ်ဆိုင်ရဲ့ အပြင်ဘက်မှာ ထိုင်နေပါတယ်။

“ဘဂဝမ်ရဲ့ မေတ္တာနဲ့ တစ်ပြား၊ နှစ်ပြားလောက် စွန့်ကြဲကြပါ။” လို့ သူက အော်ပါတယ်။

ဆိုင်ထဲကနေ မူးပြီးထွက်လာတဲ့သူတွေက ရူပီးငွေငွေတွေကို သူ့ခွက်ထဲကို ထည့်သွားကြပါတယ်။

ဘုရားကို ကျေးဇူးတင်လို့ သူတောင်းစားက ဒီလိုပြောပါတယ်။

“ဟေး ဘဂဝမ်။ ကျွန်ုပ်တော့ နားမလည်နိုင်တော့ဘူး။
အသင် ကျွန်ုပ်ကိုပေးတာ လိပ်စာကတစ်မျိုး။
နေတော့ အခြားတစ်နေရာ။ဘယ်လို ဖြစ်တာလဲ။” တဲ့



မြို့တော်ဖြစ်အောင်

ဆိုနုက မအိပ်ခင် ဆုတောင်းနေပါတယ်။
“ ဘုရားသခင်။ ကျေးဇူးပြုပြီး နေပယ်လ်ကို အီတလီရဲ့ မြို့တော်ဖြစ်အောင် စောင်မတော်မူပါ။
ကျေးဇူးပြုပြီး စောင်မတော် မူပါ။”

“နေပါဦး။ မင်းက ဘာကိစ္စ နေပယ်လ်ကို အီတလီရဲ့ မြို့တော် ဖြစ်စေချင်ရတာလဲ။” လို့ ဆိုနု ရဲ့ အမေက မေးပါတယ်။

“ဘာလို့လဲ ဆိုတော့ ဒီတစ်ခါ ပထဝီ စာမေးပွဲမှာ အဲဒီလို ဖြေလိုက်လို့ပေါ့။” လို့ ဆိုနုက ပြန်ဖြေလိုက်ပါတယ်။



မာလိုးနိမ်း

တစ်ခါက နိုင်ငံခြားသား တစ်ယောက်ဟာ အိန္ဒိယကို ရောက်တော့ တက္ကစီ ငှားစီးပါတယ်။
တက္ကစီနဲ့ လျှောက်သွားရင်း တစ်နေရာရောက်တော့ အလွန်ခမ်းနားတဲ့ အိမ်ကြီးတစ်အိမ်ကို တွေ့ပါတယ်။
အဲဒါနဲ သူက တက္ကစီဒရိုင်ဘာကို “ဒါဘယ်သူ့ အိမ်ကြီးလဲ။” လို့ မေးတော့
တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း တနေရာအရောက်မှာ အပျံစား ကားကြီးတစ်စီးကို တွေ့ပြန်ပါတယ်။
အဲဒီ အခါမှာလည်း သူက “ဒါဘယ်သူ့ ကားကြီးလဲ။” လို့ မေးကြည့်ပါတယ်။
တက္ကစီဒရိုင်ဘာက “ မာလိုးနိမ်း။” လို့ ပြန်ဖြေပြန်ပါတယ်။
နိုင်ငံခြားသားကတော့ မာလိုးနိမ်းဆိုတဲ့သူ အတော် ချမ်းသာတာပဲ လို့ တွေးပါတယ်။

အဲဒီလိုနဲ့ ဆက်သွားရင်း လမ်းမှာ အသုဘ တစ်ခုကို တွေ့ပြန်ပါတယ်။
အဲဒီအခါမှာ နိုင်ငံခြားသားက ဒါဘယ်သူ့ အသုဘလည်း မေးတော့
တက္ကစီသမားက “မာလိုးနိမ်း” လို့ ပြန်ဖြေပါတယ်။
နိုင်ငံခြားသားကတော့ “အော်။ မာလိုးနိမ်းကြီး သေရှာပြီကိုး။” လို့ သနားတဲ့ အသံနဲ့ ရေရွတ် လိုက်ပါတယ်။

(မာလိုးနိမ်း= မသိဘူး။)



သင့်တော်တဲ့ အလုပ်

အရောင်းသမားတစ်ယောက်ဟာ ကပ်စတန်မာကို ရိုင်းရိုင်းပျပျ ဆက်ဆံတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။ တစ်လလောက်ကြာတော့ အရောင်းမန်နေဂျာက သူ့ကို ရဲအဝတ်အစားနဲ့ လမ်းလျှောက်လာတာကို တွေ့ရပါတယ်။

“အော် ဘာနဂါ။ လက်စသပ်တော့ မင်းက ရဲအဖွဲ့ထဲ ဝင်လိုက်တာကိုး။” လို့ အရောင်းမန်နေဂျာက ပြောပါတယ်။

“ဟုတ်တယ် ဆရာ။ ဒါ ကျွန်တော် တစ်ဘဝလုံး ရှာနေတဲ့ အလုပ်ပဲ။ ဒီအလုပ်မှာ ကပ်စတန်မာက အမြဲမှားတယ်။ (Customer is always wrong.)



ဆက်သွယ်ရေး

ဆက်သွယ်ရေး လက်ချာတစ်ခုမှာ ဆရာက မေးပါတယ်။

“အနီအောက် ရောင်ခြည် ဆက်သွယ်ရေး (Infrared Communication) က မကောင်းဘူးဆိုတာ ဘယ်လို ဥပမာပြမလဲ။”

ရွှတ်နောက်နောက် ကျောင်းသားတစ်ယောက်က
“အိန္ဒိယလူမျိုးတွေကို ကြည့်ပါ ဆရာ။
သူတို့ နဖူးမှာ အနီစက်ကလေးတွေ ရှိတယ်။
အဲဒါ သူတို့ အချင်းချင်း Infrared နဲ့ ဆက်သွယ်နေကြတာပါ။
ဒါပေမယ့် ဖမ်းလို့ရတဲ့လှိုင်း (reception) က မကောင်းတော့ သူတို့ ခေါင်းတွေကို ခါနေရတယ်လေ။
အဲဒါမှ လှိုင်းမိမှာကိုး။” လို့ ပြန်ဖြေပါတယ်။

