Friday, July 24, 2009

HISTORY OF GUITAR

ရှေးကြိုးတပ်ဂစ်တာရဲ့ မူလအစဟာ သိပ်မရေရာပါ။ သို့သော် ၎င်းကို Lyra ဆိုတဲ့တူရိယာအဖြစ်ကနေ
စတင်ခဲ့တယ်လို့ ယုံကြည်ရပြီး ရှေးအီဂျစ် BC3000 ဆီကို ပြန်ခြေရာကောက်နိုင်သည်။ ရာစုနှစ်ပေါင်းများစွာအတွင်း Lyraဟာ (အလယ်ခေတ် Lute အပါအ၀င်) အသွင်သဏ္ဌာန် အမျိုးမျိုး အဖြစ် ဖြတ်သန်းလာခဲ့ရသည်။ ဒီလိုဖြတ်သန်းလာရင်း အလယ်ခေတ်မှာ Lute ဆိုတ
ဗျပ်စောင်းကြိုးတပ်တူရိယာအဖြစ်ပုံပေါ်လာပါတယ်။ (Lute)ဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာရဲ့ မူရင်းနိမိတ်ပုံပါပဲ။

*****************************

ဂစ်တာရဲ့မူလအစ ဖွံ့ဖြိုး တိုးတက်လာမှုနဲ့ ပတ်သက်လို့ မှန်းဆချက် နှစ်မျိုးရှိသည်။

၁ - Assyria မှာ Lute အဖြစ်နဲ့ စတင်ခဲ့ပြီး အီဂျစ်၊ ပါရှန်း နဲ့ အာရေးဗီးယား တို့ကိုဖြတ်၍ နောက်ဆုံး ၈-ရာစု ၀န်းကျင်မှာ စပိန်ကို ရောက်ရှိလာတာနဲ့

၂ - Assyria လူမျိုးတို့ရဲ့ Ketharah နဲ့


ဂရိလူမျိုးတို့ရဲ့ Kitara
တို့ဟာ တဖြည်းဖြည်း တိုးတက်ပြောင်းလဲလာပြီး

Chrottaကို
ပြန်လည် အမည်မှည့်ခေါ်ထားတဲ့ Citara-Roman တူရိယာအဖြစ် တဖြည်းဖြည်း ဖြစ်ပေါ်လာကာ ၁၆-ရာစု စပိန်ဂစ်တာရဲ့ အနီးစပ်ဆုံး

Vihula တူရိယာ
ဖြစ်လာသည်။

*****************************

၁၂-ရာစုအတွင်းမှာ စပိန်တွင် ဂစ်တာပုံစံ နှစ်မျိုး ခေတ်စားခဲ့သည်။

၁ - ဂရိ နဲ့ ရောမ တူရိယာတွေက ဆင်းသက်လာတဲ့ Guitarra Latina
နဲ့

၂ - အာဖရိကမှ အမွေဆက်ခံခဲ့တဲ့ Guitarra Morisca တို့ဖြစ်သည်။

Guitarra Latina ဟာ ကြိုး၎ကြိုး (၁ကြိုးချင်းစီ) ပါဝင်ပြီး ယနေ့ခေတ် ဂစ်တာနဲ့ ဆင်တူပါသည်။ သူ့ကို Puntrado (Plucked) Style နဲ့ အတီးများပါတယ်။

Guitarra Morissa ဟာ ကျောနောက်မှာ အ၀ိုင်းပုံနဲ့ ဘဲဥပုံ(oval shaped) တူရိယာဖြစ်ပြီး အတော်များတဲ့ နှစ်ကြိုးပူး၊ သုံးကြိုးပူး ကြိုးတွေပါရှိသည်။ သူ့ကို ကြမ်းတမ်းတဲ့ Rasgueado Style နဲ့ တီးခတ်ကြသည်။

*****************************

၁၆-ရာစု စပိန်မှာ ပေါ်ပေါက်လာတဲ့ Vihuela ဟာလည်း ပုံစံမျိုးစုံရှိခဲ့သည်။ Vihuela de Mano ဟာ လက်ချောင်းလေးတွေနဲ့တီးရပြီး၊ Vihuela de Arco က ဘိုးတံနဲ့ ထိုးရကာ၊ Vihuela de Plectro ကတော့ လက်ခတ်နဲ့ တီးခတ်ရပါသည်။

