Friday, July 31, 2009

Who Doesn't Want to Be Little Again


ကဲ.......
အသက်ပြန်မငယ်ချင်ပါဘူး ဆိုတဲ့သူတွေ ရှိကြသေးရဲ့လားဗျာ :=)

ဘာပဲပြောပြော ကလေးဘ၀က အပြစ်ကင်းပါတယ်ဗျာ

ကျွန်တော်တော့ ပြန်ငယ်လို့ရရင် ပြန်ငယ်ချင်တယ်
အသက်ကို ပြောတာနော် :=)

Technorati tags:
, , , , , , ,

Wednesday, July 29, 2009

picture လှလှလေးတွေ - ၂

SWITZERLAND IN WINTER ဆိုပြီး သူငယ်ချင်းတစ်ယောက်က မေးလ်ပို့လိုက်တာကို ဖွင့်ကြည့်တော့
လား လား.......
လှလိုက်တာဗျာ
အဲဒီနေရာမှာနေတဲ့သူတွေတော့ အေးလွန်းလို့ ဘယ်လိုဖြစ်နေမလဲမသိ
ဓါတ်ပုံလေးတွေ ကြည့်ရတာတော့ အရမ်းလှတယ်ဗျာ
ဒါနဲ့ပဲ ခင်ဗျားတို့လဲ ကြည့်ရှုခံစားလို့ရအောင် တင်ပေးလိုက်ပါတယ်
Search Engine တစ်ခုခုမှာ SWITZERLAND IN WINTER ဆိုပြီး ဓါတ်ပုံတွေကို ရိုက်ရှာကြည့်ရင်လဲ တခြားလှတဲ့ပုံလေးတွေတွေ့ရပါလိမ့်ဦးမယ်
ကဲ အခုတော့ ကျွန်တော်တင်ပေးထားတာလေးတွေကို ကြည့် ကြည့်ကြပါဦးဗျာ




















ဘယ်လိုလဲ ကြိုက်ကြတယ်မို့လား
:=) (=:

Technorati tags:
, , , , , , , , , , , , , ,

Saturday, July 25, 2009

METACAFE pro installer

အပျင်းပြေ metacafe ကြည့်ချင်သူတွေအတွက် metacafe pro တင်ပေးလိုက်ပါတယ်။


သူ့ရဲ့အားသာတဲ့အချက်က.......

metacafe ကြည့်ချင်ပြီဆိုရင် သူ့ရဲ့ web site ကို သွားနေစရာမလိုဘူး။
Desktop မှာရှိတဲ့ metacafe icon ကို clickနှိပ်ပြီး ၀င်ကြည့်နိုင်သလို notification area မှာပေါ်ပေးနေမယ့် metacafe ပုံလေးကိုလဲ clickနှိပ်ပြီး ၀င်ကြည့်နိုင်ပါတယ်။

ဒီmetacafe softwareက auto ဒေါင်းလုဒ်ချပေးနေပါလိမ့်မယ်။
အသစ်ချထားတာလေးတွေကို New Items ထဲမှာ သူ့အလိုလိုဒေါင်းပြီး ထည့်ပေးထားလိမ့်မယ်။
ခင်ဗျားကြည့်ပြီးသား အဟောင်းတွေကိုတော့ Old Items ထဲကို သူ့အလိုလို ရွေ့ပေးထားပါလိမ့်မယ်။
ခင်ဗျား သိပ်ကြိုက်တဲ့ဟာတွေကိုတော့ ဖိုင်ပေါ်မှာ right click>save လုပ်လိုက်ရင် Save Items ထဲကို ရွေ့သိမ်းပေး ထားပါလိမ့်မယ်။

Content Setting ကို သွားပြီး
Categories tag မှာ video တွေကိုပဲ ကြည့်ချင်တာလား၊ Image တွေကိုပဲ ကြည့်ချင်တာလား ....... ဆိုတာကို သွားပြင်လို့ ရပါတယ်။ နောက်ပြီးတော့ ရီစရာcomedy တွေကိုပဲကြည့်ချင်တာလား၊ အားကစားspot ကိုပဲကြည့်ချင်တာလား....... ဆိုတာကိုလဲ သွားပြင်ထားလို့ရပါတယ်။
Family Filter tag မှာ သွားပြီး very sexual ဖြစ်တာတွေ ဘာတွေညာတွေကို ပိတ်ထားလို့ရပါတယ်။
ကိုယ်ကြည့်လို့ ၀သွားတဲ့ဟာတွေ မကြိုက်တော့တဲ့ဟာတွေကိုလဲ delete လုပ်လိုက်လို့ရပါတယ်။

ကဲ.......
ဒီနေရာမှာ download ချယူပြီး install လုပ်နိုင်ပါတယ်။

အားလုံး အဆင်ပြေ ပျော်ရွှင်နိုင်ကြပါစေ.......


Technorati tags:
, , , , , , , , ,

MOTOR CYCLE

Great Italian Motorbike Display ဆိုတဲ့ ဗွီဒီယိုလေး တင်ပေးလိုက်ပါတယ်။
ကြည့် ကြည့်ကြပါဦး။

မိုက်တယ်နော်။
ခင်ဗျားတို့ရော အဲလိုနေရာမျိုးမှာ ၀င်မစီးချင်ကြဘူးလား။
ကျွန်တော်ကတော့ ကြည့်ပဲကြည့်ချင်တယ်။
ကိုယ်တိုင်ဝင်မစီးချင်ဘူးဗျ။
ကိုယ့်ကြောင့် အကုန်လိုက်မှောက်ကုန်မှာစိုးတယ်လေ :=)



Technorati tags:
, , , , , , ,

Friday, July 24, 2009

HISTORY OF GUITAR

ရှေးကြိုးတပ်ဂစ်တာရဲ့ မူလအစဟာ သိပ်မရေရာပါ။ သို့သော် ၎င်းကို Lyra ဆိုတဲ့တူရိယာအဖြစ်ကနေ
စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး ရှေးအီဂျစ် BC3000 ဆီကို ပြန်ခြေရာကောက်နိုင်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း Lyraဟာ (အလယ်ခေတ် Lute အပါအ၀င်) အသွင်သဏ္ဌာန် အမျိုးမျိုး အဖြစ် ဖြတ်သန်းလာခဲ့ရသည်။ ဒီလိုဖြတ်သန်းလာရင်း အလယ်ခေတ်မှာ Lute ဆိုတ
ဗျပ်စောင်းကြိုးတပ်တူရိယာအဖြစ်ပုံပေါ်လာပါတယ်။ (Lute)ဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာရဲ့ မူရင်းနိမိတ်ပုံပါပဲ။

*****************************

ဂစ်တာရဲ့မူလအစ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ ပတ်သက်လို့ မှန်းဆချက် နှစ်မျိုးရှိသည်။

၁ - Assyria မှာ Lute အဖြစ်နဲ့ စတင်ခဲ့ပြီး အီဂျစ်၊ ပါရှန်း နဲ့ အာရေးဗီးယား တို့ကိုဖြတ်၍ နောက်ဆုံး ၈-ရာစု ၀န်းကျင်မှာ စပိန်ကို ရောက်ရှိလာတာနဲ့