အဲဒီမှာ ဆရာက စိတ်ပေါက်ပေါက်နဲ့
“သူတို့တွေ ငယ်ငယ်ကတည်းက အနီစက်က ရှိလာတာပဲ။
မင်းပြောသလိုဆို တသက်လုံး ဆက်သွယ်လို့ အဆင်မပြေဘူး ဖြစ်နေမှာပေါ့။” လို့ ပြန်တွယ်ပါတယ်။

ကျောင်းသားက
“သူတို့ကို အပြာရောင်အစက် ပြောင်းတပ်ခိုင်းလိုက်ပါ ဆရာ။
အဆင်ပြေ သွားပါလိမ့်မယ်။
Bluetooth က Infrared ထက် သာပါတယ်။” လို့ ပြန်ပြောလိုက်ပါတယ်။

Technorati tags:
, , , , , , , ,

Monday, May 25, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၅


မလွဲသောအမှား


အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ ရောက်လာ၏။

ရွေးချယ်သူ ။ မင်းနာမည်

လူငယ် ။ မောင်လှ ပါခင်ဗျာ

ရွေးချယ်သူ ။ အထက်လူကြီးက မေးရင် "ဆရာ" ထည့်ဖြေရတယ်ကွ၊ ပြန်ပြော

လူငယ် ။ ဟုတ်ကဲ့ "ဆရာမောင်လှ" ပါခင်ဗျာ



ဖြစ်ရမယ်

မျက်နှာမသာမယာဖြင့် ကိုချူချာ အိမ်ပြန်ရောက်လာသည်။

ဦးလေးဖြစ်သူက ။ ဘာဖြစ်လာတာလဲ ချူချာ

ချူချာ ။ ရေးကူးသင်တန်းက ထုတ်ခံရလို့ဗျ

ဦးလေး ။ ဘာဖြစ်လို့လဲကွ

ချူချာ ။ ရေကန်ထဲ ရှုးပေါက်မိလို့ဗျ

ဦးလေး ။ ဟေ...သူများတွေလည်း ဒီလိုပဲ မသိမသာလေး ပေါက်နေကြတာလေ

ချူချာ ။ အဟီး......ကျွန်တော်က ဒိုင်ဗင်စင်ပေါ်ကနေ တက်ပေါက်မိလို့ပါ



ပါတော့ ပါသွားတယ်

ကျောင်းတက်ချိန် နောက်ကျမှ ကျောင်းသို့ ကျောင်းသားတစ်ယောက် ရောက်လာ၏။
ထိုအခါ အလွန်စိုးရိမ်တတ်သော ဆရာက

ဆရာ ။ ဘာဖြစ်လို့ ကျောင်းနောက်ကျတာလဲ

ကျောင်းသား ။ လမ်းမှာ ရိုက်လုတာ ခံရလို့ပါ ဆရာ

ဆရာ ။ ဖြစ်မှ ဖြစ်ရလေကွာ.....ဒါနဲ့ ဘာတွေများ ပါသွားသေးလဲ

ကျောင်းသား ။ ကျွန်တော့် အိမ်စာတွေတော့ ပါသွားတယ် ဆရာ



မဖြစ်နိင်ဘူး

စာအုပ်ဆိုင် အတွင်းသို့ လူငယ်တစ်ယောက် ၀င်လာပြီး အရောင်းဝန်ထမ်းအား မေးသည်။

လူငယ် ။ စာအုပ်လိုချင်လို့ပါဗျာ

ဝန်ထမ်း ။ ဟုတ်ကဲ့....ဘာစာအုပ်များလဲ ရှင်

လူငယ် ။ နာမည်တော့ မမှတ်မိတော့ဘူး။ စာအုပ်ရေးတဲ့ အကြောင်းအရာက
"ယောင်္ကျားတွေဟာ မိန်းမတွေအပေါ် ဘယ်လို လွှမ်းမိုးချုပ်ကိုင်ထားသလဲ" ဆိုတဲ့အကြောင်းပါ

ဝန်ထမ်း ။ ဒါဆို ညာဘက်တန်းက "စိတ်ကူးယဉ် စာပေများ" ဆိုတဲ့စင်မှာ ရှာကြည့်ပါရှင်



မှတ်ပြီလား

တစ်နေ့ လူတစ်ယောက်နေမကောင်းဖြစ်သဖြင့် ဆရာဝန်ထံသွားပြရာ......

ဆရာဝန်- ခင်ဗျားကဘာဖြစ်တာလဲ

လူနာ - ကျနော် ကိုယ်လက်မအီမသာနဲ့ အားပြတ်နေသလိုပဲဗျာ။

ဆရာဝန်- အင်း..ခင်ဗျားအစားကိုမှန်မှန်စားဗျာ
အဆီအဆိမ့်ကိုလျှော့စား
အသီးအနှံတွေ များများစားပေးဗျ
အသီးအနှံစားရင်လဲ အခွံတွေကိုချန်မထားနဲ့ဗျ
အခွံတွေကလဲအားရှိတယ်
ဒါနဲ့ ခင်ဗျားဘာသီးအကြိုက်ဆုံးလဲဗျ

ထိုအခါ လူနာဖြေလိုက်သောအဖြေကြောင့် ဆရာဝန်ဘာပြန်ပြောရမှန်းမသိ ဖြစ်သွားလေသည်။
လူနာပြောလိုက်သည်မှာကား....

လူနာ - အုန်းသီး



သူဘယ်မှာလဲ.......

