Sunday, February 14, 2010

HERMAN LI (Guitarist of DRAGON FORCE)



Grammy ဆုရ Metal ၀ိုင်းတစ်ဝိုင်းဖြစ်တဲ့ Dragon Force ရဲ့ ဂစ်တာသမား၊ တေးရေးဆရာ၊ ပရိုဂျူဆာ တစ်ဦးဖြစ်သူ Herman Li (တရုတ်နာမည် 李康敏) ကို Hong Kong မှာ မွေးဖွားခဲ့ပါတယ်။ အခု လက်ရှိ England နိုင်ငံ၊ London မြို့လေးမှာ နေထိုင်လျက်ရှိပါတယ်။

သူ့ Band ရဲ့ နိုင်ငံတကာမှာ ပေါက်သွားတဲ့ "Inhuman Rampage" အယ်လ်ဘမ်၊ U.S နဲ့ Canadian နိုင်ငံတွေရဲ့ Gold Single သီချင်းဖြစ်တဲ့ "Through the Fire and Flames"၊ သန်းချီ ရောင်းရတဲ့ Video Game "Guitar Hero III - Legends of Rock" တွေမှာ ပါဝင် တီးခတ်ထားသူ ဖြစ်ပါတယ်။ ဒါပေမယ့် Dragon Force ကို ထိပ်ဆုံးနေရာတစ်နေရာ ရောက်အောင်ပို့ပေးလိုက်တဲ့ အယ်လ်ဘမ်ကတော့ "Ultra Beatdown" ဖြစ်ပြီး UK, USA, Canada, Australia, Taiwan, Singapore နိုင်ငံတွေရဲ့ ထိပ်ဆုံး အခွေ ၂၀ထဲမှာ ပါဝင်ကာ၊ Japan နိုင်ငံရဲ့ ထိပ်ဆုံး ၁၀ ခွေ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။

အခုလောလောဆယ် နှစ်ပိုင်းအတွင်းမှာဆိုရင်တော့ Herman Li ဟာ လူငယ်မျိုးဆက်သစ်တွေရဲ့ စံထားစရာ၊ လွှမ်းမိုးမှုအရှိဆုံး ဂစ်တာသမား ဖြစ်ပါတယ်။ သူ နာမည်ကျော်ကြားလာမှုရဲ့ အစကို ခြေရာခံကြည့်မယ်ဆိုရင် Metal Hammer Golden Gods ပွဲ ရဲ့ "Best Shredder" ဆုပဲဖြစ်ပါတယ်။ ဆက်လက်ပြီး Herman ဟာ Guitar World စာဖတ်ပရိသတ်တွေက ရွေးချယ်ပေးအပ်တဲ့ ဆု ၄ ဆု ကို ၂၀၀၇ ခုနှစ်မှာ ဆက်လက် ရရှိခဲ့ပါတယ်။ ၎င်းတို့ကတော့ "Best New Talent" ဆု (၇၀%နဲ့ ရရှိခဲ့တာပါ။)၊ "Best Metal" ဆု၊ "Best Riff" ဆု နဲ့ "Best Shredder" ဆုပဲ ဖြစ်ကြပါတယ်။

သူ့ Band "Dragon Force" ရဲ့ ကမ္ဘာလှည့် ဖျော်ဖြေပွဲတွေရဲ့ အားလပ်ချိန်လေးတွေမှာ UK နိုင်ငံရဲ့ လစဉ်ထုတ် Total Guitar မဂ္ဂဇင်းအတွက် ပုံမှန် စာရေးသားပေးနေပြီး ကမ္ဘာတလွှား Guitar Cilnic လေးတွေကိုလည်း လုပ်ဆောင်ပေးနေပါတယ်။ အမြဲဆန်းသစ် တိုးတက်နေတဲ့ ဂစ်တာသမားဖြစ်တာနဲ့အညီ Herman Li ဟာ သူတီးခတ်တဲ့ ပစ္စည်းအကြောင်း ဖြစ်နိုင်သမျှ ပိုသိ ပိုနားလည်လာအောင် ကြိုးစားနေရတာကိုလည်း နှစ်ခြိုက်ပါတယ်တဲ့... သူ့ ဂစ်တာ ပိုမိုကောင်းမွန် တိုးတက် အသားကျလာအောင်လည်း သူ အမြဲစဉ်းစားနေပါတယ်။ ၃ နှစ်ကျော်ကြာ ကြိုးစားအဖြေရှာ စမ်းသပ်တီးခတ်ကြည့်ပြီးတဲ့နောက်မှာတော့ Herman Li ရဲ့ Signature ဂစ်တာဖြစ်တဲ့ Ibanez E-Gen ဂစ်တာ ပေါ်ထွက်လာခဲ့ပါပြီ။

