Showing posts with label MUSIC. Show all posts
Showing posts with label MUSIC. Show all posts

Saturday, February 13, 2010

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

မင်္ဂလာရှိသော ၉၅ နှစ်မြောက်မွေးနေ့ဖြစ်ပါစေ ဗိုလ်ချုပ်
နှစ်တွေ လတွေ ရက်တွေ ဘယ်လိုပဲပြောင်းသွားသွား
ကျွန်တော်တို့ ရင်ထဲမှာတော့ ဗိုလ်ချုပ်ဟာ အသက်ဆက်ရှင်သန်နေဆဲပါ





HAPPY BIRTHDAY
TO
GENERAL AUNG SAN


ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား

၁၉၄၇
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား



ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်မြောက်မွေးနေ့အတွက် သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။
အန်တီခင်ညွန့်ရီ သီဆိုထားတဲ့ ဗိုလ်အောင်ဆန်း ဆိုတဲ့သီချင်းလေးပါ။
အားလုံး နားထောင်ကြည့်ကြပါဦးဗျာ...




မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့  ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်


ငါတို့ မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်
ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်

သြော်........ ဘုရင့်နောင်နဲ့  ရာဇာဓိရာဇ်တို့လို ...

မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် ...

မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ ...

မကြောက်တမ်း မရွံ့တမ်း ...

မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်


ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်

တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်


မြန်မာနိုင်ငံ .... ထူထောင်ရန်နဲ့

မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်

နေမျိုးသာကီ ဗမာပြည်လက်ရုံး ... ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်

စိတ်အားသန်သန် မာန်ကိုမလျှော့တဲ့ ...

ငါတို့ လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်

တကယ်ပင် ... သတိုးမဟာဗန္ဓုလနှယ် ...

စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်

သားကောင်းများလို့  ခေါ်ရလောက်ပေတယ် ...

ဥဒါန်းတွင်စေဖွယ် ...
မြန်မာသူရဲကောင်း အပေါင်းတွေရယ်

ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်

မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဒီသီချင်းလေးကို အပိုင်လိုချင်ရင်တော့ ဒီနေရာကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်ဗျာ...





Technorati tags:
, , , , , , , , , , , ,

Friday, August 7, 2009

MARK TREMONTI (My Favourite Guitarist)


American rock band ALTER BRIDGE ရဲ့ Grammy ဆုရခဲ့သော lead guitarist MARK TREMONTI ကို 1974, April 18 ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို 90 ခုနှစ်နောက်ပိုင်း 2000 ခုနှစ်အစောပိုင်းမှာ popular ဖြစ်ခဲ့သော CREED band ရဲ့ guitarist အဖြစ်လည်း လူသိများပါတယ်။





ကလေးဘဝ

MARK TREMONTI ဟာ Michigan ပြည်နယ် Detrot မြို့အနီးမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ သူဟာ Kiss, Celtic Frost နဲ့ Metallica စတဲ့ Metal နဲ့ Hard Rock music တွေကို နားထောင်ခဲ့ပါတယ်။ 11 နှစ်အရွယ်မှာ သူဟာ သူ့ရဲ့ ပထမဆုံး guitar ကို ၀ယ်ခဲ့ပါတယ်။ အဲဒီ guitar ဟာ Gibson Les Paul ကို copy လုပ်ထားတဲ့ Tara အမျိုးအစားဖြစ်ပြီး 25 dollar ပေးရပါတယ်။ MARK TREMONTI ဟာ music lesson တွေကို တက်ရောက်သင်ကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆက်မသင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဖြစ်သူက သူကြိုက်တဲ့ music တွေကို သင်မပေးလို့ပါပဲ။ "Master of Puppets ကို ကျွန်တော်သင်ချင်နေတဲ့အချိန်မှာ သူက Marry Had A Little Lamb ကိုပဲ သင်ပေးနေတယ်" တဲ့။ MARK TREMONTI ဟာ tab နဲ့ ရေးထားတဲ့ စာအုပ်တွေနဲ့ပဲ guitar ကို သင်ယူခဲ့ပါတယ်။ MARK TREMONTI စရေးတဲ့ ပထမဆုံးသီချင်းကတော့ "Yesterday" ပါ။ MARK TREMONTI ဟာ သူအောင်မြင်ခဲ့တဲ့ CREED band ကို မရောက်ခင် အခြား band အတော်များများမှာလဲ ၀င်ရောက်တီးခတ်ခဲ့ပါသေးတယ်။