ကိုလှ - ဟေး ကိုမြ
ခင်ဗျားမျက်နှာကလဲဗျာ
ရှုံ့မဲ့နေတာပဲ
ဘာဖြစ်နေတာလဲဗျ။

ကိုမြ - သွားကိုက်လို့ပါဗျာ
သွားဆရာဝန် ကောင်းကောင်းတစ်ယောက်လောက် ခင်ဗျားသိလား
နှုတ်ပစ်မလို့ အဲဒီသွားကို။

ကိုလှ - ဟာ နှုတ်ပစ်စရာမလိုပါဘူးဗျာ
ကျနော့လို လုပ်ပါလား
ဟိုနေ့က ကျနော်လဲ သွားကိုက်တာ
အဲဒါကျနော့ မိန်းမကိုခေါ်ပြီး နှုတ်ခမ်းချင်းစုပ်ပြီး နမ်းလိုက်တာ ကောင်းသွားရောဗျ
ခင်ဗျားလည်းစမ်းကြည့်ပါလား။

ကိုမြ - ဟာ...အဲဒါဆို မဆိုးဘူးဗျ
ကျနော်စမ်းကြည့်မယ်ဗျာ
ဘယ်မှာလဲ ခင်ဗျားမိန်းမ



သိနားလည်မှု

"မင်းတို့အထဲမှာ စန္ဒရားအကြောင်း ကောင်းကောင်း သိတဲ့သူ ပါသလားကွ"

"ပါပါတယ် ဆရာ
ကျွန်တော် စန္ဒရား တီးတတ်ပါတယ်
စန္ဒရားအကြောင်းကိုလည်း ကောင်းကောင်းသိပါတယ်ခင်ဗျာ"

"ဒါဆို ဒီစန္ဒရားကို ကားပေါ်တင်တဲ့အခါ မင်းက ဦးဆောင်ပြီး ဂရုစိုက် တင်ပေးစမ်းပါကွာ"



ဆိုမှဆိုတက်ပဲဟာ

"ရုပ်ရှင်ညပွဲပြီးလို့ သမီး အိမ်ပြန်လာတော့ လမ်းထိပ်မှာ အရက်မူးသမားအုပ်စုနဲ့ တွေ့တယ် မေမေ။
သူတို့က သမီးကို သီချင်းဆိုခိုင်းတယ်။
မဆိုပြရင် ဖက်နမ်းရလိမ့်မယ်လို့ ခြိမ်းခြောက်ကြတယ် မေမေ"

"အဲဒီတော့ သမီးက ဆိုပြလိုက်တယ်ပေါ့"

"ဟွန့် မေမေ သိသားနဲ့ သမီးမှ မဆိုတတ်တဲ့ဟာ"



အမွေဆက်ခံမိလို့

"ခင်ဗျား မသေသင့်ဘူးဗျ။ ဟုတ်တယ်။ တကယ်ဆို ခင်ဗျား မသေသင့်သေးဘူး"

"ဟေ့လူ မူးမူးနဲ့ အုတ်ဂူရှေ့မှာ ငိုပြီး ခင်ဗျားရဲ့ အခင်ဆုံး မိတ်ဆွေမို့လို့လား"

"ဟင့်အင်း..ကျွန်တော့်မိန်းမရဲ့ ပထမ ယောင်္ကျားပါ "

Technorati tags:
, , , , , , , ,

ဖတ်ဖူးခဲ့သော ဟာသများ - ၎

ရန်ကုန်မှာအလုပ်လုပ်နေတဲ့ ကိုလုံး တစ်ယောက်....... သူ့ချစ်သူ တောင်ပေါ်သူ ချင်းမလေးဆီက စာကိုရတော့
ဝမ်းသာအားရ ဖြစ်ပြီး စာဖောက်ဖတ်တာပေါ့။
စာထဲမှာပါတဲ့ စာလုံးပေါင်းသတ်ပုံအမှားတွေ၊ စကားဝဲတဲ့ လေသံအတိုင်းရေးထားတဲ့ စာကိုဖတ်မိပြီး စိတ်ညစ်ညစ်နဲ့ ရယ်ရမလို၊ ငိုရမလိုဖြစ်သွားလေရဲ့။
နောက်ဆုံး ကိုလုံးလည်း အမြင်ကတ်ကတ်နဲ့ သူ့ရည်းစားရဲ့စာကိုပဲ ပြင်သင့်တာပြင်ပြီး ပြန်စာအဖြစ်အောက်ကအတိုင်း ပြန်ထည့်ပေးလိုက်တော့တယ်။

ကိုယ်လုံး ... (စတာနဲ့ မှားပြီ.. ယပက်လက်သတ်က မလိုဘဲလျှာရှည်ပြီးထည့်တယ်)

ကိုယ်လုံးမရှိထဲက မီး အလွမ်းဂျီး လွမ်းခဲ့ရပါတယ် (နင်က ခေါင်းပြတ်နေလို့လား)။
ကိုယ်လုံး ဖာခေါင်းကို ဂျားညှပ်ပြီး (ဖာကို ခေါင်းကြားညှပ်တာ..)
မျိုသွားပြီ ဆိုတာ သိတော့ (မြို့သွားတာပါဟာ..ငါလဲ ဘာအကောင်ကြီး ဖြစ်မှန်းမသိ)
မီးလေ ဆိတ်ဆင်းရဲပြီး ဆားမရ အိမ်မရ ဖြစ်နေတာ (ဆိတ်တွေရော၊ ဆားတွေရော၊ အိမ်တွေရော.. ရှုပ်နေတာပဲ)။
မီးအရင်လို ခြစ်နေတုန်းပါပဲ (ဂတ်စ်လည်း အတော်ကုန်လောက်ပြီ)။
ကိုယ်လုံးလဲ မီးမရှိရင် မနေတတ်တာ သိတယ် (အဲဒါကြောင့်မီးမပြတ်တဲ့ နိုင်ငံခြားတောင်သွားမလားလို့) ။
မီးကို အရင်လိုပဲ ဆွဲလန်နေတုန်းပဲလားဟင် (အမ်!)။
မီးလည်း တနေ့နဲ့တနေ့ မြက်ရေနဲ့မြက်ခွက်ပါပဲ။