ဂီတရဲ့ ပြင်ပကို ကြည့်မယ်ဆိုရင် Herman Li ဟာ Computer Technology နဲ့ Martial Arts တွေကို စိတ်ဝင်စားသူ ဖြစ်ပါတယ်။ သူဟာ Brazilian Jiu Jitsu ကစားရတာနဲ့ Martial Artတွေကို ပေါင်းစပ်ကြည့်ရတာမှာ ပျော်မွေ့သူပါ။ Cantonese, French နဲ့ English ဘာသာစကား ၃ မျိုးကိုလည်း ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။

2010 မှာဆိုရင်တော့ Herman Li ဟာ ဂစ်တာဆွေးနွေးပွဲ တော်တော်များများ ပြုလုပ်ဖို့ရှိနေပြီး၊ သူ့ကိုယ်ပိုင် တူရိယာလေးကို လှည့်လည်ပြသရင်း ကမ္ဘာတစ်ခွင်က ဂစ်တာသမားများကို ကူညီပေးဖို့ စီစဉ်နေပါတယ်။

သူ ရရှိထားတဲ့ဆုတွေကတော့...
Metal Hammer Golden Gods 2009 – Best Shredder Award
Grammy Awards 2008 – Best Metal Performance “DragonForce” Nomination
Guitar World Reader’s Poll 2007 – Best New Talent (winning by 70%)
Guitar World Reader’s Poll 2007 – Best Metal
Guitar World Reader’s Poll 2007 – Best Riff
Total Guitar Reader’s Poll 2007 – Best Solo “Through the Fire and Flames”
Terrorizer Reader’s Poll 2006 – Best Band “DragonForce”
Terrorizer Reader’s Poll 2006 – Best Musician “Herman Li”
Terrorizer Reader’s Poll 2006 – Best Live Act “DragonForce”
Metal Hammer Golden Gods 2005 – Best Shredder Award
တို့ ဖြစ်ပါတယ်။

သူလက်ရှိ တီးခတ်နေတဲ့ ဂစ်တာကတော့ သူ့ကိုယ်ပိုင် Signature ဖြစ်တဲ့ Ibanez E-gen ဖြစ်ပြီး အဲဒီ ဂစ်တာကို သူ့ မော်လ်ဒယ်အဟောင်း S Series ကို အခြေခံ ထုတ်ယူထားတာ ဖြစ်ပါတယ်။ သူတီးခတ်တဲ့ Style ကတော့ Licks အတက် အဆင်းတွေကို မြန်မြန်ဆန်ဆန်တီးမယ်၊ Whammy Bar ကို လွန်လွန်မင်းမင်း သုံးမယ်၊ Sweep Picking တွေကို လျှင်မြန်စွာ တီးမယ်၊ နောက် အမြင့်သံတွေမှာ Tapping တီးမယ်။

သူ့ ဂစ်တာနဲ့ ဆက်စပ်ပစ္စည်းတွေကတော့...
***Ibanez EGEN
***EGEN18 Herman Li Signature Model (Transparent Violet Flat finish, DiMarzio HLM pickups, Edge Zero bridge)
***EGEN8 Herman Li Signature Model (Platinum Blonde Finish, V7 and V8 humbuckers, S1 singlecoil, Edge III bridge)
***Ibanez Acoustics

***DiMarzio Pickups (HLM - Neck, Middle, Bridge)
***D'Addario Strings



သူ အသုံးပြုတဲ့ Effects တွေကတော့...
Rocktron Prophesy II
Rocktron All Access
Rocktron MIDI Mate
Source Audio Hot Hand
MIDIjet Pro Wireless Midi System
DigiTech Whammy 2
Dunlop Cry Baby DCR-2SR
Ibanez Weeping Demon
Rocktron Patch Mate
Rocktron Xpression
Rocktron Intellifex XL
Korg DTR-2000
Fi Dorra Music Box
DigiTech HarmonyMan
Hot Hands