CREED ခေတ်

အထက်တန်းကျောင်းအောင်အပြီး MARK TREMONTI ဟာ Florida ပြည်နယ်က တက္ကသိုလ်ကို တက်ရောက်နေချိန်မှာပဲ (အထက်တန်းကျောင်းကတည်းက သူသိပြီး သီချင်းတွေ စရေးနေတဲ့) အဆိုတော် Scott Stapp နဲ့ တွေ့ခဲ့ပါတယ်။ တယောက်နဲ့တယောက် မျက်မှန်းတန်းသိကြပေမယ့် အုပ်စုကလဲကွဲ၊ တယောက်ကြောင်းတယောက်လည်းမသိဆိုတော့ အထက်တန်းကျောင်းမှာ သူတို့ သူငယ်ချင်းတွေမဖြစ်ခဲ့ကြပါဘူး။ Tremonti နဲ့ Stapp တို့နှစ်ယောက်အတူ ရှာပုံတော်ဖွင့်လိုက်ကြရာမှာ bass သမား Brian Marshall နဲ့ drummer Scott Philips ကို ရလိုက်ကြပါတယ်။ သူ့ပိုက်ဆံအိတ်ထဲ ဆုတ်ပြီးထည့်သယ်ထားတတ်တဲ့စာသားကိုယူပြီး Naked Toddler လို့ သူတို့ နာမည်ပေးခဲ့ကြပေမယ့် နောက်မှာတော့ CREED လို့ပဲ နာမည်ပေးလိုက်ကြပါတယ်။ ဒါကလည်း Brian ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ပတ်သက်နေပါတယ်။ Brianဟာ အရင်က Mattex Creed ဆိုတဲ့ band ရဲ့ bass သမားပါ။ သူ့ရဲ့အကြံပြုချက်အရပဲ သူတို့ band ကို CREED လို့ နာမည်ပေးခဲ့ကြပါတယ်။ CREED ဟာ 7နှစ်တာ အချိန်တိုလေးအတွင်းမှာ record ပေါင်း သန်း 30 ကျော် ရောင်းခဲ့ရပြီး live show ပွဲပေါင်း 5000 ကျော် ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် MARK နဲ့ SCOTT တို့ရဲ့ မတူညီတဲ့ အချက်အလက်တွေအားလုံးအပေါ်အခြေခံပြီး CREED ပျက်ကာ ALTER BRIDGE ကို မွေးဖွားဖြစ်ခဲ့ပါတယ်။

CREED 'S VOCALIST "SCOTT STAPP"




CREED 'S BASSIST "BRIAN MARSHALL"




CREED 'S DRUMMER "SCOTT PHILIPS"







ALTER BRIDGE ခေတ်

CREED ပျက်ပြီးကတည်းက MARK TREMONTI ဟာ Michael Angelo Batio, Thomas Gospedareck, Fozzy စတဲ့ ကွဲပြားခြားနားသော musician တွေ၊ guitarist တွေနဲ့ အတူတွဲပြီး အလုပ်လုပ်ခဲ့တယ်။ သူဟာ guitar သမား Troy Stetina ဆီကနေ ခက်ခဲတဲ့ lesson တွေကိုလည်း သင်ယူခဲ့ပါသေးတယ်။ " CREED ကွဲသွားပြီးနောက်မှာ သူငယ်ချင်း Scott Phillips နဲ့ ကျွန်တော် တူညီတဲ့အမြင်တွေ ဖလှယ်ပြီး ပြန်စနိုင်အောင် ကြိုးစားခဲ့ကြတယ်။ အတူတွဲပြီး (စိတ်ကူးတည့်ရာ) လက်တန်းလည်းတီးခဲ့ကြတယ်။" လို့ သူကပြောတယ်။ အဲဒီနောက် သူတို့နှစ်ယောက် ပြိုကွဲသွားပြီဖြစ်တဲ့ CREED ရဲ့ bass သမား Brian Marshall နဲ့လက်တွဲပြီး demo တစ်ခွေကို Mayfield Four ရဲ့ vocalist Myles Kennedy ဆိုဖို့ ပို့ပေးလိုက်ရာမှာပဲ Alter Bridge ဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။ Mark, Scott, Brian နဲ့ Myles အားလုံးဟာ သူတို့ project အသစ်အတွက်နာမည်ကို Alter Bridge လို့ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။