ဒါနဲ့ စဂါးမစပ် ပြီးခဲ့တဲ့လက ဘုရားပွဲလုပ်တယ်လေ။
အားပါး..အရမ်း ဆီကားပဲ (ဆီတွေဒီမှာဈေးတက်နေလို့ ပို့လိုက်စမ်းပါ)။
ကိုယ်လုံးမပါဘဲ မီးသွားကြည့်တာ မပျော်ဘူး ဒကယ်.. (နင်က ခေါင်း ချည်းပဲ သွားကြည့်တာကိုး)။
မီးမကြည့်ဘူးဒဲ့ စတိတ်ရှိုးဆိုလား ဘာဆိုလား လာပြတယ်ကော..။
မီးက ရှိုးဆို ဖဲရိုက်တာပဲ သိတာကိုး.. (ဒါတော့သိတယ်..ဟွန်း)။
ကျားပေါက်တွေ ဆင်ပေါက်တွေ ဆိုတော့ မီးက တလိပ်ဆန်တွေ မြက်လှည့်ပြတာ ထင်တာပေါ့လေ့.. (မြက်လှည့်ပြတာတော့ ငါတောင်တတ်တယ်)။
ဟိုရောက်တော် ကျားပေါက်ဆိုတာ.. လား လား လူကောင်ကြီး ဖြစ်နေတာပေါဝေ့..
အဲဒီအကောင်ဟာလဲ အော်လိုက်ဒါ အတံက ပြဲသကိုး တော်ရေ့ (အသံ..အသံ!! ထင်လွဲစရာတွေဖြစ်တော့မယ်)။ တို့ရွာက သုတ်ကြီးဆိုရင် (တုတ်ကြီးလုပ်ပါဟာ..)
မျိုကြီးဆိုတဲ့ အဆို့တော်ကိုအားကြလို့ အော်တာ အတံဝင်လို့တဲ့...တ အ..အား အော်နေတာလေ (အော်..အတံဝင်လို့ အ အ လို့အော်နေတယ်..ငါနော်!)။

နောက်ပြီး မီးကို နမချင်းမစာနာ (နင်ကိုယ်တိုင်လည်း နွားမဖြစ်တော့မယ်)
အတေပိုးခဲ့တဲ့ ဖိုးဇန်ကို သိတယ်ဟုတ်..။
မီး ဘကြီးအောင်းနေတဲ့ (ဘကြီးအောင်..ဘကြီးအောင်..တစ်မျိုးလုံး တိရိစ္ဆာန်ဇာတ်သွင်းနေသလားမှတ်တယ်)
ယက်ကွက်က တာဇန်လေ။ (သာစံပါဟာ..သူကြည့်ဖူးတဲ့ ဗီဒီယိုကားတွေပါလာပြန်ပြီ)
ဒင်းက ခု မိန်းမရလို့ ရှေ့အင်္ဂါဆို သူ့မိန်းမ ကလေးမွေးမယ်တော်ရေ့ ..
နံမယ်ပေး ကင်ပွန်းချဉ်ဟင်းချက် လုပ်မလို့ ကျံနေပီလေ (ကင်ပွန်းတပ်တာ..သူ့အလှည့်မှ ကင်ပွန်းချဉ်ဟင်းချက်တယ်လို့ပဲ)။
စနေမောင်မောင်တို့ ၊ နိုင်နိုင်းစနေတို့ ၊ ဖိုးသောကြာတို့ကို အားကျလို့တဲ့အေ...
သားလေး မြွေရင် နံမယ်မှာ နေ့နံပါအောင် ဖိုအင်္ဂါ လို့ပေးမတဲ့။
(ဖိုးအင်္ဂါလုပ်ပါဟ၊ ခုမှ ၀တ်စနှစ်လုံးပေါက်က ကျန်ခဲ့ရသလား။ တကတဲ... ဟိုကောင်ကလည်း သမီးမွေးရင် မအင်္ဂါ လုပ်မလားမသိဘူး...နာမည်ကို အပေါက်ရှာရှာ...အဲလေ ပေါက်ပေါက်ရှာရှာ ပေးတယ်)။
မီးတို့လည်း အဲလို ဘယ်ဒေါ့ အတူတူနေရမလဲမသိဘူးနော်... ။

ုကိုယ်ရယ်... မီး အရန်လွမ်းတာပဲ (လွမ်းတာပဲ အရန်တွေ line-up တွေ လွမ်းချင်သေးတယ်)။
မီးလည်း မျိုလိုက်ချင်ပေမယ့် (မျိုသာချလိုက်တော့)...
ဆီးပွားရေက အဆင်မပြေဘူးလေ...။
မီးလည်း ချီးစားနေရတော့ (အေးပါ စားစား)
အကြွေးတွေလည်း အလီလီ (တန်းပြင်ပေးလိုက်တယ်) ပဲ။
မျိုသူတွေနဲ့ တွေ့ပီး တောင်းပေါ်က ခြင်မကို မေ့မတွားပါနဲ့ (တောင်ပေါ်က ချင်းမကိုမမေ့ဘူးဟေ့ တသက်လုံး)။
ကိုယ်လုံး ပျံလာပါနော် (တောင်ပံပေါက်တဲ့နေ့ထိစောင့်ပေတော့)။
မီးဆောင့်နေမယ်... မီး ဆောင့်ပြီးရင်း ဆောင့်နေမှာပါ (အေး..တိုင်နဲ့ခေါင်းနဲ့သာ သေအောင်ဆောင့်ပေတော့)။
မီးစာ ရှည်သွားပီမို့ တော်သေပီ (မီးစာကုန်ပြီး မီးသေမှပဲ)

ခြစ်တဲ့မီး (မီးခြစ်ပေါ့)

*စပလင်မှားရင်ခွင့်လွှတ်ပါ*

Technorati tags:
, , , , , , , ,

ဖတ်ဖူးခဲ့သော ဟာသများ - ၃

မယားဓါတ်ပုံ
မယား - ရှင် ကျွန်မဓါတ်ပုံကို နေ့တိုင်း ရုံးတက်တဲ့အိတ်ထဲထည့်ထည့်ထားတယ်။
ဘာလို့လဲ။

လင် - သြော် ဘယ်လောက် ကြီးမားတဲ့ အခက်အခဲတွေ ကြုံရပါစေ
မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကိုကျော်လွားနိုင်ခဲ့တယ်။