သူ သုံးတဲ့ Amplifiers တွေဟာ...
Marshall 120 WT head
Marshall 4x12 cabinets
Mesa Boogie Stereo 2:Fifty
Peavey 4x12 Straight cabinets











Dragon Force ရဲ့ Valley Of the Damned သီချင်းမှာ Herman Li တီးထားတဲ့ Outro Solo လေး ဖြစ်ပါတယ်။



Dragon Force ရဲ့ Through the Fire and Flames သီချင်းလေးပါ။
DragonForce - Through the Fire and Flames

Saturday, February 13, 2010

ဗိုလ်ချုပ်မွေးနေ့ ဒို့မမေ့

မင်္ဂလာရှိသော ၉၅ နှစ်မြောက်မွေးနေ့ဖြစ်ပါစေ ဗိုလ်ချုပ်
နှစ်တွေ လတွေ ရက်တွေ ဘယ်လိုပဲပြောင်းသွားသွား
ကျွန်တော်တို့ ရင်ထဲမှာတော့ ဗိုလ်ချုပ်ဟာ အသက်ဆက်ရှင်သန်နေဆဲပါ





HAPPY BIRTHDAY
TO
GENERAL AUNG SAN


ဖေဖော်ဝါရီ ၁၃မှာ ဗိုလ်ချုပ်မွေးနေ့ပါ
၁၉၁၅ ရှေ့နေ ဦးဖာသား

ဇာတိနတ်မောက် မကွေးခရိုင်
သိကြများခုတိုင်

ကြံ့ကြံ့ခိုင်တဲ့ဇာနည်ဘွား
မိခင်ဒေါ်စုသား

၁၉၄၇
ပြောင်းကြွတမလွန်

မျက်ရည်သွန်လို့ ဘ၀င်ညှိုး
ဇူလိုင်တစ်ဆယ့်ကိုး

ပြည်ထောင်စုရဲ့ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်

ကောင်းစေချင်တဲ့မှာစကား
ငါတို့ မမေ့အား

ပြည်ထောင်လွတ်ရေးကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်

ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား



ဗိုလ်ချုပ်အောင်ဆန်း ၉၅ နှစ်မြောက်မွေးနေ့အတွက် သီချင်းလေးတစ်ပုဒ် တင်ပေးလိုက်ပါတယ်။
အန်တီခင်ညွန့်ရီ သီဆိုထားတဲ့ ဗိုလ်အောင်ဆန်း ဆိုတဲ့သီချင်းလေးပါ။
အားလုံး နားထောင်ကြည့်ကြပါဦးဗျာ...




မြန်မာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ပြည်မှာကွယ်
တကယ်ပဲ အသက်နဲ့လဲလို့  ဆင်းရဲဒုက္ခခံကာ ကြံစည်တယ်
သူရဲကောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရယ်


ငါတို့ မြန်မာပြည် မိဘတိုင်းကရယ် ဗိုလ်အောင်ဆန်းလို သူရဲကောင်းမွေးရမယ်
ငါတို့ မြန်မာပြည် မိဘအပေါင်းတို့ကကွယ် အာဇာနည်အစစ်ကို ရှိဖို့မွေးရမယ်

သြော်........ ဘုရင့်နောင်နဲ့  ရာဇာဓိရာဇ်တို့လို ...

မင်းရဲကျော်စွာ ပမာပုံဆောင် အလောင်းဘုရားတို့လိုကွယ် ...

မြန်မာတိုင်း မြန်မာမျိုး အားကိုးလောက်ပေတဲ့ ...

မကြောက်တမ်း မရွံ့တမ်း ...

မြန်မာတွေ အောင်ပန်းဆွတ်ကြရှာလေတယ်


ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်
မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

တိုင်းပြည်ကျိုး စွန့်ခဲ့တဲ့ များဇာနည်နွယ်
လွတ်လပ်ဖို့ တို့များကို ကျွန်တွင်းမှကယ်

တို့ဗမာတွေ စိုးမိုးဖို့ မျှော်ကြရှာလို့ ပေါ်လာတယ်


မြန်မာနိုင်ငံ .... ထူထောင်ရန်နဲ့

မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်

နေမျိုးသာကီ ဗမာပြည်လက်ရုံး ... ဗမာနိုင်ငံလုံး ထင်ပေါ်စေတယ်

စိတ်အားသန်သန် မာန်ကိုမလျှော့တဲ့ ...