ALTER BRIDGE 'S VOCALIST "MYLES KENNEDY"




ALTER BRIDGE 'S BASSIST "BRIAN MARSHALL"




ALTER BRIDGE 'S DRUMMER "SCOTT PHILIPS"




INFLUENCES

MARK TREMONTI ရဲ့ အချိန်တိုင်း favourite guitarist ဟာ Stevie Ray Voughan ပါ။ ဒါပေမယ့် သူ့ရဲ့ favourite modern guitarist ကတော့ Zakk Wylde ပါတဲ့။ သူ့ကို Metallica, Celtic Froct, Audlay Freed နဲ့ တခြား hard rock နဲ့ metal guitar သမားတွေကလည်း လွှမ်းမိုးနေပါတယ်။




RECORDED ALBUMS

MARK TREMONTI တီးခဲ့တဲ့ album များမှာ
CREED band နဲ့
1997 မှာ My Own Prison
1999 မှာ Human Clay
2001 မှာ Weathered
ALTER BRIDGE BAND နဲ့
2004 မှာ One Day Remains]
2007 မှာ Blackbird တို့ ဖြစ်ကြပါတယ်။


CREED - MY OWN PRISON



CREED - HUMAN CLAY



CREED - WEATHERED



ALTER BRIDGE - ONE DAY REMAINS



ALTER BRIDGE - BLACK BIRD





GUITARS

MARK TREMONTI ဟာ သူ့ signature ဖြစ်တဲ့ Paul Reed Smith Tremonti model guitar ကို တီးခတ်ပါတယ်။ သူ့မှာ (bridge တွေကို အသေတပ်ထားတဲ့) အနက်ရောင် guitar 1 လက်၊ Tribal guitar 1 လက် နဲ့ Tiger Eye modelguitar 1 လက် ရှိပါတယ်။ Charcoal Burst, Dark Cherry နဲ့ Platinum guitar တွေမှာတော့ (ကြိုးအလျော့ အတင်းလုပ်နိုင်တဲ့) floating vibrato bridge တွေကို တပ်ဆင်ထားပါတယ်။ သူ့မှာ Control Knobs 3 ခုပါတဲ့ အနက်ရောင် model guitar တစ်လက်လည်း ရှိပါသေးတယ်။ သူဟာ Taylor acoustic guitar တွေကိုလည်း အသုံးပြုပါတယ်။ သူကိုင်တဲ့ Juim Dunlop Jazz III pick တွေအကြောင်း Guitar One magazine ကိုပြောရာမှာ "ကျွန်တော် အဲဒီ pick တွေနဲ့ နှစ်ရက်လောက်တီးအပြီးမှာ တီးနေကျ 1.mm nylon pick တွေကို မကိုင်ချင်တော့လောက်အောင်ဖြစ်ခဲ့ရပါတယ်" တဲ့။


Paul Reed Smith Tremonti model guitar



Taylor acoustic guitar



Juim Dunlop Jazz III pick



သူအသုံးပြုတဲ့ပစ္စည်းတွေကတော့ ___
Mesa Boogie 4x12 and 2x15 cabinets
Mesa Boogie Triple Rectifier
Orange amplification has been added to Mark's repertoire
1968 Marshall "Plexi" head
Morley Mark Tremonti Power Wah
TC Electronic G-Force effects processor
Custom Audio Electronics Power Conditioner
VooDoo Labs Ground Control Pro
Ibanez Tube Screamer
Bogner Uberschall
Behringer EQ
Mackie Mixing Board
Avalon Mic Preamp
Fender Twin '65 Reissues
Fender Tone King
Occasionally uses Diezel amps တို့ဖြစ်ကြပါတယ်။