မယား - ကြည့်စမ်း
ကျွန်မဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲနော်။

လင် - ဟုတ်ပါ့

မင်းဓါတ်ပုံကိုကြည့်ပြီး ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်
"ဒီထက်ဆိုးတဲ့ အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို့



နောင်တ
ညတစ်ည သန်းခေါင်ယံအချိန်တွင် ဇနီးဖြစ်သူတစ်ရေးနိုးလာ၍ ယောက်ျားဖြစ်သူကိုရှာရာ မီးဖိုချောင်ထဲ၌ ရှိုက်ကြီးတငင် ငိုကြွေးနေသည်ကို တွေ့ လိုက်ရလေသည်။

ဇနီး ။ မောင်…ဘာဖြစ်လို့ ငိုနေတာလဲ

ကျား ။ တို့တတွေ သမီးရည်းစားဘ၀ချိန်းတွေ့တုန်းက မင်းအဖေကြီးနဲ့မိသွားတော့
မင်းအဖေကြီးပြောတဲ့စကားကို မင်းမှတ်မိသေးရဲ့လား…။
မင်း ငါ့သမီးကို အတည်ယူမှာလား…
မယူရင်တော့ထောင်ထဲမှာ အနှစ်နှစ်ဆယ် သွားနေပေတော့ ဆိုတာလေ..

ဇနီး ။ မှတ်မိသားဘဲ… အဲဒါဘာဖြစ်လို့လဲ

ကျား ။ အေး….အဲဒီတုန်းက ထောင်သာကျခဲ့ရင် ဒီနေ့ လွတ်ပြီ ..အီး ဟီးဟီးဟီး …ရွှတ်..



သတင်းသုံးခု
ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။

ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်

တစ်ခုက မကောင်းတဲ့သတင်း
နောက်တစ်ခုက ကောင်းတဲ့သတင်း
အဲ နောက်ဆုံးတစ်ခုကတော့ အကောင်းဆုံးပဲ

မကောင်းတဲ့သတင်းကစပြောမယ်
မဖြတ်ရမဲ့ ခင်ဗျားခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်

ကောင်းတဲ့သတင်းကတော့ ဖြတ်ရမယ့် ခြေထောက်ကို
ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….

အဲ …..အကောင်းဆုံး သတင်းကတော့ ဘေးခန်းကလူနာက ခင်ဗျားရဲ့ရှူးဖိနပ်ကို သူဝယ်မယ်တဲ့



အမေတာဝန်ယူတယ်
"မေမေ သမီး ဒီလူ့ ကို လက်မထပ်ချင်ဘူး၊ သူက ဘုရားမဲ့ဝါဒီ၊
ငရဲ ရှိတယ်ဆိုတာ သူမယုံဘူး"

"လက်သာထပ်လိုက်ပါ သမီးရယ်၊ ငရဲရှိတယ်ဆိုတာ သူသိသွားအောင် လုပ်ဖို့ 
မေမေ့တာဝန် ထားလိုက်ပါကွယ်"



ကယ်တင်ရှင်
ဇိမ်ခံသင်္ဘောပေါ်တွင် လိုက်ပါလာသော အပျိုချောတစ်ဦး၏ နေ့စဉ်မှတ်တမ်းတွင် အောက်ပါအတိုင်းရေးသားထားသည်။

ပထမနေ့… အပျံစားသင်္ဘောဖြစ်သည်။
သင်္ဘောပေါ်ရှိ ယောင်္ကျားများတွင် captain သည် အချောဆုံး အခန့်ဆုံး ဖြစ်သည်။

ဒုတိယနေ့… ထမင်းစားခန်းတွင် captain နှင့်တစ်စားပွဲတည်း ကျသည်။

တတိယနေ့… သင်္ဘောကို captain က လိုက်ပြသည်။
ထို့နောက် ချစ်ရေးဆိုသည်။

စတုတ္ထနေ့…. ယနေ့ည သူ၏အခန်းသို့မလာပါက သင်္ဘောကို မှောက်ပစ်မည်ပာု ခြိမ်းခြောက်သည်။

ပဉ္စမနေ့… မနေ့က ညက ခရီးသည် 380 နှင့် သဘော်သား 120 တို့၏ အသက်ကို ကျွန်မ
ကယ်တင်လိုက်ရသည်။



မင်းကြောင့်
လင်မယားများ သစ္စာဖောက်မှု အကြောင်းကို ခေါင်းစဉ်တပ်ကာသင်္ဘောသားများအား ပောာပြောပွဲလုပ်သည်။

လင်မယားအချင်းချင်း သစ္စာဖောက်ခြင်းသည် မဆန်းတော့ကြောင်းရာခိုင်နှုန်းအရ မင်းသား၊ မင်းသမီးများသည် သစ္စာအမဲ့ဆုံး ဖြစ်ကြောင်း၊
အားကစားသမားများက ဒုတိယနေရာမှာ ရှိနေပြီး၊
သင်္ဘောသားများက တတိယနေရာရောက်နေပြီဖြစ်ကြောင်း ပို့ချသူက ရှင်းပြသည်။

ထိုအခါ သင်္ဘောသားတစ်ယောက်က"ကျွန်တော် သင်္ဘောလိုက်နေတာ နှစ် 20 ရှိနေပြီ၊ အိမ်ကမိန်းမကို တစ်ခါမှသစ္စာမဖောက်ဖူးဘူး"

ထိုအခါ ဘေးမှသင်္ဘောသားများက "မင်းလို ကောင်မျိုးကြောင့်ငါတို့တွေ တတိယနေရာရောက်နေတာပေါ့ကွ"
ပာု မကျေမနပ်ပြန်ပြောကြလေသည်…



မင်းသိမှာပေါ့
A: "ပော့ ဂျွန် မင်း ဘုရားသခင်ကို သိလား"

B: "ပာင့်အင်း မသိဘူး"

A: "အဲဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေနေ့ညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကိုလာရင် သူ့ကို
သိမှာပေါ့"

B: "မင်းကရော ကာရိုးလ်ကိုသိလို့လား"

A: "ပာင့်အင်း မသိဘူး"

B: "အဲဒါပြောတာပေါ့ မင်းသာ သောကြာနဲ့ စနေနေ့ညတိုင်းဖွင့်တဲ့ ဘာသာရေးသင်တန်းကို မလာရင်
မင်းမိန်းမဆီကို လာနေတဲ့ ကာရိုးလ်ကို သိမှာပေါ့"

Technorati tags:
, , , , , , , ,

picture လှလှလေးတွေ - ၁

သူငယ်ချင်းတစ်ယောက်ဆီက ရထားတဲ့ picture လေးတွေ လှလို့ တင်ပေးထားပါတယ်။





















Technorati tags:
, , , , , ,

Friday, May 22, 2009

သြော် မိန်းကလေးတွေ....... မိန်းကလေးတွေ.......