ငါတို့ လူမျိုးတန်ခိုးရှိဖို့ သူရဲကောင်းတွေ စုံညီတယ်

တကယ်ပင် ... သတိုးမဟာဗန္ဓုလနှယ် ...

စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်

သားကောင်းများလို့  ခေါ်ရလောက်ပေတယ် ...

ဥဒါန်းတွင်စေဖွယ် ...
မြန်မာသူရဲကောင်း အပေါင်းတွေရယ်

ရာဇဝင် အတ္ထုပ္ပတ္တိလဲ ရှိရမယ်

မော်ကွန်းလဲထိုးလောက်တဲ့ မြင့်မြတ်တဲ့ ဗိုလ်အောင်ဆန်းရယ်

ဒီသီချင်းလေးကို အပိုင်လိုချင်ရင်တော့ ဒီနေရာကို ကလစ်နှိပ်ပြီး ဒေါင်းလုဒ် ရယူနိုင်ပါတယ်ဗျာ...





Technorati tags:
, , , , , , , , , , , ,

ဒို့အားလုံးရဲ့ ဖခင်

ငါတို့ နိုင်ငံလွတ်လပ်ရေးရအောင်
ဟိုးငယ်ငယ် တက္ကသိုလ်ကျောင်းသားဘ၀ကစလို့
သူ့ဘ၀ နောက်ဆုံးအချိန်အထိ စွမ်းစွမ်းတမံ ဆောင်ရွက်ပေးသွားတဲ့
ဦးအောင်ဆန်း ဒီနေ့ဆိုရင် အသက် ၉၅ နှစ်ပြည့်ပါပြီ

အရိုင်းအစိုင်းတွေလို့ နာမည်ဆိုးနဲ့ ကြော်ကြားခဲ့တဲ့
ဂျပန်စစ်ဗိုလ်ချုပ်တွေက လေးစား ခဲ့ကြရတဲ့...
နေမ၀င်အင်ပါယာထူထောင်မယ့် စိတ်ကူးတွေအပြည့်နဲ့
အင်္ဂလိပ်စစ်ဗိုလ်ချုပ်တွေက ချီးကျူးယူရတဲ့...
ငါတို့အဖေရဲ့အကြောင်း
ငါတို့မမှီလိုက်ပေမယ့်
သမိုင်းမှာတော့ ကျန်ရစ်
ရာဇ၀င်မှာတော့ တွင်ရစ်နေခဲ့ပါတယ်
ရာဇ၀င်သမိုင်းမှာ ကျန်ရစ် တွင်ရစ်နေဆဲပါပဲ...

အထူးသဖြင့် မြန်မာနိုင်ငံကို ချစ်မြတ်နိုးကြသူအပေါင်းရဲ့
ရင်ထဲ အသည်းထဲမှာ အောင်ဆန်းဆိုတဲ့နာမည်ဟာ
နှလုံးသွေးမရပ်မချင်း လည်ပတ်စီးဆင်းနေဆဲပါ...

ငါတို့နိုင်ငံရဲ့ အတုမရှိ သူရဲကောင်း
ငါတို့နိုင်ငံရဲ့ လွတ်လပ်ရေးဗိသုကာ
ငါတို့နိုင်ငံရဲ့ အဓိပတိ
ငါတို့နိုင်ငံရဲ့ အသက်သခင်
ငါတို့နိုင်ငံရဲ့ ကျေးဇူးရှင်
မြန်မာနိုင်ငံဆိုတာ ဦးအောင်ဆန်း
ဦးအောင်ဆန်းဆိုတာ မြန်မာနိုင်ငံပါပဲလေ...