Mesa Boogie 4x12 and 2x15 cabinets



Mesa Boogie Triple Rectifier



Orange amplification has been added to Mark's repertoire


1968 Marshall "Plexi" head



Morley Mark Tremonti Power Wah



TC Electronic G-Force effects processor



Custom Audio Electronics Power Conditioner



VooDoo Labs Ground Control Pro



Ibanez Tube Screamer



Bogner Uberschall



Behringer EQ



Mackie Mixing Board



Avalon Mic Preamp



Fender Twin '65 Reissues



Fender Tone King



Occasionally uses Diezel amps





PRESENT LIFE

MARK TREMONTI ဟာ ယခုအချိန်မှာ Orlando, Florida မှာ ဇနီး Victoris နဲ့ သား Austen တို့နဲ့အတူ နေထိုင်နေပါတယ်။ Vinnie Moore, Rusty Cooley စတဲ့ နာမည်ကြီး guitarist တွေနဲ့လည်း မိတ်ဆွေရင်းတွေ ဖြစ်နေဆဲပါ။

CREED 'S MY SACRIFICE



ALTER BRIDGE 'S BROKEN WINGS

Thursday, July 23, 2009

CREED - ONE LAST BREATH



ဒီသီချင်းလေးဟာ CREED အဖွဲ့ရဲ့ 2001 ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့သော တတိယမြောက် album ဖြစ်တဲ့ Weathered ထဲမှာပါတဲ့ သီချင်းဖြစ်ပါတယ်။
ကျွန်တော် တွေ့ဖူးသမျှ ဂစ်တာသမားတွေ (စတီးကာစ ၀ါနုသေးတဲ့သူတွေရော၊ ဆရာ့ ဆရာကြီးတွေရော) အကြိုက်တွေ့ကြ တီးကြ ခတ်ကြတဲ့ သီချင်းလေးပါ။
ဒီသီချင်းကို စနားထောင်ဖြစ်တာရော စတီးဖြစ်တာရော နုတ်စ်တွေရှာပေးတာရောက ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Tony ရဲ့ ကောင်းမှုကြောင့်ပါ။
စနားထောင်မိကတည်းက နားထဲစွဲသွားတယ်ဗျ။
မစွဲခံနိုင်ရိုးလားဗျာ။
စထွက်လာကတည်းက ကြားလိုက်ရတဲ့ ဂစ်တာpicking က ဂစ်တာသမားတွေ အကြိုက်ဖြစ်နေတာကိုး။
ဆိုတော့ကာ....... ဂစ်တာသမားတွေကြိုက်ကြတာလဲ မဆန်းဘူးပေါ့ဗျာ။
နားထောင်မိပြီးတော့ သီချင်းနုတ်စ်က လိုချင်ပြန်ရောဗျ။
အပျင်းကြီးတာလေ ကိုယ့်ဟာကိုယ် နုတ်စ်ရှာ/ရေး ရမှာ ပျင်းတာကိုး။
ထုံးစံအတိုင်း Tony ကိုပဲ အပူကပ်ရတာပေါ့။
အဲဒီအချိန်တုန်းက ဒီကောင်က အင်တာနက်ကို မွှေနှောက်နေနိုင်ပြီ ဆိုဒ်တွေလဲ သိနေပြီလေ။
သူ့ကောင်းမှုကြောင့် နားထောင်ဖြစ် သူ့ကောင်းမှုကြောင့်ပဲ တီးဖြစ်ခဲ့တဲ့ သီချင်းလေးပါ။
ခုချိန်ထိလဲ ဂစ်တာကောက်ကိုင်ဖြစ်ရင် တီးမိနေတုန်းပါပဲ။

ကဲဗျာ သီချင်းလေးဘက် ခနလောက်ဖြစ်ဖြစ်လှည့်လိုက်ရအောင်ဗျာ။

ဒီသီချင်းအစဂစ်တာpart က ကျွန်တော့်အတွက်တော့ အသက်ပဲဗျ။
Mark Tremonti ကို တစ်ကယ်ပဲ ချီးကျူးလေးစားပါတယ်ဗျာ။
ကျွန်တော်သာဆို သေချာပါတယ် ဒီလိုpicking မျိုးထွက်လာမှာမဟုတ်ပါဘူး၊ {ကိုယ့်ကိုကိုယ် အမွှန်းတင်နေတာ :-) }