၂ - Assyria လူမျိုးတို့ရဲ့ Ketharah နဲ့


ဂရိလူမျိုးတို့ရဲ့ Kitara
တို့ဟာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး

Chrottaကို
ပြန်လည် အမည်မှည့်ခေါ်ထားတဲ့ Citara-Roman တူရိယာအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ၁၆-ရာစု စပိန်ဂစ်တာရဲ့ အနီးစပ်ဆုံး

Vihula တူရိယာ
ဖြစ်လာသည်။

*****************************

၁၂-ရာစုအတွင်းမှာ စပိန်တွင် ဂစ်တာပုံစံ နှစ်မျိုး ခေတ်စားခဲ့သည်။

၁ - ဂရိ နဲ့ ရောမ တူရိယာတွေက ဆင်းသက်လာတဲ့ Guitarra Latina
နဲ့

၂ - အာဖရိကမှ အမွေဆက်ခံခဲ့တဲ့ Guitarra Morisca တို့ဖြစ်သည်။

Guitarra Latina ဟာ ကြိုး၎ကြိုး (၁ကြိုးချင်းစီ) ပါဝင်ပြီး ယနေ့ခေတ် ဂစ်တာနဲ့ ဆင်တူပါသည်။ သူ့ကို Puntrado (Plucked) Style နဲ့ အတီးများပါတယ်။

Guitarra Morissa ဟာ ကျောနောက်မှာ အ၀ိုင်းပုံနဲ့ ဘဲဥပုံ(oval shaped) တူရိယာဖြစ်ပြီး အတော်များတဲ့ နှစ်ကြိုးပူး၊ သုံးကြိုးပူး ကြိုးတွေပါရှိသည်။ သူ့ကို ကြမ်းတမ်းတဲ့ Rasgueado Style နဲ့ တီးခတ်ကြသည်။

*****************************

၁၆-ရာစု စပိန်မှာ ပေါ်ပေါက်လာတဲ့ Vihuela ဟာလည်း ပုံစံမျိုးစုံရှိခဲ့သည်။ Vihuela de Mano ဟာ လက်ချောင်းလေးတွေနဲ့တီးရပြီး၊ Vihuela de Arco က ဘိုးတံနဲ့ ထိုးရကာ၊ Vihuela de Plectro ကတော့ လက်ခတ်နဲ့ တီးခတ်ရပါသည်။

ယနေ့ခေတ် ဂစ်တာဟာ Vihuela de Mano မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ Vihuela ရဲ့ ဒုတိယမှ ဆဌမကြိုး အထိဟာ အပူးအတွဲများ ဖြစ်ပြီး၊ ပထမကြိုးကတော့ တစ်ချောင်းထဲ ဖြစ်သည်။ အသုံးအများဆုံး ကြိုးညှိနည်းကတော့ G, C, F, A, D, G (6 to 1) ဖြစ်သည်။

၎င်းကြိုးညှိနည်းဟာ ယနေ့စံသတ်မှတ်ထားတဲ့ ကြိုးညှိနည်းနဲ့ ညှိထားတဲ့ ဂစ်တာရဲ့ တတိယမြောက်အကွက်မှာ Capo ခံ၊ တတိယမြောက်ကြိုးကို အသံဝက် လျှော့ညှိထားတာနဲ့ အတူတူပဲဖြစ်ပါသည်။

၁၆-ရာစုအတွင်းမှာ Vihuela နဲ့ ဂစ်တာကို အသုံးပြုတဲ့ ကြိုးအရေအတွက်ပေါ် မူတည်ပြီး ခွဲခြားခဲ့ကြသည်။ အဲဒီအချိန်က ဂစ်တာမှာ ကြိုး၎ကြိုးရှိပြီး၊ ဒုတိယကြိုးမှ စတုတ္ထကြိုးအထိ ကြိုးအပူးများဖြစ်ကာ ပထမကြိုးကတော့ စင်းလုံးချော တစ်ကြိုးထဲသာဖြစ်သည်။ သို့သော် ၁၆-ရာစု ကုန်ဆုံးချိန်မှာ Vihuela နဲ့ သူ့ဂီတဟာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပါသည်။

စပိန်မှာလည်း ၁၇-ရာစုအဆုံးမှာ Harpsichord
နဲ့ ဂစ်တာတို့ ပေါ်ပေါက်လာမှုကြောင့် Lute တူရိယာဟာလည်း ပျောက်ကွယ်ခဲ့ရသည်။

*****************************

Vicente Espinel (1551-1642)ဟာ
ဂစ်တာဖွံ့ဖြိုးတိုးတက်မှုအပေါ် စိတ်ရော၊ ကိုယ်ပါ ဘ၀ကို နှစ်မြှုပ်ထားပြီး ရိုးရာ ၄ကြိုးတပ် Guitarra Latina ကို ကြိုးအပိုတွေ ထပ်ဖြည့်လိုက်ရာ အဲဒီအချိန်ကတည်းကစပြီး စပိန်ဂစ်တာ (Spanish Guitar) ဆိုပြီး အောင်မြင် လူသိများ ကျော်ကြားခဲ့ပါသည်။ အဲဒီဂစ်တာမှာ ကြိုး၅ကြိုး တပ်ထားပါသည်။

*****************************

Baroque ခေတ်(1600-1750) နဲ့ Rococo ခေတ် နှစ်ခုကြား ၁၈-ရာစုအတွင်းမှာတော့ ဂစ်တာရဲ့ပြောင်းလဲတိုးတက်မှုဟာ တန့်နေတဲ့ အခြေအနေထဲ ကျဆင်းသွားခဲ့သည်။ ထိုအချိန်အတွင်း ကီးဘုတ်နဲ့ကြိုးတပ်တူရိယာ (ဂစ်တာ မပါဝင်) တွေဟာ ထိပ်တန်းသို့ ရောက်နေခဲ့ကြပါသည်။

*****************************

၁၈-ရာစုနှောင်းပိုင်းမှ ၁၉-ရာစုအ၀င် ဂစ်တာကိုစိတ်ဝင်စားမှုက ပြန်လည်ခေတ်စားဖို့ စတင်လာခဲ့သည်။ ၁၈၅၀နှစ်များမှာတော့ J. Areas နဲ့ Antonio Tesses တို့ရဲ့ အကူအညီနဲ့ ခေတ်သစ်ဂစ်တာရဲ့ ပုံစံကို ရေးဆွဲလိုက်ကြပါသည်။ ဒါဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာပုံစံပဲ ဖြစ်ပါသည်။

*****************************

၁၉၃၁မှာ Rickenbacker ဆိုသူဟာ သူ့ကိုယ်ပိုင် ဒီဇိုင်းဖြစ်တဲ့ ဒယ်အိုးခွက်သဏ္ဃန် ကိုယ်ထည်ရှိပြီး၊ ပေါင်ပေါ်လှဲ တီးခတ်ရတဲ့ Lap-steel ဂစ်တာတွေမှာ