Technorati tags:
, , , , , , , , , , , ,

Saturday, November 7, 2009

Paul McCartney - Freedom (Nobel Peace Prize '2001)

2001 ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးပွဲမှာ Paul McCartney ဆိုသွားတဲ့ Freedom ဆိုတဲ့ သီချင်းလေးပါ။
စာသားရော မယ်လိုဒီလေးရော (အဓိက ကတော့ စာသားပေါ့ဗျာ) ကြိုက်လို့ တင်ပေးလိုက်ပါတယ်။
နားဆင် ခံစား ကြည့် ကြည့်ကြပါဦး။






Sunday, September 13, 2009

2009 ခုနှစ်ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ??

2009 ခုနှစ်ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ??

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်မိနေမယ်။
၂။ ဖဲကို တစ်ကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။
၃။ မိသားစုသုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ၁၅ခု ရှိနေမယ်။
၎။ ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့လူကို ပြောစရာရှိရင် အီးမေးလ်ပို့တယ်။
၅။ သူငယ်ချင်းတစ်ချို့ အမျိုးတစ်ချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာ အီးမေးလ်လိပ်စာမရှိလို့။
၆။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ၀ယ်လာတဲ့ပစ္စည်းတွေ လာသူသယ်ပေးဖို့ မိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်မယ်။
၇။ တီဗီမှာလာသမျှ ကြောငြာတွေအောက်မှာ ၀က်ဘ်ဆိုဒ်လိပ်စာ ပါနေတယ်။
၈။ သင့်ဘ၀ရဲ့ ပထမ၁၀နှစ် (သို့) နှစ်၂၀လောက်မှာ သင်နဲ့ အတူတူမရှိခဲ့တဲ့ handphone အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာ ထိတ်လန့်သွားကာ နောက်ပြန်လှည့်ပြီး အမြန်ပြန်ယူတော့တာပဲ။
၁၀။ အိပ်ရာကနိုးလာတာနဲ့ ကောက်ဖီမသောက်ခင် အင်တာနက်ပေါ်တက်တယ်။
၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။
၁၂။ ဒါကိုဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။
၁၃။ ပိုဆိုးတာက သင်ဒီမဲဆေ့ခ်ျကို ဘယ်သူ့ကို forward လုပ်မလဲစဉ်းစားနေပြီ။
၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ၉ မပါတာတောင် မသိဘူး။
၁၅။ အမယ်...နံပါတ် ၉ တကယ်မပါဘူးလားဆိုပြီး အပေါ်ကစာကြောင်းတွေ ပြန်ဖတ်နေတယ်။

ဟဲ ဟဲ ဟဲ....... ပြောပါတယ်။ ၂၀၀၉ ကို တကယ် ရောက်နေပါတယ်လို့။.......။

The Reason Why I Never Visit A 5* Hotel

The Reason why I never visit a 5* Hotel

Question : "What would you like to have ..Fruit juice, Soda, Tea, Chocolate, Milo, or Coffee?"

Answer : "Tea please"

Question : " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea or green tea?"

Answer : "Ceylon tea"

Question : "How would you like it ? black or white?"

Answer : "White"

Question : "Milk, Whitener, or Condensed milk?"

Answer : "With milk"

Question : "Goat milk, Camel milk or cow milk?"

Answer : "With cow milk please.

Question : "Milk from Freeze land cow or Afrikaner cow?"

Answer : "Um, I'll take it black."

Question : "Would you like it with sweetener, sugar or honey?"

Answer : "With sugar"

Question : "Beet sugar or cane sugar?"

Answer : "Cane sugar"

Question : "White , brown or yellow sugar?"

Answer : "Forget about tea just give me a glass of water instead."

Question : "Mineral water or still water?"

Answer : "Mineral water"

Question : "Flavored or non-flavored?"

Answer : "I'll rather die of thirst....."

Friday, August 21, 2009

Electric Guitar တစ်လက်အကြောင်း - ၃

(Electric Guitar တစ်လက်အကြောင်း - ၃) ကိုမဖတ်ခင် (Electric Guitar တစ်လက်အကြောင်း - ၂) ကို ဖတ်ထားပေးစေချင်ပါတယ်။
ဘာလို့ဆို အခု ကျွန်တော် ရေးသားတင်ပြပေးမယ့် အကြောင်းက String Locking System အကြောင်းပါ။ သူက Floyd Rose Tremolo System တပ်ထားတဲ့ ဂစ်တာတွေမှာတပ်ဆင်ထားပါတယ်။

ဒါကြောင့် Floyd Rose Tremolo အကြောင်းနည်းနည်းပါးပါး သိထားမှ ဖတ်ရတာ အဆင်ပြေမယ်ထင်လို့ပါ။
Electric Guitar တစ်လက်အကြောင်း - ၂ မှာ Floyd Rose Tremolo အကြောင်းရေးသားထားပါတယ်။

ကဲ... ဆက်ဆွဲကြရအောင်ဗျာ.......