ယနေ့ခေတ် ဂစ်တာဟာ Vihuela de Mano မှ တိုက်ရိုက်ဆင်းသက်လာခြင်းဖြစ်သည်။ Vihuela ရဲ့ ဒုတိယမှ ဆဌမကြိုး အထိဟာ အပူးအတွဲများ ဖြစ်ပြီး၊ ပထမကြိုးကတော့ တစ်ချောင်းထဲ ဖြစ်သည်။ အသုံးအများဆုံး ကြိုးညှိနည်းကတော့ G, C, F, A, D, G (6 to 1) ဖြစ်သည်။

၎င်းကြိုးညှိနည်းဟာ ယနေ့စံသတ်မှတ်ထားတဲ့ ကြိုးညှိနည်းနဲ့ ညှိထားတဲ့ ဂစ်တာရဲ့ တတိယမြောက်အကွက်မှာ Capo ခံ၊ တတိယမြောက်ကြိုးကို အသံဝက် လျှော့ညှိထားတာနဲ့ အတူတူပဲဖြစ်ပါသည်။

၁၆-ရာစုအတွင်းမှာ Vihuela နဲ့ ဂစ်တာကို အသုံးပြုတဲ့ ကြိုးအရေအတွက်ပေါ် မူတည်ပြီး ခွဲခြားခဲ့ကြသည်။ အဲဒီအချိန်က ဂစ်တာမှာ ကြိုး၎ကြိုးရှိပြီး၊ ဒုတိယကြိုးမှ စတုတ္ထကြိုးအထိ ကြိုးအပူးများဖြစ်ကာ ပထမကြိုးကတော့ စင်းလုံးချော တစ်ကြိုးထဲသာဖြစ်သည်။ သို့သော် ၁၆-ရာစု ကုန်ဆုံးချိန်မှာ Vihuela နဲ့ သူ့ဂီတဟာ တဖြည်းဖြည်းပျောက်ကွယ်သွားခဲ့ရပါသည်။

စပိန်မှာလည်း ၁၇-ရာစုအဆုံးမှာ Harpsichord
နဲ့ ဂစ်တာတို့ ပေါ်ပေါက်လာမှုကြောင့် Lute တူရိယာဟာလည်း ပျောက်ကွယ်ခဲ့ရသည်။

*****************************

Vicente Espinel (1551-1642)ဟာ
ဂစ်တာဖွံ့ဖြိုးတိုးတက်မှုအပေါ် စိတ်ရော၊ ကိုယ်ပါ ဘ၀ကို နှစ်မြှုပ်ထားပြီး ရိုးရာ ၄ကြိုးတပ် Guitarra Latina ကို ကြိုးအပိုတွေ ထပ်ဖြည့်လိုက်ရာ အဲဒီအချိန်ကတည်းကစပြီး စပိန်ဂစ်တာ (Spanish Guitar) ဆိုပြီး အောင်မြင် လူသိများ ကျော်ကြားခဲ့ပါသည်။ အဲဒီဂစ်တာမှာ ကြိုး၅ကြိုး တပ်ထားပါသည်။

*****************************

Baroque ခေတ်(1600-1750) နဲ့ Rococo ခေတ် နှစ်ခုကြား ၁၈-ရာစုအတွင်းမှာတော့ ဂစ်တာရဲ့ပြောင်းလဲတိုးတက်မှုဟာ တန့်နေတဲ့ အခြေအနေထဲ ကျဆင်းသွားခဲ့သည်။ ထိုအချိန်အတွင်း ကီးဘုတ်နဲ့ကြိုးတပ်တူရိယာ (ဂစ်တာ မပါဝင်) တွေဟာ ထိပ်တန်းသို့ ရောက်နေခဲ့ကြပါသည်။