လျှပ်စစ်သံလိုက်သုံး Pickups
ကို စတင်တပ်ဆင် အသုံးပြုလိုက်ခြင်းဖြင့် လျှပ်စစ်ဂစ်တာခေတ်ကို စတင် ဖွင့်လှစ်လိုက်ပါသည်။ နောက်တစ်နှစ်အကြာမှာတော့ ထိုလျှပ်စစ်ဂစ်တာတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကာ အပေါ်ဖုံး မျက်နှာပြင်ခုံးပေါ်တပ်ထားတဲ့ Pickups ကတော့ မြင်းခွာပုံသံလိုက်သုံး Pickups ဖြစ်ပါသည်။ Electro Spanish ဂစ်တာတွေရဲ့
အောင်မြင်မှုက တခြားဂစ်တာ ထုတ်လုပ်သူတွေကို လျှပ်စစ်ဂစ်တာ ထုပ်လုပ်ဖို့ တပ်လှန့်ပေးလိုက်ခြင်းပါပဲ။

*****************************

၁၉၃၀နှစ်များအတွင်းမှာတော့ ဂစ်တာတွေကို Higher Octave တွေအထိ တီးခတ်နိုင်ဖို့အတွက် Cutaway တွေ တွင်တွင်ကျယ်ကျယ် လုပ်လာတာကို တွေ့ကြရမည်။၁၉၄၀နှစ်များမှာတော့ တီထွင်ဖန်တီးရှင်အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Paul Bigsby ဟာ
Country ဂစ်တာသမား Merle Travis အတွက် ပထမဆုံး Solid Body လျှပ်စစ်ဂစ်တာကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဂစ်တာဟာ သူ့ခေတ် သူ့အခါမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

*****************************

1952-ခုနှစ်မှာ Gibson ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး (ယခုအချိန်အထိ ဂစ်တာသမားများ မက်မက်စက်စက် တီးနေကြတဲ့) Solid Body လျှပ်စစ်ဂစ်တာ Les Paul ကို
ထုတ်လုပ်လိုက်ပါသည်။

*****************************

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဟိုးအရင်ကတည်းကနေ နောင်အချိန်အထိ ပြောင်းလဲတိုးတက်နေဦးမယ့် ဂစ်တာကို ယခုအချိန်မှာ အဓိကပုံစံ ၃မျိုး ခွဲခြားနိုင်ပါသည်။
ဒါတွေကတော့ Nylon String Classical Guitar



Steel String Acoustic Guitar
နဲ့


Solid Body Electric Guitar
တို့ပဲ ဖြစ်ကြပါသည်။



Technorati tags:
, , , , , , , ,

ဖတ်ဖူးခဲ့သော ဟာသများ - ၉

မင်းတော့....... သေပြီသာမှတ်ပေတော့


ကမ်းခြေမှသူဌေးကအိမ်သို့ ဖုန်းဆက်နေသည်။

"ဟေ့ကောင်ကြီး....... အိမ်မှာ ဘယ်လို အခြေအနေရှိလဲ အေးဆေးပဲလားကွ"

"ဟာ... မအေးဆေးဘူးဆရာ၊ ဆရာမွေးထားတဲ့ ကြက်တူရွေးကြီး သေသွားပြီ"

"ဟေ....... မင်းဂရုစိုက်ပြီး အစာမကျွေးဘူးလား ဟေ့ကောင်"

"ကျွေးပါတယ်ဆရာရယ်"

"အေး... ကျွေးရင်ပြီးရော သေတာကသေသွားပြီ ရှိစေတော့ ရှိစေတော့
ဒါနဲ့ ဘယ်လိုဖြစ်ပြီးသေသွားတာလဲ အအေးမိတာလား"

"မဟုတ်ဘူးဆရာ... အဲဒီကောင်က အသားအပုပ်တွေ စားမိလို့ သေသွားတာ"

"ဟင်!!! ဘယ်က အသားအပုပ်တွေတုန်းဟ မင့်ဥစ္စာက"

"ဆ... ဆရာ... စိတ်မဆိုးရဘူးနော်
ပြီးတော့... ကျွန်တော့်ကိုအလုပ်မထုတ်ပါနဲ့နော်"

"အေးပါ မြန်မြန်ပြောစမ်းပါ"

"ဟိုလေ ဆရာ့မြင်းကြီး အသားအပုပ်တွေ"

"ဘာ....... ငါ့မြင်းကြီး ဟုတ်လား"

"ဟုတ်... ဟုတ်... သေသွားပြီဆရာ"

"ဟေ!!!"

"သူကတော့ ပင်ပန်းပြီး သေတာ ဆရာ"

"ဘာကွ မြင်းကြီးကို မင်းတို့ လျှောက်စီးကြတာပေါ့ ဟုတ်လား"

"မဟုတ်ဘူးဆရာ... ရေ... ရေသယ်ရလို့ပါ..."

"ဘာ!!! ရေ....... ဟုတ်လား... ဘာလုပ်ဖို့လဲဟင် ဘာလုပ်ဖို့လဲ"

"ဟို... ဟိုလေ... မီးလောင်လို့"

"ဘာ!!!!!!! မီးလောင်လို့ ဟုတ်လား... ဘယ်သူ့အိမ်လဲ... ပြောစမ်း မြန်မြန်"

"ဆရာ့အိမ်ပေါ့ ဆရာရယ်"

"ဘာကွ... ဟေ့ကောင်... ဘယ်လိုဖြစ်တာလဲ ပြောစမ်းမြန်မြန်"

"ဖယောင်းတိုင်မီးကလောင်တာဆရာ... အသုဘရှိလို့ ထွန်းထားတဲ့ ဖယောင်းတိုင်က"

"အ... အ... အသုဘ... ဘယ်... ဘယ်သူလဲဟင်"

"ဆရာ့အမေ......."

"ဘာကွ... ငါ့အမေသေပြီ... ဟုတ်လား... အမယ်လေး... ပြောစမ်း... ပြောစမ်း... ဘယ်လိုဖြစ်တာလဲ"

"ဒီလိုပါဆရာရယ်... အဲဒီနေ့ကပေါ့... ဘုရားခန်းထဲမှာ... လူရိပ်တစ်ရိပ်... ဖျတ်ခနဲမြင်တာနဲ့ ဟ... သူခိုးဟ... ဆိုပြီး... အနားမှာတွေ့တဲ့ ဂေါက်ရိုက်တံနဲ့ နှက်ထည့်တာ... ဆရာ့အမေဖြစ်နေတယ် တခါတည်း ပွဲချင်းပြီးသွားတယ်... ဆရာ"

"ဘာ... ရှီးထဲမှပဲ... သောက်ရမ်း သောက်ရမ်းလုပ်ရလားဟ အဲဒီ ဂေါက်ရိုက်တံ ကောက်သွားလို့ကတော့... မင်း... မင်း... သေပြီသာမှတ်"

"မကောက်ပါဘူး ဆရာရယ်"

"ဟူး....... တော်သေးတာပေါ့ကွာ"

"မ... မ... မဟုတ်ဘူးဆရာ မကောက်ဘူးဆိုတာ မီးထဲ တစ်ခါတည်းပါသွားတာကို ပြောမလို့ပါ"

"ဘာကွ!!! ဒါဆို ငါ့အိမ်မှာ ဘာပစ္စည်းတွေ ကျန်သေးလဲ"

"ဘာမှ မကျန်တော့ဘူး ဆရာ အဲ....... ကျွန်တော်က လွဲလို့ပေါ့"

"အေး အဲဒီ ကျန်တဲ့ တစ်ယောက်လဲ ငါ ပြန်ရောက်လို့ကတော့ သေပြီသာ မှတ်ပေတော့ ဟေ့......."