ဂစ်တာမှာ String Locking System တပ်ဆင်ထားပုံလေးပါ။
အောက်မှာလဲ ပုံလေးတွေ တင်ပေးထားပါတယ်။


အထက်ပါပုံနှစ်ပုံကို ကြည့်ရင်တော့ String Locking System တပ်ဆင်ထားပုံနဲ့ ဂစ်တာကြိုးတပ်ဆင်ပုံကို နားလည် သဘောပေါက်လိမ့်မယ် ထင်ပါတယ်။
ဂစ်တာကြိုးတပ် ပါလာတဲ့ အပြားလေးသုံးခုကို ဂစ်တာကြိုးတွေပေါ်ဖုံးပြီးရင် ပါလာတဲ့နဒ် သုံးခုကို ပါလာတဲ့ L-key အကူအညီနဲ့ ကျပ်လိုက်ရုံပါပဲ။

အဲ....... L-key နဲ့ မကျပ်ခင် ကြိုးကိုတော့ အတတ်နိုင်ဆုံးညီအောင် ညှိထားရပါမယ်။
ကြိုးညှိပုံနဲ့ ဘာကြောင့် Floyd Rose Tremolo မှာ String Locking တပ်ရတာလဲ ဆိုတာလေး ဆက်ပြောပြပါမယ်။

ဟော်လိုဂစ်တာတစ်လက်ကို စိတ်ကြိုက်ဖြစ်တဲ့အထိ ကြိုးညှိပြီးပြီဆိုရင် ဂစ်တာTuning Key နဲ့ Nut ကြားထဲမှာ လွတ်နေတဲ့နေရာက ဂစ်တာကြိုးကို လက်နဲ့ အတင်းဖိထားရင်း ဖိထားတဲ့ကြိုးကိုတီးကြည့်လိုက်ပါ။
ညှိထားတဲ့အသံတွေထက် မြင့်တက်နေတယ် ဟုတ်။
မြင့်မှာပေါ့ ဖိလိုက်တော့ ကြိုးရဲ့ တင်းအားတက်သွားတာကိုး။
ကဲ... ဒါဆို ဖိထားတဲ့လက်ကို လွှတ်လိုက်ပြီး ပြန်တီးကြည့်ပါဦး။
ခုနက ညှိထားတဲ့ ဟာတွေနဲ့ မတူတော့ဘူးနော် အဲဒီကြိုးမှာ နည်းနည်းတော့ အသံကတက်နေတယ် ဟုတ်။
ဒါဘာကြောင့်ဖြစ်တာလဲ.......
ခုနက ကြိုးကို သူ့ရဲ့ အသံထွက်ဧရိယာအပြင်ကနေ လက်နဲ့ဖိပြီးတင်းလိုက်တယ်လေ
ဒါပေမယ့် အခု ဖိထားတဲ့လက်ကို ပြန်လွှတ်လိုက်တယ်။
သို့သော် ကြိုးရဲ့တင်းအားက ပုံမှန်ကိုပြန်မရောက်သွားပဲ နည်းနည်းတော့ တင်းအားတက်နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Nut ကို ကြိုးဝင်ပြီး Body ကို မရောက်ခင်မှာကတည်းက ကြိုးရဲ့ တင်းအားဟာ Nut-Body အပြင်ဘက်ကိုရောက်သွားတာကိုး။

အဲဒီလိုပဲ ညာဘက် ဂစ်တာတီးနေတဲ့နေရာကနေ ကြိုးတွေကို အားပြင်းပြင်းနဲ့ မ ကြည့်လိုက်ပြီး တီးကြည့်ပါဦး
အသေအချာညှိထားတဲ့ ကြိုး (ခုနက အားနဲ့ မလိုက်တဲ့ကြိုး) ဟာ နည်းနည်းတော့ အသံကျသွားပါလိမ့်မယ်၊ ကြိုးတင်းအားလျော့သွားတာကိုး။