ရောဘတ်တစ်ယောက် အလုပ်ထဲမှာ အဆင်မပြေတာတွေများနေတယ်။
စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေက များလွန်းလို့ တစ်ညနေရုံးအဆင်း ကမ်းခြေဘက် ခဏသွားရင်း အပန်းဖြေနေမိတယ်။
ဒါနဲ့ပြန်ခါနီးတော့ တကိုယ်တည်း ညည်းမိလိုက်တယ်။

"ငါဘ၀ကြီးနှယ် ကံမကောင်းလိုက်ပုံများ၊ ကောင်းမှုကုသိုလ်တွေလည်း လုပ်ခဲ့ပါတယ်
ဘုရားသခင်ကိုလည်း ယုံကြည်ခဲ့တာပဲ
ခုနေများ ငါ ဒုက္ခရောက်တော့ ကူညီမယ့်သူတောင်မရှိဘူး"


အဲဒီအချိန်_______
ကောင်းကင်ပေါ်က ဗြုန်းကနဲ အသံတစ်ခု ကြားလိုက်ပြီး သူ့ကိုမေးတယ်.......

"ရောဘတ် မင်းဖြစ်နေတာတွေကိုငါသိတယ်
မင်းရဲ့ ကုသိုလ်တွေအတွက်လည်း ခံစားခွင့်ရမယ်
မင်းလိုချင်တဲ့ ဆုသုံးခုတောင်းပါ" တဲ့


ဒါနဲ့
ရောဘတ်တစ်ယောက် ခဏလောက်စဉ်းစားလိုက်တယ်။

၁။ "ဒေါ်လာ ၁ သန်း လိုချင်တယ်"

ပြန်ရင် မင်း အကောင့်ထဲမှာ သွားထုတ်လိုက်ပါ။

(အဟား ဒီလိုဆိုဟန်ကျတယ်)


၂။ "နောက်ဆုံးပေါ် မာစီဒီး ၁စီးလိုချင်တယ်"

မင်းအိမ်ကကားဂိုဒေါင်ထဲမှာထည့်ထားလိုက်ပြီ။

နောက်ဆုံးဆုကို တောင်းဖို့ ရောဘတ်စဉ်းစားလိုက်တယ်။


၃။ "ကျွန်တော့် အိမ်ကနေ ဟာဝိုင်အီကို တိုက်ရိုက်သွားနိုင်တဲ့ အမြန်လမ်းတစ်ခုလိုချင်တယ်"

ဘုရားသခင်ကပြန်ပြောတယ်။
"ရောဘတ်....... တခြားဟာတစ်ခု တောင်းလို့မရဘူးလား။
လမ်းတစ်ခုဖောက်ဖို့ကျတော့ တခြားလူတွေကို ဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်လေ။
သူတို့ ပိုင်တဲ့ အိမ်တွေ အဆောက်အဦတွေကို ဖယ်ပြစ်ရမှာ"

ရောဘတ်စဉ်းစားကြည့်လိုက်တယ်။
အင်းဟုတ်သားပဲ
ဒါဆို ဘာတောင်းရမလဲ
အဲ.......သူ့မိန်းမကို သတိရလိုက်တယ်။
ဟုတ်ပြီ ဟန်နီနဲ့ ငါနဲ့ ခဏခဏ ရန်မဖြစ်ရအောင်.......

"အို....... ဘုရားသခင်
ကျွန်တော်မှာ မိန်းမတွေကို နားလည်နိုင်တဲ့ စိတ်စွမ်းအင်မျိုး ရချင်ပါတယ်
သူတို့ ငိုတဲ့အခါ၊ ကျွန်တော့် ရုံးကပြန်လာတဲ့အချိန် ဘာမှမပြောပဲ စိတ်ကောက်တဲ့အခါ၊
သူတို့ တခုခု လုပ်နေရင်း ပြုံးတာမြင်လိုက်လို့ ဘာလဲလို့ မေးရင် ဘာမှ မဟုတ်ဘူးဖြေတဲ့အခါ၊ မီးဖိုချောင်ကထွက်လာပြီး မျက်နှာမကောင်းဘူးထင်လို့ ဘာဖြစ်လဲမေးရင် ဘာမှမဖြစ်ပါဘူးဆိုပြီး ဘောက်ဆတ်ဆတ် ဖြေသွားတဲ့ အခါ၊
အဲဒီလို နားမလည်နိုင်အောင်လုပ်တဲ့ အခါတိုင်းမှာ သူတို့စိတ်ထဲမှာ ဘာတွေစဉ်းစားနေလဲ ဆိုတာ သိနိုင်တဲ့ သူတို့ကို နားလည်နိုင်တဲ့ စွမ်းအင်မျိုး ကျွန်တော်လိုချင်ပါတယ်" လို့
ရောဘတ်ကပြောချလိုက်တယ်။

သူ့စကားအရှည်ကြီးကို နားထောင်ပြီးတဲ့အချိန်မှာ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားတယ်။
ပြီးတော့ သက်ပြင်းတချက်ချပြီး ဘုရားသခင်ရဲ့စကားသံထွက်လာတယ်။

"ရောဘတ်....... ဟာဝိုင်အီ ကိုသွားမယ့် အမြန်လမ်းက ဘယ်နှစ်လမ်းသွားလိုချင်တာလဲ" တဲ့.......