Technorati tags:
, , , , , , , ,

Thursday, July 23, 2009

အောင်ဆုပန် ဇယစက္ကော ဘုရားရှိခိုး


အရာရာကို အောင်မြင်စေနိုင်တဲ့ ဘုရားရှိခိုး ဂါထာတော်မြတ်ဖြစ်ပါတယ်။


အောင်ဆုပန် ဇယစက္ကော ဘုရားရှိခိုး


ဇယစက္ကော ဇယန္တောယော

ဇယိတဗ္ဗေ ဇယာသနေ

ဇယာပေသိ ဇယေသီနံ

ဇယံ ဒေတု ဇယုတ္တ ရော။

Microsoft Word နဲ့ လိုချင်ရင် ဒီမှာ download လုပ်ယူလိုက်ပါ။

အားလုံး အဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်ဝနိုင်ကြပါစေဗျာ.......


Technorati tags:
, , , , ,

CREED - ONE LAST BREATH



ဒီသီချင်းလေးဟာ CREED အဖွဲ့ရဲ့ 2001 ခုနှစ်မှာ ထုတ်လုပ်ဖြန့်ချိခဲ့သော တတိယမြောက် album ဖြစ်တဲ့ Weathered ထဲမှာပါတဲ့ သီချင်းဖြစ်ပါတယ်။
ကျွန်တော် တွေ့ဖူးသမျှ ဂစ်တာသမားတွေ (စတီးကာစ ၀ါနုသေးတဲ့သူတွေရော၊ ဆရာ့ ဆရာကြီးတွေရော) အကြိုက်တွေ့ကြ တီးကြ ခတ်ကြတဲ့ သီချင်းလေးပါ။
ဒီသီချင်းကို စနားထောင်ဖြစ်တာရော စတီးဖြစ်တာရော နုတ်စ်တွေရှာပေးတာရောက ကျွန်တော့် သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ Tony ရဲ့ ကောင်းမှုကြောင့်ပါ။
စနားထောင်မိကတည်းက နားထဲစွဲသွားတယ်ဗျ။
မစွဲခံနိုင်ရိုးလားဗျာ။
စထွက်လာကတည်းက ကြားလိုက်ရတဲ့ ဂစ်တာpicking က ဂစ်တာသမားတွေ အကြိုက်ဖြစ်နေတာကိုး။
ဆိုတော့ကာ....... ဂစ်တာသမားတွေကြိုက်ကြတာလဲ မဆန်းဘူးပေါ့ဗျာ။
နားထောင်မိပြီးတော့ သီချင်းနုတ်စ်က လိုချင်ပြန်ရောဗျ။
အပျင်းကြီးတာလေ ကိုယ့်ဟာကိုယ် နုတ်စ်ရှာ/ရေး ရမှာ ပျင်းတာကိုး။
ထုံးစံအတိုင်း Tony ကိုပဲ အပူကပ်ရတာပေါ့။
အဲဒီအချိန်တုန်းက ဒီကောင်က အင်တာနက်ကို မွှေနှောက်နေနိုင်ပြီ ဆိုဒ်တွေလဲ သိနေပြီလေ။
သူ့ကောင်းမှုကြောင့် နားထောင်ဖြစ် သူ့ကောင်းမှုကြောင့်ပဲ တီးဖြစ်ခဲ့တဲ့ သီချင်းလေးပါ။
ခုချိန်ထိလဲ ဂစ်တာကောက်ကိုင်ဖြစ်ရင် တီးမိနေတုန်းပါပဲ။

ကဲဗျာ သီချင်းလေးဘက် ခနလောက်ဖြစ်ဖြစ်လှည့်လိုက်ရအောင်ဗျာ။

ဒီသီချင်းအစဂစ်တာpart က ကျွန်တော့်အတွက်တော့ အသက်ပဲဗျ။
Mark Tremonti ကို တစ်ကယ်ပဲ ချီးကျူးလေးစားပါတယ်ဗျာ။
ကျွန်တော်သာဆို သေချာပါတယ် ဒီလိုpicking မျိုးထွက်လာမှာမဟုတ်ပါဘူး၊ {ကိုယ့်ကိုကိုယ် အမွှန်းတင်နေတာ :-) }


ကဲဗျာ....... ဒီသီချင်းလေးရဲ့ guitar pro notes က ဒီမှာပါ
လိုချင်ကြရင် ဒီမှာ download ချကြပေတော့ဗျို့။

အိမ်ကစက်မှာ guitar pro မတင်ရသေးဘူးဆိုရင်တော့ ဒီနေရာမှာ ကျွန်တော်တင်ထားတဲ့ guitar pro installer ရှိပါတယ် တစ်လက်စတည်း ဆွဲသွားကြပေါ့ဗျာ။

ဒါကတော့ အပြင်ဆိုင်ကိုသွားပြီး print ထုတ်မယ်ဆိုရင် ဆိုင်တွေမှာ guitar pro တင်မထားလို့ print ထုတ်လို့ မရသူတွေအတွက် pdf ဖိုင်ပါ။
ဒီနေရာမှာ download ဆွဲနိုင်ပါတယ်။

သြော် မေ့တော့မလို့ဗျ.......
သီချင်းရဲ့ ဗွီဒီယိုဖိုင် လိုချင်ရင်တော့ ဒီနေရာမှာ download ချလိုက်ပါ။

Technorati tags:
, , , ,

Wednesday, July 22, 2009

ဣစ္ဆာသယ မန္တန်တော်ကြီး

လိုတိုင်း တတိုင်း ရနိုင် ပြည့်နိုင် စေနိုင်တဲ့ မန္တန်တော်ကြီးပါ။



အနန္တစကြာဝဠာ - ဗြဟ္မစိုရ်လေးပါး

ဣစ္ဆာသယ မန္တန်တော်ကြီး


ဗုဒ္ဓေါ လောကေ သမုပ္ပန္နော၊ ဟိတာယ သဗ္ဗပါဏိနံ။
ဓမ္မော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
သံဃော လောကေ သမုပ္ပန္နော၊ သုခါယ သဗ္ဗပါဏိနံ။
ဗုဒ္ဓတေဇေန အရိန္ဒမော၊ ဗုဒ္ဓေါ မေ ရက္ခတုနိစ္စံ။
ဓမ္မတေဇေန မဟာလာဘော၊ ဓမ္မော မေ ရက္ခတု သဒါ။
သံဃတေဇေန မဟာလာဘော၊ သံဃော မေ ရက္ခတု သဒါ။
နမော တေ ဗုဒ္ဓ ၀ီရတ္တု၊ ၀ိပ္ပမုတ္တောတိသိ သဗ္ဗဓိ။
သမ္ဗာဓပ္ပဋိပန္နော၊ တဿမေသရဏံဘ၀။
အရဟံ ဗုဒ္ဓေါ၊ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ။
အကာလိကော ဓမ္မော၊ ဓမ္မံ သရဏံ ဂစ္ဆာမိ။
သုပ္ပဋိပန္နော သာဝကသံဃော၊ သံဃံ သရဏံ ဂစ္ဆာမိ။
ဗုဒ္ဓေါ သဗ္ဗညုတညာဏော၊ ဓမ္မော လောကုတ္တရော န၀။
သံဃော မဂ္ဂဖလဌော စ၊ ဣစ္စေတံ ရတနတ္တယံ။
တေန သစ္စေန သင်္ဂါမေ၊ ဟောတု မေ ဇေယျမင်္ဂလံ။

Microsoft Word နဲ့ လိုချင်ရင် ဒီမှာ download လုပ်ယူလိုက်ပါ။

အားလုံး အဆင်ပြေ ချောမွေ့နိုင်ကြပါစေ။
စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်ဝနိုင်ကြပါစေဗျာ.......