ဒီလိုအဖြစ်မျိုးဟာ လက်နဲ့ဖိလိုက် မလိုက်နဲ့ကို ပြောင်းနေတာ တွေ့ရမှာပါ။ မူလအတိုင်းပြန်ထားလဲ သူ့ရဲ့ အကြိုးသက်ရောက်မှုကတော့ နောက်တစ်ကြိမ်ကြိုးပြန်မညှိခင် အချိန်အထိ ရှိနေမှာပါ။
ဒါ လက်နဲ့ တင်မလိုက် ဖိလိုက်ပဲ ရှိသေးတာနော်။

Floyd Rose Tremolo နဲ့ ကြိုးတွေလျော့ အသံလျော့ချလိုက်ရင် ကြိုးတွေ လုံးဝ တင်းအားမရှိတဲ့အထိကို လျော့ချလိုက်လို့ ရပါတယ်။
လျော့ချပြီး မူလအတိုင်းပြန်ထားပြီး တီးမယ်ဆို ညှိထားတဲ့အတိုင်းဖြစ်ပါတော့မလား... စဉ်းစားကြည့်ပါ။
လုံးဝ မရနိုင်တော့ပါဘူး။

အဲဒီလိုမဖြစ်ရအောင် String Locking System ကို ထည့်တပ်ဆင်ပေးထားရခြင်းဖြစ်ပါတယ် ခင်ဗျား...

String Locking System ကို တပ်ဆင်ထားခြင်းအားဖြင့် ကြိုးရဲ့တင်းအားဟာ Nut (Lock လုပ်ထားသောနေရာ) - Bridge (floyd rose မှာ ကြိုးတပ်ပြီး ကြပ်ထားတဲ့နေရာ) ကြားထဲမှာပဲ အမြဲရှိနေမှာပါ။

ခင်ဗျား ဂစ်တာကြိုးတွေကို လျော့လိုက်၊ တင်းလိုက် ကြိုက်သလိုလုပ်ပါ။
ကြိုက်တဲ့ လက်ဆ နဲ့ ကြိုက်သလောက်လုပ်ပါ။
ပြီးရင်တော့ မူလ ကြိုးညှိထားတဲ့အတိုင်း အသံမှန်အတိုင်း ပြန်ဖြစ်နေစေချင်လို့ ဒီကောင်ကို သုံးရခြင်း ဖြစ်ပါတယ်။

ကဲ... တပ်ဆင်ထားပုံကိုလဲ သိပြီ၊ သုံးရခြင်း ရည်ရွယ်ချက်ကိုလဲ သိပြီ။

တစ်ခု သိဖို့ လိုသေးတာက ကြိုးညှိဖို့ပါ။

သာမန်ဂစ်တာတွေနဲ့ ဒီ Floyd Rose တပ်ထားတဲ့ ဂစ်တာတွေနဲ့ ကြိုးညှိတဲ့အခါမှာ အနည်းငယ်ကွဲပါတယ်။

ကြိုး ၆ ချောင်းစလုံး မတင်းရသေးခင်မှာ Floyd Rose ဟာ မော့ မော့လေး ဖြစ်နေမှာပါ။
အဲ ဥပမာ... အပေါ်ဆုံး နံပါတ် ၆ ကြိုး က စပြီး ကြိုးညှိမယ်
ဒါဆို နံပါတ် ၆ ကြိုးကို တင်းရမယ်ပေါ့
တင်းလိုက်ပါပြီ E အသံအထိရောက်အောင် တင်းလိုက်ပါပြီ
Floyd Rose မော့မော့လေးဖြစ်နေတာက နဲနဲ ငိုက်ကျလာပါပြီ
E အသံကိုရောက်လို့ ရပ်လိုက်ပြီး အောက်က နံပါတ် ၅ ကြိုးကို A အထိရောက်အောင် ဆက်ညှိလိုက်ပါပြီ
Floyd Rose ဟာလဲ နည်းနည်းထပ်ငိုက် လာပါပြီ
အဲဒီကြိုး A ကို အပီအပြင်ရောက်သွားတဲ့အခါ ညှိပြီးသား ခုနက နံပါတ် ၆ ကြိုးကို ပြန်တီးကြည့်ပါ။
သူ့ကို ညှိခဲ့တဲ့ E အောက် အသံကျနေတာကို တွေ့ရပါလိမ့်မယ်။