သြော် မိန်းကလေးတွေ....... မိန်းကလေးတွေ.......
ဘုရားသခင် က တောင် ကြောက် ရ ပါလားနော်.....
း)း)း)


Technorati tags:
, , , , , , , , , ,

Sunday, May 17, 2009

SAND ART

ဒီ ဗွီဒီယို ဖိုင်လေးက ကျွန်တော့်မေးလ်ကို အစ်ကိုတစ်ယောက်က ပို့ပေးထားတာလေးပါ။
ကျွန်တော်ကတော့ ကြိုက်တယ်ဗျ။
ကြည့် ကြည့်လိုက်ကြပါ။
ခင်ဗျားတို့လဲ ကြိုက်မယ်ထင်ပါတယ်။
သဲ နဲ့ ပုံစံလေးတွေ ဖေါ်ပြသွားတာမျိုးလေးလေ.......




Technorati tags:
, , , , ,

ဖတ်ဖူးခဲ့သော ဟာသများ - ၂




စင်ကာပူတွင် အလုပ်လုပ်သူများ အောင်မြင်ရေးအတွက် လိုက်နာဖွယ် နည်းလမ်းများ.....



၁) ရုံးချိန်ကို ၁-စက္ကန့်မျှ နောက်မကျပါစေနှင့်
ရုံးရောက်ပြီးမှ မိတ်ကပ်လိမ်း၊ မနက်စာစား၊ အီအီးပါ စသည်များလုပ်ပါ။

၂) နေ့လည်အိပ်ငိုက်လျင် အိပ်သာသို့ ချက်ချင်း ပြေးပြီးအိပ်ပါ။ သူဌေးမရိပ်မိပါစေနှင့်။

၃) အလုပ်ပြောင်းလိုလျင် အနည်း ဆုံ: LV သို့ Gucci အိပ်တလုံးဆောင်ထားပါ၊
TAKA မှ တလုံးစိန် (အလုံးကြီးကြီး) လက်စွပ်ဝတ်နိုင်လျှင် ရာထူး မြင့်မြင့်ရမည်။
ဘာမှ မတတ်ချင်နေ ထိုအသုံးဆောင် များနှင့် သစ်လွင်သော အ၀တ်အစားများ ၀တ်ပြီး အင်တာဗျူး လုပ်သူအား ရယ်မော၍ စကားပြောပါ။
(LV အိတ်ဈေးကြီး၍မ၀ယ်နိုင်သူများ မလေးရှားတွင် အင်မတန်သေသပ်သော အတုရှိသည်။)

၎) အလုပ်ဝင်ပြီး၍ ဘာမှမလုပ်တတ်လျင် နီးစပ်ရာ သူဌေးတယောက်ထံ အမြန်ကပ်၍ နှာခေါင်း သံဖြင့် စကားပြောပါ။ ရာထူးပါတက်မည်။ (သတိ၊ မိန်းကလေးများအတွက်သာ)

၅) နာမကျန်းခွင့် MC ယူချင်လျင် ကတိုးနှာရှုဆေးကို သူဌေးအလစ်တွင် ရှု၍ သူဌေးရှေ့ တွင် ဟတ်ချိုး ခန ခန ချေပါလေ။
သူ သတိပြုမိ၍ မေးလျှင် မျက်နှာကို အတတ်နိုင်ဆုံး ညှိုးထားပြီး flu ဟုသာဖြေပါ။
ဖြေပြီး ၂ စက္ကန့် မှစ၍ အနည်း ဆုံး ခွင့် (၃) ရက် ကို ငြိုငြင်မှုကင်းစွာဖြင့် ရရှိမည်ဖြစ်သည်။
(သတိ- ဆေးခန်းများနှင့် စာချုပ်ချုပ်ထားသော ရုံးမှ ၀န်ထမ်းများ ဒီနည်းမသုံးရ ချက်ချင်းပြုတ်နိုင်သည်)

၆) ဒီအမှားက ငါလုပ်တာမဟုတ်ဘူး နင်လုပ်တာ ဆိုသော ပြန်လှန်ပြောဆိုမှုများကို ဝေးနိုင်သမျှရှောင်ရှားပါလေ။
ကိုယ်လုပ်တာမဟုတ်လင့်ကစား ဒီကိစ္စ ငါမသိလိုက်ဘူး ဒါပေမယ့် နောက်တခါ ကျရင်သတိထားမှဖြစ်မယ်
ဒီတစ်ကြိမ်တော့ ၀မ်းနည်းပါတယ်လို့ ပြောလိုက်ပါ။ အခန့်သင့်လျှင် သင် သူဌေးမှကျွေးသောနေ့လည်စာပါ စားရကိန်းရှိသည်။

ရ) သူဌေးနှင့် တွေ့လျှင် ရိုသေစွာ လမ်းဖယ်ပေးခြင်း ကိုယ်ကို ကိုင်းညွှတ်၍ စကားပြောခြင်း မပြုလုပ်ရ။
(မြန်မာ့ ယဉ်ကျေးမှုများ မလိုအပ်ပါ)
သူဌေးအား သူ့ နာမည်သာခေါ်ပါ .... နာမည်ရှေ့တွင် ဟေ့ ဘယ်သူ စသည်ဖြင့် ခေါ်နိုင်သည်။
မလိုက်နာပါက ရာထူးမတက်သည့်အပြင် နင်းပြားပုံစံဖြင့် ဆက်ဆံခြင်းခံရမည်။
ယုံကြည်စွာ ကျင့်သုံးကြည့်ပါ၊
လက်ရှိရာထူးတွင် မုချခိုင်မြဲမည့်အပြင် လစာပါတိုးနိုင်သည်။


Technorati tags:
, , , , , , , ,

Monday, May 4, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၁



ချစ်လို့ကျီစယ်......