Technorati tags:
, , , ,

Internet Download Manager.v5.15


Internet အသုံးပြုနေကြသူတိုင်း ကြိုက်နှစ်သက်ကြမယ့် software လေးပါ။

အထူးသဖြင့် မြန်မာနိုင်ငံလို လိပ်က အဖိုးခေါ်ရတဲ့ ကွန်နက်ရှင်စပိနဲ့ အင်တာနက် သုံးနေကြရသူတွေ အတွက်ကတော့ လွှတ်ကြိုက်ပေါ့ဗျာ။

သူ့ရဲ့ထူးခြားချက်က web page တစ်ခုကို ဖွင့်လိုက်ရင် အဲဒီpage ထဲမှာ ချိတ်ပေးထားတဲ့ ဒေါင်းလုဒ်လင့်ခ် ပါတယ်ဆိုတာနဲ့ သူက သွားချိတ်ပေးပြီး အဲဒီလင့်ခ်ရဲ့အပေါ်မှာ ဒေါင်းလုဒ်ချဖို့ tag လေးတစ်ခု အလိုလို ပေါ်ပေးနေပါလိမ့်မယ်။

သူ့ရဲ့အားသာတဲ့အချက်တစ်ခုက.......
သာမန်browser ရဲ့ downloader နဲ့ download ချပြီဆို ဖိုင်ဆိုဒ်ကြီးရင်နည်းနည်းကြာတယ် ပြီးတော့ ကွန်နက်ရှင်နည်းနည်း ထစ်သွား ပြတ်သွားတာနဲ့ အစက ပြန်ပြီးdownload လုပ်နေရတယ်လေ။
ဒီ Internet.Download.Manager နဲ့ဆို ဖိုင်ဆိုဒ်ကြီးတဲ့ဟာတွေကို ပိုပြီးတော့ မြန်မြန် ဆွဲပေးနိုင်တယ်။
ပြီးတော့ ကွန်နက်ရှင်ထစ်သွား ပြတ်သွားလဲ ကိစ္စမရှိ ကွန်နက်ရှင်ပြန်တက်လာတာနဲ့ ရောက်နေတဲ့နေရာကနေ ဆက်ဆွဲပေးပါလိမ့်မယ်။

ကဲ အဲဒီInternet.Download.Manager.v5.15 မရှိသေးလို့ download ချချင်ရင် ဒီနေရာကနေသာ download ချပေတော့ဗျို့.......

Download ချပြီးလို့ Install လုပ်ပြီဆိုရင် သာမန်အတိုင်း next, next, next....... နဲ့ ပြီးတဲ့အထိ ဆက်လုပ်သွားပေးပါ။
အဲ....... ပြီးသွားရင် သူက name တွေ ဘာတွေ ညာတွေနဲ့ register artivate လုပ်ဖို့မေးလာရင် cancel လုပ်ပေးလိုက်ပါ။
Download ချထားတဲ့ zip file ကို ဖြည်လိုက်ရင် crack folder လေးတစ်ခုတွေ့တယ် ဟုတ်
အဲဒီထဲက ပါလာတဲ့ ဖိုင်တွေကို ကော်ပီကူး.......
ပြီးရင်.......
Start > All Programs > Internet Download Manager > Internet Download Manager ကို right click > properties ကို နှိပ်ပေးပါ။
အဲဒီကနေမှ Open File Location/Find Target ကို နှိပ်ပြီး ခုနက Copy ကူးထားတာတွေကို Paste လုပ်လိုက်ပါ။
ဖိုင်နာမည်တူနေလို့ လာမေးရင် overwrite သာလုပ်မယ်လို့ ရွေးပေးလိုက်ပါ။
ပြီးရင်တော့ paste လုပ်ထားတဲ့ဖိုင်နှစ်ခုထဲက register key ဆိုတဲ့ ဟာလေးကို double click လုပ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို restart ချပေးဖို့လိုပါတယ်။
ပြီးပြီဆိုရင်တော့ ကဲ....... Internet.Download.Manager.v5.15 ကို သုံးကြရုံပဲ ကျန်တော့တာပေါ့ဗျာ

အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ.......





Technorati tags:
, , , ,

Saturday, July 18, 2009

Guitar Pro 5


ဂစ်တာသမားတွေအတွက် မရှိမဖြစ် software ဖြစ်ပါတယ်။
ဒီ software ကို install လုပ်ပြီး စမ်းသုံးကြည့်ပါ။
ဂစ်တာသမားတွေအတွက် အဆင်ပြေမယ်လို့ ယူဆပါတယ်။
ကျွန်တော် ငယ်ငယ် ကွန်ပျူတာစသုံးပြီး နှစ်အနည်းငယ်အကြာကတည်းက ဒီ software ကို သုံးပြီး ဂစ်တာတီးလာတာပါ။
ဒီ guitar pro ကိုမှ မသုံးရရင် ခုချိန်ထိ မနေနိုင်ပါဘူး။
ဘာလို့ဆို.......
သူ့အတွက် သီချင်း နုတ်တွေက free download ချလို့ရတယ်လေဗျာ။
သီချင်းနုတ်တွေရဲ့ ဖိုင်ဆိုဒ်ကလဲ သေးသေးလေးရယ်။
ဆိုတော့ အဆင်ပြေချင်တိုင်းပြေနေတာပေါ့။

ကဲ ခင်ဗျား Guitar Pro ကို မသုံးဖူးသေးဘူးဆိုရင်တော့

ဒီနေရာမှာ Guitar Pro ကို ဒေါင်းလုဒ်ချပြီး စမ်းသာသုံးကြည့်ပေတော့ဗျို့။

အဆင်ပြေမယ် သုံးလို့ good တယ်ဆိုရင် ကျွန်တော် တင်ပေးရကြိုး ဒီပို့စ်ရေးရကြိုးနပ်တာပေါ့ဗျာ။

သူ့အတွက် လိုအပ်မယ့် သီချင်းနုတ်တွေကို လဲ ဒီ Ultimate-Guitar.com မှာ free download ယူလို့ရပါတယ်ဗျား။

ဂစ်တာသမားများ အဆင်ပြေကြပါစေဗျာ.......




