Saturday, June 20, 2009

Right Hand Fretting Arpeggios

ဒါကလည်း အလင်္ကာဂီတဂျာနယ်မှာ စိုးေ၀၀င်းမြင့် ဆိုတဲ့ ကျွန်တော့်နာမည်နဲ့ပဲ ရေးထားခဲ့ဖူးတဲ့ ဆောင်းပါးလေးပါ။

******* ******* *******

Right Hand Fretting ဆို၍ နား(မျက်စိ) ရှုပ်မသွားပါနှင့်။ Tapping ကို အခြားနည်းဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။

အဓိပ္ပါယ်မှာ
Tapping = Right Hand Fretting
= ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ်ပေါက်၍တီးခြင်း

၎င်းတီးနည်းသည် များသောအားဖြင့် Arpeggio များအား မြန်မြန်ဆန်ဆန် တီးချင်ကြ၍ ဖြစ်သည်။ Arpeggio ဆိုသည်မှာ အဘယ်နည်း?

Arpeggio = ကော့ဒ်တစ်ခုတွင် ပါသောအသံများအား တစ်သံချင်း (စဉ်ဆက်မပြတ်) ဖြန့်၍တီးခြင်း

ထို့ကြောင့် .....
Right Hand Fretting Arpeggios = ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ် ပေါက်၍ ကော့ဒ်အတွင်းရှိ အသံများကို ဖြန့်ကျက်တီးခြင်း


Fig 1(a)
Fig 1(a) တွင် ဂစ်တာ၏ နံပါတ် 5 ကြိုးပေါ်တွင်ရှိသော A major scale ကို ပြထားသည်။

A major scale တွင်ပါသော အသံများ = (A, B, C#, D, E, F#, G#)

1, 3, 5 တို့သည် A major chord ၏ arpeggio note များဖြစ်သည်။
1 သည် A ဖြစ်၍ ၎င်းကို A major chord ၏ root note ဟု ခေါ်သည်။
3 သည် A ၏ major third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့်အသံ C# ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှစရေလျှင် ပဉ္စမမြောက် တွေ့ရမည့်အသံ E ဖြစ်သည်။


င်္င်္
Fig 1(b)

Fig 1(b) တွင် ဂစ်တာ၏ နံပါတ် 5 ကြိုးပေါ်တွင်ရှိသော A minor scale ကို ပြထားသည်။

A minor scale တွင်ပါသော အသံများ = (A, B, C, D, E, F, G)

1, 3b, 5 တို့သည် A minor chord ၏ arpeggio note များဖြစ်သည်။
1 သည် A ဖြစ်၍ ၎င်းကို A minor chord ၏ root note ဟု ခေါ်သည်။
3b သည် minor third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့် အသံ C ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှ စရလျှင် ပဉ္စမမြောက်တွေ့ရမည့် အသံ E ဖြစ်သည်။

******* ******* *******

မိမိ Tapping တီးမည့် arpeggio ၏ အနိမ့်ဆုံးအသံသည် root note ဖြစ်နေလျှင် ၎င်းကို root position ဟုခေါ်သည်။

Fig 1(a) နှင့် Fig 1(b) တွင် ပြထားသော 1, 3, 5 နှင့် 1, 3b, 5 တို့မှာ root position အတိုင်း နေရာချထားခြင်းဖြစ်သည်။

အောက်တွင်ဖော်ပြထားသော Ex No.1 နှင့် Ex No.2 တို့မှာ root position အတိုင်း တီးထားသော arpeggio များ ဖြစ်သည်။