ကဲဗျာ....... ဒီသီချင်းလေးရဲ့ guitar pro notes က ဒီမှာပါ
လိုချင်ကြရင် ဒီမှာ download ချကြပေတော့ဗျို့။

အိမ်ကစက်မှာ guitar pro မတင်ရသေးဘူးဆိုရင်တော့ ဒီနေရာမှာ ကျွန်တော်တင်ထားတဲ့ guitar pro installer ရှိပါတယ် တစ်လက်စတည်း ဆွဲသွားကြပေါ့ဗျာ။

ဒါကတော့ အပြင်ဆိုင်ကိုသွားပြီး print ထုတ်မယ်ဆိုရင် ဆိုင်တွေမှာ guitar pro တင်မထားလို့ print ထုတ်လို့ မရသူတွေအတွက် pdf ဖိုင်ပါ။
ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။

သြော် မေ့တော့မလို့ဗျ.......
သီချင်းရဲ့ ဗွီဒီယိုဖိုင် လိုချင်ရင်တော့ ဒီနေရာမှာ download ချလိုက်ပါ။

Technorati tags:
, , , ,

Saturday, July 4, 2009

LINKIN PARK - NUMB

မနေ့ညက အပြင်မှာ သီချင်းတစ်ပုဒ် ကြားမိလိုက်တယ်ဗျ။ ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေ။ ဒါနဲ့ ပြန်ရောက်တော့ မသုံးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့် external hard disk ကိုထုတ်ပြီး ဇိမ်ပြေနားပြေ အဲဒီသီချင်းကို ပြန်နားထောင်မိတယ်။ အချိန်တွေကြာပေမယ့် ခုထိ ကြိုက်နေတုန်းပဲဗျာ။ ဒါနဲ့ ဟင်းကောင်းစားရင် သူငယ်ချင်းတွေသတိရပါ ဆိုလား ဘာဆိုလား စကားပုံအတိုင်း ဒီသီချင်းလေးကို ခင်ဗျားတို့အတွက် တင်ပေးလိုက်ပါတယ်။ နားထောင်ဖူးကြမှာပါ။ ဘာလို့ဆို ဒီသီချင်းက နာမည်ကြီးတာကိုး။

သီချင်း နာမည်က NUMB ပါ။ အဖွဲ့နာမည်က LINKIN PARK ပေါ့။

ကဲ ထုံးစံအတိုင်း နားထောင်ရအောင် သီချင်း၊ ကြည့်ရအောင် ဗွီဒီယို၊ အပိုင်ယူထားချင်သူတွေအတွက် Download Link၊ ဂစ်တာသမားတွေအတွက် Guitar Pro နုတ်တွေပါ တင်ပေးထားပါတယ်။ နားထောင် ခံစား ကြည့်ကြပေါ့ဗျာ။


ဒါက ဒီဗွီဒီယိုရဲ့ Youtube လင့်ခ် LINKIN PARK - NUMB


သီချင်းပဲ နားထောင်ချင်သူတွေအတွက်




"Numb"

I'm tired of being what you want me to be
Feeling so faithless lost under the surface
Don't know what you're expecting of me
Put under the pressure of walking in your shoes
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

Can't you see that you're smothering me
Holding too tightly afraid to lose control
Cause everything that you thought I would be
Has fallen apart right in front of you
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)
And every second I waste is more than I can take

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

And I know
I may end up failing too
But I know
You were just like me with someone disappointed in you

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

I've become so numb I can't feel you there
I'm tired of being what you want me to be
I've become so numb I can't feel you there
I'm tired of being what you want me to be


ဒါက သီချင်းရဲ့ DOWNLOAD LINK (LINKIN PARK - NUMB)

ဒါက ဂစ်တာသမားတွေအတွက် Guitar Pro Note (LINKIN PARK - NUMB)

Technorati tags:
, , , ,

Friday, June 26, 2009

ဒို့ဗမာ

ကျွန်တော် ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။
သေချာ နားထောင်ဖြစ်ခဲ့တာကတော့ နဲနဲ အသက်လေးရလာမှပေါ့လေ။
စာသားတွေကအစ သေချာ ခံစားနားထောင်မိလာတတ်တဲ့ အချိန်ရောက်တော့ အရမ်းခံစား၊ အရမ်းကြိုက်လာပါတယ်။