အရူးဆေးရုံ တစ်ခုမှာပါ။
အရူးတစ်ယောက်ဟာ သွေးစွန်းနေတဲ့ ဓါးတစ်ချောင်းကိုင်ပြီး လှည့်ပတ်ပြေးနေတယ်။
ဆရာဝန်တွေက သူ့ကိုဖမ်းပြီး ဘာလို့ ဓါးကြီးကိုင်ပြီး
လျှောက်ပြေးနေတာလဲလို့မေးတော့သူ က

“ ကျွန်တော် ကျွန်တော့်ကုတင်ဘေးက ကောင်ကို စနေတာဗျ။
ကျွန်တော် သူအိပ်နေတုန်း သူ့ခေါင်းကို ဖြတ်ပြီး အိမ်သာ ထဲမှာ ၀ှက်ထားတာ။
သူပြန်နှိုးလာရင် ရှာလို့တွေ့တော့မှာ မဟုတ်ဘူး။ ဟီဟီဟီ။ ” တဲ့........



************************************************************



ခိုင်ပုံ ခန့်ပုံ (ခိုင်ခန့်ပုံ)

ကိုယ်ကိုယ်တိုင် ပြုလုပ်ရောင်းချတဲ့ လှတောသားဆီမှ သက်ကယ်ဝယ်ထားသူတစ်ယောက်ဟာ နောက်ထပ်သက်ကယ်ထပ်ဝယ်ဖို့ရောက်လာပါတယ်။

"ဈေးလျှော့ဦးဗျာ၊ သုံး လေး ရက်တုန်းက ၀ယ်သွားတဲ့ ခင်ဗျား သက်ကယ်တွေ တော်တော်ညံ့တာပဲ၊ လိပ်ပြာနားတာတောင် ပေါက်ထွက်သွားတယ်ဗျာ။ "

လှတောသားအချင်းချင်း ဒီလိုလာပြောလို့မရ၊ သက်ကယ်ရောင်းတဲ့ လှတောသားပြန်ပြောလိုက်ပုံက.......

"မတော်တာ လာမပြောနဲ့ငါ့ကောင်၊ ငါ့သက်ကယ်မိုးထားတဲ့အိမ်အမိုးတွေ ခိုင်လိုက်ပုံများ လေယာဉ်ပျံတောင် အရေးပေါ်ဆင်းနားလို့ရတယ်" တဲ့ဗျာ.......


**************************************************************


ဝမ်းသွားသူ ဇနီးအကြောင်း

ဆရာဝန်တစ်ဦးထံ ညကြီးမင်းကြီး လှတောသားတစ်ယောက် မောကြီးပန်းကြီးအပြေးလေးရောက်လာတယ်။

"ကျွန်တော့်မိန်းမ ၀မ်းလျှောနေလို့ ဆရာ"

"ဘယ်လို လျှောသလဲ"

"လျှောလိုက်ပုံကတော့ ဆရာရေ့၊
မူး တူးမြောင်းကြီး ကျိုးကျသလားမှတ်ရ"

ဆရာဝန် တော်တော်ရီချင်ပေမယ့် ထိန်းပြီး ဆက်မေးတယ်

"ဘာတွေစားမိလို့လဲဗျ"

"စားတာကတော့ စားကောင်းတာမှန်သမျှ သူအကုန်စားတာပဲ၊
မစားတာဆိုလို့ ခြေနှစ်ချောင်းဆို လှေကား၊
ခြေလေးချောင်းဆို ကုတင် ပဲ ကျန်မယ်"

ဆရာဝန်တော်တော် ရီချင်နေပါပြီ။
ပြုံးစိစိနဲ့ ထပ်မေးရပြန်ပေါ့

"ခု ဘယ်လိုနေလို့လဲ"

"အလိုလေး ဆရာရေ့၊
ဝါဒိုင်က ၀ါပုံကြီး မိုးမိထားသလားမှတ်ရ၊
ပျော့အိပြီး ဖြူဖပ်ဖြူရော်ဖြစ်နေတာပဲ" တဲ့.......


****************************************************


ကျုပ်က ပိုသေချာပါတယ်

ဆရာဝန်။ ။ "အင်း....... ခင်ဗျားရောဂါက နမိုးနီးယားပဲဗျ"

လူနာ ။ ။ "သေချာရဲ့လားဆရာရယ်
ဟိုတလောက ကျွန်တော့်သူငယ်ချင်းတစ်ယောက်ကို နမိုးနီးယားဆိုပြီး ဟိုဘက်ခန်းက ဆရာဝန် ကုလိုက်တာ
အဲဒီလူနာသေတော့ ငှက်ဖျားရောဂါနဲ့သေတာဗျ"

ဆရာဝန်။ ။ "အင်း....... ဒါတော့ မစိုးရိမ်ပါနဲ့ဗျာ
ကျုပ်က ပိုသေချာပါတယ်
ကျုပ်ကသာ နမိုးနီးယားလို့ ဆုံးဖြတ်လိုက်
အဲဒီလူ နမိုးနီးယားနဲ့ပဲ သေမှာပါ
ဒါတော့ စိတ်ချ ကိုယ့်လူ"


*********************************************


ပြန်လာပေးပါတယ်

"ခင်ဗျားတို့ အိမ်နီးနားချင်းတွေ ပစ္စည်းတွေငှားသွားရင် ပြန်လာပေးကြရဲ့လားဗျာ
ကျုပ်တို့ အိမ်နီးနားချင်းတွေကတော့ ဘယ်တော့မှ ပစ္စည်းငှားပြီး ပြန်လာမပေးချင်ကြဘူး"

"ဟာ ပြန်လာပေးပါတယ်ဗျ။
နွေမှာငှားသွားတဲ့ ယပ်တောင်တွေ မိုးတွင်းကျတော့ ပြန်လာပေးတယ်။
မိုးတွင်းမှာ ငှားသွားတဲ့ ထီးတွေ ဆောင်းတွင်းကျတော့ ပြန်လာပေးရော။
ဆောင်းတွင်းမှာ ငှားသွားတဲ့ စောင်တွေ နွေလဲရောက်ရော ပြန်လာပေးကြရောဗျ

Technorati tags:
, , , , , , , ,