ဒါ ဘာကြောင့် ဖြစ်တာပါလိမ့်။

Electric Guitar တစ်လက်အကြောင်း - ၂ မှာ Floyd Rose Tremolo အကြောင်းရေးထားတာလေးကို ပြန်ကြည့်ကြည့်ပါ။
ဒီကောင်ဟာ ဒေါက်တိုင်နှစ်ခုကို အားပြုပြီး အောက်ကဆွဲတဲ့ စပရင်နဲ့ အပေါ်က ပြောင်းပြန်ပြန်ဆွဲထားတဲ့ ကြိုးဆွဲအားကြား လေထဲမှာ ရပ်တည်နေတာပါ။
ဒီတော့ အပြောင်းအလဲတစ်ခုအနေနဲ့ ကြိုးတစ်ချောင်းကို တင်းလိုက်ရင် သူ အောက်ကိုငိုက်လာမယ်၊ အကျိုးဆက်အနေနဲ့ ကြိုးတွေအကုန် တင်းအားလျော့သွားပါမယ်။

ဆိုတော့ ဒီ Floyd Rose တပ် ဂစ်တာတွေမှာ ကြိုးတစ်ချောင်းကို တင်းလိုက်ရင်ပဲ ဖြစ်ဖြစ် လျော့လိုက်ရင်ပဲ ဖြစ်ဖြစ် ကျန်တဲ့ ကြိုးတွေအကုန်လုံးအပေါ်မှာပါ အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ လုံးဝ မမေ့ပါနဲ့။

စိတ်ကြိုက် ကြိုးညှိပြီးရင်တော့ String Locking System ကို L-key နဲ့ ခပ်ကျပ်ကျပ်လေးဖြစ်အောင် ကျပ်(လှည့်) ပေးလိုက်ပါ။
ဒါဆို သေချာပါပြီ၊ ကြိုးတွေကို Lock ချလိုက်ပါပြီ။
ဒီအချိန်မှာ Tuning Key ကို ဘယ်လောက်လှည့်လှည့် ကြိုးတင်းအား အသံအနိမ့်အမြင့်ကို အကျိုးသက်ရောက်မှု လုံးဝမရှိတော့ပါဘူး။

L-key ကိုလဲ အသေအချာ ကျပ်ပြီးပါပြီး။
တီးနေတာလဲ သီချင်း ၃ -၄ -၅ ပုဒ်ရှိနေပြီ။
ဒီအချိန်ရောက်မှ tunning က နည်းနည်း လွဲနေတယ်။
စစ်ကြည့်လိုက်တော့ ကြိုးတစ်ချောင်းက အသံ ကျနေတယ်။
ဒါဆို String Lock ကို ပြန်လျော့ ပြီး ကြိုးပြန်ညှိ Lock ပြန်ချ၊ ဟာ အကြာကြီး ပြန်လုပ်ရမှာပါလား....... လို့ ထင်ကောင်းထင်မယ်။
မလုပ်ရပါဘူး။ အဲဒါတွေ ပြန်လုပ်စရာမလိုပါဘူး။
Floyd Rose မှာ အဲဒီလို အဖြစ်မျိုးအတွက် လုပ်စရာ နောက်တစ်ခု ရှိပါသေးတယ်။
အဲဒါက ဘာလဲဆိုတော့ Fine Tunning ပါ။
သူက.......
အနီဘောင်ခတ်ပြထားသော နေရာမှာ ရှိပါတယ်။ အဲဒီ ဘုသီးလေးတွေကို လှည့်ပေးခြင်းဖြင့် ကြိုးအလျော့ အတင်းကို အသေးစိတ် ပြုပြင်ယူလို့ရပါတယ်။

ကဲ.......
ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်ဗျာ။
အားလုံး အဆင်ပြေ လွယ်ကူချောမွေ့မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြည်နူးနိုင်ကြပါစေဗျာ.......



Technorati tags:
, , , , , , , , , , , , , , ,