{ Tapping တခါမှ မတီးဖူးသူများအတွက် အနည်းငယ်ရှင်းပြချင်ပါသည်။ Fingering နေရာမှ R.H သည် (right hand) ညာဘက် လက်ချောင်းများဖြင့် ပေါက်(tap)တီးရမည်ကို ညွှန်းဆိုပြီး "1 သည် ဘယ်လက်ညှိုး" "3 သည် ဘယ်လက်သူကြွယ်" "4 သည် ဘယ်လက်သန်း" ကို ညွှန်းသည်။ အထက်မှ HP ဆိုသည်မှာ ........... H = hammer on (နိမ့်သောအသံမှ မြင့်သောအသံသို့ pick ၏ အကူအညီမပါပဲ ပေါက်၍ တီးရန်) ၊ P = pull off (မြင့်သောအသံမှ နိမ့်သောအသံသို့ pick ၏ အကူအညီမပါပဲ ဆွဲချ၍ တီးရန်) ဖြစ်သည်။ ညာလက်ချောင်းဖြင့် ပေါက်ရာ၌ မည်သည့်ညာလက်ချောင်း (လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း) နှင့်မဆို ပေါက်တီးနိုင်ပြီး ဂစ်တာသမားအများစုသည် လက်ညှိုး နှင့် လက်ခလယ်ကို အသုံးများသည်။ (သာမန်အချိန်၌ လက်ညှိုးဖြင့်ပေါက်သော်လည်း pick ကိုင်၍ solo တီးနေချိန်၌မူ လက်ခလယ်ကို အသုံးချရိုး ထုံးစံရှိသည်။) }

ဥပမာ ........ Ex No.1 ၏ ပထမဘားတွင် 1 ကြိုး၏ 12 အကွက်ကို ညာလက်ညှိုးဖြင့် ပေါက်၍ တီးပါ။ တစ်ချိန်တည်းလိုလိုတွင် 1 ကြိုး၏ 5 အကွက်ကို ဘယ်လက်ညှိုးဖြင့်ဖိထားပြီး (tap လုပ်ထားသော) ညာလက်ညှိုးကို အောက်သို့ဆွဲချခြင်းဖြင့် 5 အကွက်မှ A အသံကို ထွက်စေ ရမည်။
ပြီးလျှင် ဘယ်လက်သန်းဖြင့် 1 ကြိုး၏ 9 အကွက်ကို ပေါက်၍ C# ကို ဆက်တီးလိုက်ပါ။


Ex 1




*******

Ex 2




******* ******* *******

အကယ်၍ root note (1) သည် အသံတစ်ပြန် one octave မြင့်တက်သွားပြီး 3rd note (major third / minor third) ဟာ အနိမ့်ဆုံး ၌ ရှိနေခဲ့လျှင် ၎င်းကို first inversion ဟု ခေါ်သည်။

Fig တွင်ကြည့်ပါ။

Fig (A major)



Fig (A minor)


******* ******* *******

သဘောပေါက်ပြီဆိုလျှင် root position နှင့် first inversion နှစ်မျိုးစလုံးသုံးပြထားသော Ex No.3 ကို မိမိကိုယ်တိုင် ခွဲခြမ်းစိစစ်၍ တီးကြည့်ပါ။


Ex No.3






******* ******* *******

တဖန် 3rd note သည် အသံတပြန်မြင့်တက်သွားပြီး 5th note ကို အနိမ့်ဆုံး၌ထားခဲ့လျှင် ၎င်းပုံစံကို second inversion ဟုခေါ်သည်။

Fig ၌ ပြထားသည်။

Fig (A major)



Fig (A minor)

*******

အထက် Fig မှ 5th note ကို အသံတပြန်အထိရောက်အောင် မိမိကိုယ်တိုင် မြှင့်ကြည့်လိုက်ပါ။ root position ကို ပြန်လည်ရောက်ရှိ သွားပေမည်။

Ex No.4 တွင် root position, first inversion နှင့် second inversion သုံးမျိုးစလုံး သုံးပြထားသည်။

Ex No.4







******* ******* *******

Right Hand Fretting Arpeggio (Arpeggio Tapping) တွင်

1. root position

2. first inversion

3. third inversion ဟူ၍ သုံးမျိုးရှိပြီး ၎င်းပုံစံများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်။

ထိုဆက်နွယ်မှုကို အခြေခံ၍ မိမိကိုယ်ပိုင် arpeggio များကို ကြိုးစားဖန်တီး၍ Tap လုပ်ကြည့်ပါ။


Technorati tags:
, , , , , , , , , , , ,

No comments:

Post a Comment