Saturday, June 20, 2009

Jerry C 's Canon Rock

ဒီသီချင်းရဲ့နာမည်က Canon Rock ပါ။
မူရင်းက Johann Pachelbel ရဲ့ Canon in D major ဖြစ်ပါတယ်။
ဒီသီချင်းကိုပဲ Taiwan လူမျိုး musician နဲ့ composer တစ်ယောက်ဖြစ်တဲ့ Jerry Chang က neo-classical metal ပုံစံပြောင်းတီးထားတာပါ။
မူရင်း Johann Pachelbel ရဲ့ Canon in D major ဟာ သူ့ခေတ်သူ့အခါကရော ခုအချိန် classical guitar တီးခတ်နေသူတွေရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာပါ နာမည်ကြီးနေဆဲပါ။
Jerry C လို့ လူသိများတဲ့ Jerry Chang က ဒီသီချင်းကို Internet ပေါ်မှာ တင်လိုက်တော့ သူ တော်တော်နာမည်ကြီးသွားပါတယ်။
January 2007 Guitar World magazine မှာ Jerry C ရဲ့အကြောင်းနဲ့ သူ့ master-piece လိုဖြစ်နေတဲ့ ဒီ Canon Rock သီချင်းကိုလဲ tab အနေနဲ့ ဖေါ်ပြခဲ့ပါသေးတယ်။
ပြီးတော့ ultimate-guitar.com ရဲ့ top 10 downloaded ထဲမှာလဲ ဒီ Jerry C ရဲ့ Canon Rock ပါဝင်နေပါတယ်။

နားဆင် ခံစား ကြည့်ကြပါဗျာ။
ကျွန်တော်တော့ ကြိုက်တယ်.......



ဒါက ဗွီဒီယိုပါ။




ဒါက သီချင်းပါ။ ဒီနေရာမှာ ယူနိုင်ပါတယ်။






ဒါကတော့ ဂစ်တာသမားတွေအတွက်ပါ။
Jerry C ရဲ့ Cannon Rock Guitar pro notes ဖြစ်ပါတယ်။


မူရင်းဖြစ်တဲ့ Johann Pachelbel ရဲ့ Canon in D major ကိုလိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းပါ။

******* ******* *******

ကျွန်တော် ဒီသီချင်းကို သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ နားထောင်ဖြစ်ခဲ့တာပါ။
ပထမဆုံးစနားထောင်ဖြစ်တော့ သီချင်းအစလေးမှာတင်ကို ကြိုက်တယ်ဗျ။
ဒီပုံစံမျိုး ကြားဖူးတယ်လို့လဲ စိတ်ထဲမှာထင်နေတယ်။
အဲ band လိုက် စုဝင်တဲ့ main riff နေရာလဲရောက်ရော တော်တော်မိုက်တယ် ငါ တီးကြည့်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။
ဟား ဟား solo နေရာလဲရောက်ရော ဒါ ဘာသီချင်းမှန်းလဲ သိသွားပြီ၊ သေချာပေါက်လဲ တီးချင်နေပြီ။
Solo က တော်တော် မိုက်တယ်ဗျ နော.........
ဒီသီချင်းမှာ ကျွန်တော်အကြိုက်ဆုံးက riff နေရာနဲ့ solo နေရာပါ။
Jerry C arrangement လုပ်ထားတာကလဲ တကယ်ချီးကျူးစရာပါ။
ကျွန်တော့်အတွက် ချွေးပြန်စေတဲ့နေရာကတော့ ထုံးစံအတိုင်း sweep picking နေရာပေါ့ဗျာ။
ကျွန်တော်က sweep picking တီးတဲ့နေရာမှာ သောက်ရမ်း ညံ့တယ်ဗျ
ဘာပဲဖြစ်ဖြစ် ဒီသီချင်းတော့ မရ ရအောင် တီးထားပါတယ်။
အမြဲတမ်းနားထောင်ဖြစ်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းပါပါတယ်။
ကဲ.......
ခင်ဗျားရော ဒီသီချင်းကို ဘယ်လိုသဘောရလဲ.......


Technorati tags:
, , , , , , , ,

No comments:

Post a Comment