သီဆိုရေးစပ်သူက ၀ိုင်အမ်ဘီ သခင်တင် ဖြစ်ပါတယ်။ မူရင်း ပထမဆုံး သီဆိုသူကလည်း သူပဲလို့ သိရပါတယ်။
သီချင်းနာမည်က ဒို့ဗမာ ဖြစ်ပါတယ်။
ဆရာတင် ဒီသီချင်းကို ရေးသားစပ်ဆိုနေချိန်မှာ သခင်ဘသောင်းနဲ့ သခင်ခေါင်းဆောင်တစ်ချို့က သီချင်းစာသားနဲ့ အချက်အလက်များ ဖြည့်စွက် အကြံပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
၁၉၃၆ ခုနှစ်၌ ပြုလုပ်ကျင်းပသော တို့ဗမာအစည်းအရုံး ဒုတိယအကြိမ်ညီလာခံ၌ ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ကို အမျိုးသားသီချင်းအဖြစ် ၀ိုင်းဝန်း သတ်မှတ်ခဲ့ကြသည်။

ယခု ကျွန်တော်တို့ သီဆို နေကြသော နိုင်ငံတော်သီချင်းမှာလည်း ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ပဲ ဖြစ်ပါတယ်။

သမိုင်းစဉ်ဆက် သီဆိုခဲ့ကြရသော ယခုလက်ရှိနိုင်ငံတော်သီချင်းဧ။် မူရင်းဖြစ်သော ၀ိုင်အမ်ဘီသခင်တင် ရေးသားထားခဲ့သော ဒို့ဗမာ သီချင်းကို အောက်မှာ ရေးသားဖေါ်ပြ ထည့်သွင်းပေးထားပါတယ်။

မြန်မာမှန်ရင် အနည်းဆုံးတော့ နားထောင်ဖူးရပါမယ်။




ဒါ ဒို့ဗမာ သီချင်း ပါ။



သီချင်းလိုချင်လို့ ဒေါင်းလုဒ် လုပ်မယ်ဆို ဒီကို နှိပ်ပါ

သီချင်းစာသားကတော့ အောက်မှာရေးသားပေးထားပါတယ်။

တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ
များစွာပ တိုင်းခြားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ ဒို့ဗမာ
စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတလှည့်ကြုံရ
ထုံးနှင့်မသွေ လောကဓမ္မတာပေ ငါတို့ကံခေ ဖြစ်ရပြန်သလေ
သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့မြေ

နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ
ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလား ဒို့ဗမာ ဒို့ဗမာ
မဟုတ်လေသလား ဒို့ဗမာ ငါတို့ဗမာ ဒို့ဗမာ ငါတို့ဗမာ
ဒါငါတို့ဗမာ ဒါငါတို့ဗမာ
အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ

နောင်လာနောင်သား ကောင်းစားဖို့ရာ
ဒို့ကိုယ်ကျိုးလုံးလုံးမပါ ရဲရဲဗမာပီပီ
ဗမာပြည် ဒို့ဗမာကိုပါ

သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ ဒို့ဗမာ
မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး ဒို့ဗမာ


ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်

သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ
သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ

အရှေ့က နေ၀န်း ထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရပေမှာ မလွဲပါ
တို့ဗမာ ဟေ့ တို့ဗမာ
ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ

ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်







Technorati tags:
, , , , , ,

Saturday, June 20, 2009

Jerry C 's Canon Rock

ဒီသီချင်းရဲ့နာမည်က Canon Rock ပါ။
မူရင်းက Johann Pachelbel ရဲ့ Canon in D major ဖြစ်ပါတယ်။
ဒီသီချင်းကိုပဲ Taiwan လူမျိုး musician နဲ့ composer တစ်ယောက်ဖြစ်တဲ့ Jerry Chang က neo-classical metal ပုံစံပြောင်းတီးထားတာပါ။
မူရင်း Johann Pachelbel ရဲ့ Canon in D major ဟာ သူ့ခေတ်သူ့အခါကရော ခုအချိန် classical guitar တီးခတ်နေသူတွေရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာပါ နာမည်ကြီးနေဆဲပါ။
Jerry C လို့ လူသိများတဲ့ Jerry Chang က ဒီသီချင်းကို Internet ပေါ်မှာ တင်လိုက်တော့ သူ တော်တော်နာမည်ကြီးသွားပါတယ်။
January 2007 Guitar World magazine မှာ Jerry C ရဲ့အကြောင်းနဲ့ သူ့ master-piece လိုဖြစ်နေတဲ့ ဒီ Canon Rock သီချင်းကိုလဲ tab အနေနဲ့ ဖေါ်ပြခဲ့ပါသေးတယ်။
ပြီးတော့ ultimate-guitar.com ရဲ့ top 10 downloaded ထဲမှာလဲ ဒီ Jerry C ရဲ့ Canon Rock ပါဝင်နေပါတယ်။

နားဆင် ခံစား ကြည့်ကြပါဗျာ။
ကျွန်တော်တော့ ကြိုက်တယ်.......



ဒါက ဗွီဒီယိုပါ။




ဒါက သီချင်းပါ။ ဒီနေရာမှာ ယူနိုင်ပါတယ်။






ဒါကတော့ ဂစ်တာသမားတွေအတွက်ပါ။
Jerry C ရဲ့ Cannon Rock Guitar pro notes ဖြစ်ပါတယ်။


မူရင်းဖြစ်တဲ့ Johann Pachelbel ရဲ့ Canon in D major ကိုလိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းပါ။

******* ******* *******

ကျွန်တော် ဒီသီချင်းကို သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ နားထောင်ဖြစ်ခဲ့တာပါ။
ပထမဆုံးစနားထောင်ဖြစ်တော့ သီချင်းအစလေးမှာတင်ကို ကြိုက်တယ်ဗျ။
ဒီပုံစံမျိုး ကြားဖူးတယ်လို့လဲ စိတ်ထဲမှာထင်နေတယ်။
အဲ band လိုက် စုဝင်တဲ့ main riff နေရာလဲရောက်ရော တော်တော်မိုက်တယ် ငါ တီးကြည့်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။
ဟား ဟား solo နေရာလဲရောက်ရော ဒါ ဘာသီချင်းမှန်းလဲ သိသွားပြီ၊ သေချာပေါက်လဲ တီးချင်နေပြီ။
Solo က တော်တော် မိုက်တယ်ဗျ နော.........
ဒီသီချင်းမှာ ကျွန်တော်အကြိုက်ဆုံးက riff နေရာနဲ့ solo နေရာပါ။
Jerry C arrangement လုပ်ထားတာကလဲ တကယ်ချီးကျူးစရာပါ။
ကျွန်တော့်အတွက် ချွေးပြန်စေတဲ့နေရာကတော့ ထုံးစံအတိုင်း sweep picking နေရာပေါ့ဗျာ။
ကျွန်တော်က sweep picking တီးတဲ့နေရာမှာ သောက်ရမ်း ညံ့တယ်ဗျ
ဘာပဲဖြစ်ဖြစ် ဒီသီချင်းတော့ မရ ရအောင် တီးထားပါတယ်။
အမြဲတမ်းနားထောင်ဖြစ်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းပါပါတယ်။
ကဲ.......
ခင်ဗျားရော ဒီသီချင်းကို ဘယ်လိုသဘောရလဲ.......


Technorati tags:
, , , , , , , ,

Tuesday, June 16, 2009

ဓီရာမိုရ် - ငါတို့အိမ်

ဒီသီချင်းလေး နားထောင်ကြည့်ကြပါလားဗျာ။ ကျွန်တော်တော့ ကြိုက်တယ်။ သံစဉ် စာသား music accompaniment အားလုံး ကြိုက်တယ်ဗျ။ နားထောင်ကြည့်လို့ ကြိုက်တယ်ဆို download လဲ လုပ်လို့ရပါတယ်။




ဓီရာမိုရ် - ငါတို့အိမ်
ငါတို့အိမ်
တေးရေး - အရိုး
တေးဆို - ဓီရာမိုရ်

အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက် တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …

အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …

မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …

လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …

ဓီရာမိုရ် - ငါတို့အိမ်



Technorati tags:
, , , , , , , , , ,