Technorati tags:
, , , , , ,

IE Zaw Gyi font installer



Gtalk မှာ မြန်မာလိုစာရိုက်ချင်လို့ပဲဖြစ်ဖြစ်၊ Blog ရေးဖို့ မြန်မာစာပေါ်ချင် ဖတ်ချင်ရင်ပဲဖြစ်ဖြစ် အသုံးဝင်မယ့် မိမိစက်မှာ တင်ထားသင့်တဲ့ မရှိမဖြစ် software ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါင်းလုဒ် ချယူလို့ရပါတယ်။

Software မတင်တတ်သူ မတင်ဖူးသူတွေအတွက် နဲနဲရှင်းပြပေးပါမယ်။

အထက်က လင့်ခ်မှာ ဒေါင်းလုပ်ချပြီးသွားပြီဆိုရင်.......

အဲဒါ IEZawGyiGtalkFont.exe ကို double click နှိပ်လိုက်ပါ။

အဲဒီအခါမှာ Vista အောက်နိမ့်တဲ့ operating system သုံးထားတဲ့သူတွေအတွက် ဘာမှမဖြစ်ပဲ install dialogue box ပေါ်လာမှာဖြစ်ပေမယ့်
Vista version operation system သုံးထားသူတွေအတွက်ကတော့ cancel လုပ်မလား??? allow??? လုပ်မလား မေးပါလိမ့်မယ်။
Allow လုပ်မယ်လို့ ဖြေလိုက်ပါ။

အဲဒီအခါမှာ ဒီလိုဟာလေးပေါ်လာပါလိမ့်မယ်။

Next ကို နှိပ်ပေးပါ။



ဒီနေရာမှာလဲ Next ကိုပဲ နှိပ်ပါ။



Next ကိုပဲ ဆက်နှိပ်သွားပါ။

ထိုအခါမှာ software install လုပ်နေပါပြီ။
Install လုပ်အပြီးမှာ အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။

Finish ကို click နှိပ်ပေးပါ။


လို့ ပေါ်လာပြီဆိုရင်တော့ close ကို နှိပ်ပေးလိုက်ပါ။

အဲဒီအခါမှာ system ကို restart ချမှ installation ပြည့်စုံစွာ ပြီးဆုံးမယ် ဆိုတဲ့အောက်ပါ box လေးပေါ်လာပါလိမ့်မယ်။ စက်ကို restart ချမယ်ဆို ok ကို နှိပ်ပေးလိုက်ပါ။ မချချင်သေးဘူးဆိုရင်တော့ cancel ကို နှိပ်ပေးလိုက်ရုံပါပဲ။

Alpha Zaw Gyi ကို install လုပ်ရတာ လွယ်ကူ အောင်မြင်စွာ ပြီးဆုံးနိုင်မယ်လို့ ယူဆပါတယ်။

ကဲ....... မိမိ install လုပ်ထားတဲ့စက်ကို restart ချပြီးသွားလို့ windows လဲ ပြန်တက်လာပါပြီ။
မြန်မာလိုပေါ်အောင် ဘယ်လိုရိုက်ကြမလဲ။

လွယ်ပါတယ်။ ဒီအတိုင်း စာရိုက်လို့ကတော့ ဒီအချိန်မှာ english လိုပဲ ပေါ်နေဦးမှာပါ။
Ctrl + Shift နှစ်ခုကို တွဲနှိပ်လိုက်ပါ။
စာရိုက်ကြည့်ပါဦး။
မြန်မာလိုပေါ်နေပြီ ဟုတ်
ဒါဆို မြန်မာလို ရိုက်နေတာကနေ အင်္ဂလိပ်လို ပြန်ရိုက်ချင်တယ်။
ဘယ်လိုလုပ်မလဲ။
ဒါလဲ လွယ်ပါတယ်။
ခုနက နှိပ်ခဲ့တဲ့ Ctrl + Shift ကို ပြန်နှိပ်လိုက်ပါ။
စာရိုက်ကြည့်ရင် အင်္ဂလိပ်လို ပေါ်နေပြီ ဟုတ်

အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။
အားလုံး အဆင်ပြေနိုင်ကြပါစေ ဗျာ.......



Technorati tags:
, , , , , ,

အာဇာနည်နေ့ (ဘယ်တော့မှ မေ့မရနိုင်သော မြန်မာနိုင်ငံ ကံဆိုးမိုးမှောင်ကျခဲ့ရသော နေ့တစ်နေ့)

ဒီနေ့ အာဇာနည်နေ့

ဖြစ်နိုင်ရင် ဒီနေ့ကို သမိုင်းမှာ ရှိမနေစေချင်ပါဘူး။
၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ပြီးရင် ၁၉၄၇ ခုနှစ် ဇူလိုင်လ ၂၀ ရက်နေ့ ကိုရောက်သွားစေချင်ပါတယ်။

ခုချိန်အထိ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာနေထိုင်နေကြသော လူမျိုးပေါင်းစုံအကြောင်း ဗိုလ်ချုပ်အောင်ဆန်းထက် ဘယ်သူမှ ပိုမသိနိုင်ပါဘူး။

ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာနိုင်ငံကို လွတ်လပ်ရေးရအောင် ကြိုးစားဆောင်ရွက်ပေးခဲ့သူတင်မကပါဘူး။
ကျွန်တော်တို့ မြန်မာနိုင်ငံအကြောင်း မြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြကုန်သော လူမျိုးပေါင်းစုံအကြောင်းကို အစကနေ အဆုံး၊ အူမချေးခါးမကျန် အားလုံးသိသူပါ။
မြန်မာနိုင်ငံကို ဘယ်လိုကိုင်တွယ်ရမယ် ဘယ်လိုပြုပြင်ပြောင်းလဲရမယ် ဘယ်လိုစည်းရုံးသိမ်းသွင်းရမယ်ဆိုတာ အားလုံးသိနိုင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ပါ။

သူလိုလူမျိုး နောက် ဘယ်တော့မှ မပေါ်နိုင်ပါဘူး။

သြော်....... နှမြောလိုက်ပါဘိ အဖရယ်။
အဖသာ ဒီနေ့မှာ မကျဆုံးခဲ့ရရင်

ဒီနေ့သာ သမိုင်းမှာ မရှိခဲ့ရင် ကျွန်တော်တို့နိုင်ငံကြီး ဒီအချိန်ဆို အင်း.......