*****************************

၁၈-ရာစုနှောင်းပိုင်းမှ ၁၉-ရာစုအ၀င် ဂစ်တာကိုစိတ်ဝင်စားမှုက ပြန်လည်ခေတ်စားဖို့ စတင်လာခဲ့သည်။ ၁၈၅၀နှစ်များမှာတော့ J. Areas နဲ့ Antonio Tesses တို့ရဲ့ အကူအညီနဲ့ ခေတ်သစ်ဂစ်တာရဲ့ ပုံစံကို ရေးဆွဲလိုက်ကြပါသည်။ ဒါဟာ ယနေ့ ကျွန်တော်တို့ တီးနေတဲ့ ဂစ်တာပုံစံပဲ ဖြစ်ပါသည်။

*****************************

၁၉၃၁မှာ Rickenbacker ဆိုသူဟာ သူ့ကိုယ်ပိုင် ဒီဇိုင်းဖြစ်တဲ့ ဒယ်အိုးခွက်သဏ္ဃန် ကိုယ်ထည်ရှိပြီး၊ ပေါင်ပေါ်လှဲ တီးခတ်ရတဲ့ Lap-steel ဂစ်တာတွေမှာ


လျှပ်စစ်သံလိုက်သုံး Pickups
ကို စတင်တပ်ဆင် အသုံးပြုလိုက်ခြင်းဖြင့် လျှပ်စစ်ဂစ်တာခေတ်ကို စတင် ဖွင့်လှစ်လိုက်ပါသည်။ နောက်တစ်နှစ်အကြာမှာတော့ ထိုလျှပ်စစ်ဂစ်တာတွေကို စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကာ အပေါ်ဖုံး မျက်နှာပြင်ခုံးပေါ်တပ်ထားတဲ့ Pickups ကတော့ မြင်းခွာပုံသံလိုက်သုံး Pickups ဖြစ်ပါသည်။ Electro Spanish ဂစ်တာတွေရဲ့
အောင်မြင်မှုက တခြားဂစ်တာ ထုတ်လုပ်သူတွေကို လျှပ်စစ်ဂစ်တာ ထုပ်လုပ်ဖို့ တပ်လှန့်ပေးလိုက်ခြင်းပါပဲ။

*****************************

၁၉၃၀နှစ်များအတွင်းမှာတော့ ဂစ်တာတွေကို Higher Octave တွေအထိ တီးခတ်နိုင်ဖို့အတွက် Cutaway တွေ တွင်တွင်ကျယ်ကျယ် လုပ်လာတာကို တွေ့ကြရမည်။၁၉၄၀နှစ်များမှာတော့ တီထွင်ဖန်တီးရှင်အင်ဂျင်နီယာ တစ်ဦးဖြစ်တဲ့ Paul Bigsby ဟာ
Country ဂစ်တာသမား Merle Travis အတွက် ပထမဆုံး Solid Body လျှပ်စစ်ဂစ်တာကို ပြုလုပ်ပေးခဲ့ပါတယ်။ ဒီဂစ်တာဟာ သူ့ခေတ် သူ့အခါမှာတော့ ခေတ်ရှေ့ပြေးလွန်းနေတယ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။

*****************************

1952-ခုနှစ်မှာ Gibson ကုမ္ပဏီဟာ သူတို့ရဲ့ ပထမဆုံး (ယခုအချိန်အထိ ဂစ်တာသမားများ မက်မက်စက်စက် တီးနေကြတဲ့) Solid Body လျှပ်စစ်ဂစ်တာ Les Paul ကို
ထုတ်လုပ်လိုက်ပါသည်။

*****************************

နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ ဟိုးအရင်ကတည်းကနေ နောင်အချိန်အထိ ပြောင်းလဲတိုးတက်နေဦးမယ့် ဂစ်တာကို ယခုအချိန်မှာ အဓိကပုံစံ ၃မျိုး ခွဲခြားနိုင်ပါသည်။
ဒါတွေကတော့ Nylon String Classical Guitar



Steel String Acoustic Guitar
နဲ့


Solid Body Electric Guitar
တို့ပဲ ဖြစ်ကြပါသည်။



Technorati tags:
, , , , , , , ,

No comments:

Post a Comment