ပြန်တွေးမိတိုင်း ပြန်တမ်းတမိတိုင်း စုတ်တသတ်သတ်နဲ့ လွမ်းနေရတုန်းပါ။

တတ်နိုင်တဲ့ဘက်ကနေ တတ်နိုင်တဲ့အနေအထားကနေ အလေးပြုပါတယ် ဗိုလ်ချုပ်

ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ခေါင်းဆောင်ကြီးတွေ ကောင်းရာသုဂတိလားပြီး ကောင်းရာမွန်ရာဘ၀ကို ရောက်နိုင်ကြပါစေ။













ဗိုလ်ချုပ်အောင်ဆန်း နှင့်တကွ
ကျဆုံးလေပြီးသော
အာဇာနည်ခေါင်းဆောင်ကြီးများအား
အလေးပြု


လွန်လေပြီးခဲ့သော ဒီနေ့လို ဇူလိုင် ၁၉ ရက်နေ့ - ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ဟာ မြန်မာနိုင်ငံရဲ့ ကံဆိုးမိုးမှောင် ကျခဲ့ရသောနေ့တစ်နေ့ဖြစ်ပါတယ်
ဒီလို ဇူလိုင် ၁၉ ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာကြီးဖြစ်သော ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ပုဂ္ဂိုလ်ကြီးကိုးဦး ကျဆုံးခဲ့ရပါတယ်။
သူတို့ကတော့.......
ဗိုလ်ချုပ် အောင်ဆန်း (၁၉၁၅ - ၁၉၄၇)
သခင် မြ (၁၈၉၇ - ၁၉၄၇)
ဦးဘချို (၁၈၉၃ - ၁၉၄၇)
ဦးရာဇာတ် (၁၈၉၈ - ၁၉၄၇)
မန်းဘခိုင် (၁၉ဝ၃ - ၁၉၄၇)
မိုင်းပွန် စော်ဘွားကြီး စပ်စံထွန်း (၁၉ဝ၇ - ၁၉၄၇)
ဦးဘဝင်း (၁၉ဝ၁ - ၁၉၄၇)
ဦးအုန်းမောင် (၁၉၁၃ - ၁၉၄၇)
ရဲဘော် ကိုထွေး (၁၉၂၉ - ၁၉၄၇)
တို့ပဲဖြစ်ကြပါတယ်။

၎င်း အာဇာနည် ခေါင်းဆောင်ကြီး ၉ ဦးကို ဒီနေရာကနေ ရင်ထဲ အသည်းထဲက ဆို့နင့်လှိုက်မော ယူကျုံးမရ ၀မ်းနည်းတသစွာဖြင့် ဦးညွှတ် အလေးပြုလိုက်ပါတယ် ခင်ဗျာ.......




ဒီသီချင်းက အန်တီ ဒေါ်မေလှမြိုင် သီဆိုထားတဲ့ အလေးပြုပါတယ် ဆိုတဲ့ သီချင်းဖြစ်ပါတယ်။
ဒီသီချင်းကို အပိုင်လိုချင်ထားချင်တယ်ဆိုရင်တော့ ဒီမှာ ဒေါင်းလုဒ် ချလို့ရပါတယ် ခင်ဗျာ။

Technorati tags:
, , , , , , , , ,

Wednesday, July 8, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၈



ကလေးတွေကြောင့်မဟုတ်ပါ


တစ်ခါတုန်းက စာတွေကောင်းကောင်းမသင်ပဲ အတန်းတွေအောင်ပေးတဲ့ခေတ်၊ ဆရာ ဆရာမ မလုံလောက်တဲ့ ခေတ်ကဆိုပါစို့။
ပညာရေးဝန်ကြီးတစ်ဦးဟာ နယ်မြို့လေးက ကျောင်းတစ်ကျောင်းကို ကြည့်ရှုစစ်ဆေးဖို့ သွားရောက်ခဲ့ပါတယ်။
ဒီလိုနဲ့ အတန်းတစ်တန်းထဲဝင်ကြည့်တော့ အခန်းထဲမှာ ကမ္ဘာလုံးတစ်လုံး တင်ထားတာတွေ့လို့ ကလေးတွေရဲ့ပညာရေးကို စစ်ဆေးဖို့ အကြံရလိုက်တယ်။

ဒါကြောင့် ကျောင်းသားတစ်ယောက်ကို
"ဒီကမ္ဘာကြီးဟာ ဘာကြောင့် နှစ်ဆယ့်သုံးနှစ်ပိုင်းတစ်ပိုင်းဒီဂရီ စောင်းနေရတာလဲကွ" ဆိုပြီးမေးလိုက်တယ်။

အမေးခံရတဲ့ ကျောင်းသားကလည်း ပြာပြာသလဲနဲ့ "ဒါကျွန်တော်လုပ်တာမဟုတ်ပါဘူး" လို့ ပြန်ဖြေလိုက်တယ်။

ဝန်ကြီးကလည်း ကလေးတွေရဲ့ ပညာရေးအခြေအနေကို အတော်လေးစိတ်ညစ်သွားတယ်။
ဒါနဲ့ နောက်နားက ကျောင်းသားတစ်ဦးကို ထပ်မေးပြန်တယ်။

အဲဒီကျောင်းသားကလည်း ခေါင်းကလေးခါပြီး
"ကျွန်တော်က ဒီနေ့မှ ဒီအခန်းထဲပြောင်းလာတာ ကျွန်တော်လုပ်တာမဟုတ်ဘူး" လို့ ပြန်ဖြေတယ်။

ဝန်ကြီးလည်းကလေးတွေ ပညာရေးအခြေအနေအပေါ် ဒေါသထွက်လာတာပေါ့။
ဒါကြောင့် အနားက ဆရာမဖက်လည့်ပြီး "ဒါ ဘယ်လိုဖြစ်ရတာလဲဗျ" လို့မေးလိုက်တယ်။

ဆရာမက လက်အုပ်လေးချီပြီး လေသံပျော့ကလေးနဲ့ "ဒါကလေးတွေလုပ်တာမဟုတ်ပါဘူးရှင် ကမ္ဘာလုံးကြီးက ၀ယ်လာကတည်းက ဒီလိုပဲစောင်းနေတာပါ" တဲ့။

ဝန်ကြီးလည်း ဒေါသတွေထွက် မျက်နှာတွေနီပြီး ကျောင်းအုပ်ဆရာကြီးဘက် လှည့်ကြည့်လိုက်ပါတယ်။
အစအဆုံး အခြေအနေကို သိနေတဲ့ ဆရာကြီးလည်း မတတ်သာတော့ပဲ ခါးကလေးညွှတ် အရိုအသေပြုရင်း အခုလိုရှင်းပြလိုက်ပါတယ်။

"၀န်ကြီးခင်ဗျား ပြောရမှာတော့ ခက်ပါတယ်။ပွင့်ပွင့်လင်းလင်း တင်ပြရရင် ကျွန်တော်တို့ ကျောင်းက ရန်ပုံငွေ အခက်အခဲရှိနေတာကြောင့် ဈေးချိုတဲ့ လမ်းဘေးဈေးမှာ ၀ယ်ခဲ့မိလို့ အခုလိုတိမ်းစောင်းနေတာပါ" တဲ့



နတ်သျှင်နောင်ကို ဘယ်သူသတ်သလဲ

တစ်ခါတုန်းက ပညာရေးဌာနက စစ်ဆေးရေးအရာရှိတစ်ယောက်ဟာ နယ်မြို့လေးတစ်မြို့က စာသင်ကျောင်းတစ်ကျောင်းကို စစ်ဆေးဖို့ ရောက်လာပါတယ်။ အတန်းတွေ တစ်ခုပြီးတစ်ခု လိုက်လံစစ်ဆေးရင်း ကျောင်းသားလေးတစ်ယောက်ကို မေးလိုက်ပါတယ်။

"နတ်သျှင်နောင်ကို ဘယ်သူသတ်သလဲကွ"

ကျောင်းသားလေးက အတော်လေးကြောက်ရွံ့သွားပါတယ်။ အသံတွေတုန်ပြီး "ကျွန်... ကျွန်တော် မသတ်ဘူး" တဲ့

ပညာရေးအရာအရှိဟာ ကလေးရဲ့ပညာရေးအခြေအနေအပေါ် အတော်ကလေး မကျေမနပ်ဖြစ်သွားပြီး အတန်းပိုင်ဆရာမကို လှည့်ကြည့်လိုက်တယ်။
အတန်းပိုင်ဆရာမလည်း ကျောင်းသားလေးအတွက်စိတ်ပူပြီး ကျောင်းသားလေးဘက်က ကာကွယ်ပြီးပြောလိုက်တာက…

"ဒီကျောင်းသားလေးဟာ အတန်းထဲမှာသိပ်အေးပါတယ်။ ကျောင်းသားအချင်းချင်းတောင် ရန်ဖြစ်တာမရှိပါဘူး။ သူသတ်တာတော့ မဟုတ်နိုင်ဘူး ထင်ပါတယ်ရှင်" တဲ့

စစ်ဆေးရေးအရာရှိလည်း ဘာမှဆက်မပြောတော့ပဲ ကျောင်းအုပ်ကြီးကို ရုံးခန်းမှာ ဒီအကြောင်း ပြောပြလိုက်တယ်။ စိတ်ဆိုးမာန်ဆိုးလည်း ဖြစ်နေတာပေါ့။ ဒီတော့ ကျောင်းအုပ်ဆရာကြီးလည်း တောင်းတောင်းပန်ပန်နဲ့ ပြောရှာပါတယ်။

"စိတ်တော့မရှိပါနဲ့ဗျာ။ ဒီကျောင်းဆရာမလေးနဲ့ ကျောင်းသားလေးဟာ ကျွန်တော်နဲ့ တစ်ရပ်ကွက်ထဲ နေကြတာပါ။ အလွန်ရိုးအေးပါတယ်။ သူတို့ကို ဒီကိစ္စနဲ့ ပတ်သက်ပြီး သံသယမရှိစေချင်ဘူးဗျာ။ ကျွန်တော်ကိုယ်တိုင် အာမခံပါတယ်။ သူတို့ ကျူးလွန်တာတော့ လုံးဝမဖြစ်နိုင်ပါဘူး ခင်ဗျာ"

ပညာရေးအရာရှိလည်း ဘာမှဆက်ပြောမနေတော့ပဲ မျက်စိမျက်နှာပျက်ပြီး ပြန်သွားပါတယ်။
နောက်တော့ ဖြစ်ကြောင်းကုန်စင်ကို ပညာရေးဝန်ကြီးဌာနဆီ စာတင်လိုက်သတဲ့
ဒီလိုနဲ့ မကြာခင် ၀န်ကြီးဌာနက အခုလို စာပြန်လာပါတော့တယ်။

"နတ်သျှင်နောင် သေတာလည်း ကြာပါပြီ။ နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေ လုပ်မနေပါနဲ့တော့" တဲ့

Technorati tags:
, , , , , , , ,

Sunday, July 5, 2009

ဖတ်ဖူးခဲ့သော ဟာသများ - ၇

လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ
ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။



အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။



ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်
ခင်ပွန်းးး ၂ - မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။



လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ” ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ” ဘယ်ဟာ ပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။




ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်

လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ ကြားလိုက်ရပါတယ်။
“မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို အုတ်ခဲတစ်လုံး ပြုတ်ကျပြီး မင်းသေလိမ့်မယ်”။
အသံကြောင့် လူလည်း လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။

အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ ထွက်လာပြန်ပါတယ်။
“ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။”
လူလည်း အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်က ကားတစ်စီး ရုတ်တရက် ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။

လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။
အသံက “ငါက မင်းရဲ့ ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။
အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်ပါတယ်
“ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ”



ပူစရာမလိုတော့ဘူးလေ

မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပ သတို့သမီးလေးကို ငေးကြည့်နေကြပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု ထည့်ပေးလိုက်ပါတယ်။
ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။
ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့ ပစ္စည်းလေး ဆုပ်ကိုင်ထားတဲ့ လက်ကို မြှောက်ပြလိုက်ပြီး
“နောက်ဆုံးတော့ ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။

Technorati tags:
, , , , , , , ,

Saturday, July 4, 2009

LINKIN PARK - NUMB

မနေ့ညက အပြင်မှာ သီချင်းတစ်ပုဒ် ကြားမိလိုက်တယ်ဗျ။ ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေ။ ဒါနဲ့ ပြန်ရောက်တော့ မသုံးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့် external hard disk ကိုထုတ်ပြီး ဇိမ်ပြေနားပြေ အဲဒီသီချင်းကို ပြန်နားထောင်မိတယ်။ အချိန်တွေကြာပေမယ့် ခုထိ ကြိုက်နေတုန်းပဲဗျာ။ ဒါနဲ့ ဟင်းကောင်းစားရင် သူငယ်ချင်းတွေသတိရပါ ဆိုလား ဘာဆိုလား စကားပုံအတိုင်း ဒီသီချင်းလေးကို ခင်ဗျားတို့အတွက် တင်ပေးလိုက်ပါတယ်။ နားထောင်ဖူးကြမှာပါ။ ဘာလို့ဆို ဒီသီချင်းက နာမည်ကြီးတာကိုး။

သီချင်း နာမည်က NUMB ပါ။ အဖွဲ့နာမည်က LINKIN PARK ပေါ့။

ကဲ ထုံးစံအတိုင်း နားထောင်ရအောင် သီချင်း၊ ကြည့်ရအောင် ဗွီဒီယို၊ အပိုင်ယူထားချင်သူတွေအတွက် Download Link၊ ဂစ်တာသမားတွေအတွက် Guitar Pro နုတ်တွေပါ တင်ပေးထားပါတယ်။ နားထောင် ခံစား ကြည့်ကြပေါ့ဗျာ။


ဒါက ဒီဗွီဒီယိုရဲ့ Youtube လင့်ခ် LINKIN PARK - NUMB


သီချင်းပဲ နားထောင်ချင်သူတွေအတွက်




"Numb"

I'm tired of being what you want me to be
Feeling so faithless lost under the surface
Don't know what you're expecting of me
Put under the pressure of walking in your shoes
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

Can't you see that you're smothering me
Holding too tightly afraid to lose control
Cause everything that you thought I would be
Has fallen apart right in front of you
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)
And every second I waste is more than I can take

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

And I know
I may end up failing too
But I know
You were just like me with someone disappointed in you

I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you

I've become so numb I can't feel you there
I'm tired of being what you want me to be
I've become so numb I can't feel you there
I'm tired of being what you want me to be


ဒါက သီချင်းရဲ့ DOWNLOAD LINK (LINKIN PARK - NUMB)

ဒါက ဂစ်တာသမားတွေအတွက် Guitar Pro Note (LINKIN PARK - NUMB)

Technorati tags:
, , , ,