Wednesday, July 22, 2009

Internet Download Manager.v5.15


Internet အသုံးပြုနေကြသူတိုင်း ကြိုက်နှစ်သက်ကြမယ့် software လေးပါ။

အထူးသဖြင့် မြန်မာနိုင်ငံလို လိပ်က အဖိုးခေါ်ရတဲ့ ကွန်နက်ရှင်စပိနဲ့ အင်တာနက် သုံးနေကြရသူတွေ အတွက်ကတော့ လွှတ်ကြိုက်ပေါ့ဗျာ။

သူ့ရဲ့ထူးခြားချက်က web page တစ်ခုကို ဖွင့်လိုက်ရင် အဲဒီpage ထဲမှာ ချိတ်ပေးထားတဲ့ ဒေါင်းလုဒ်လင့်ခ် ပါတယ်ဆိုတာနဲ့ သူက သွားချိတ်ပေးပြီး အဲဒီလင့်ခ်ရဲ့အပေါ်မှာ ဒေါင်းလုဒ်ချဖို့ tag လေးတစ်ခု အလိုလို ပေါ်ပေးနေပါလိမ့်မယ်။

သူ့ရဲ့အားသာတဲ့အချက်တစ်ခုက.......
သာမန်browser ရဲ့ downloader နဲ့ download ချပြီဆို ဖိုင်ဆိုဒ်ကြီးရင်နည်းနည်းကြာတယ် ပြီးတော့ ကွန်နက်ရှင်နည်းနည်း ထစ်သွား ပြတ်သွားတာနဲ့ အစက ပြန်ပြီးdownload လုပ်နေရတယ်လေ။
ဒီ Internet.Download.Manager နဲ့ဆို ဖိုင်ဆိုဒ်ကြီးတဲ့ဟာတွေကို ပိုပြီးတော့ မြန်မြန် ဆွဲပေးနိုင်တယ်။
ပြီးတော့ ကွန်နက်ရှင်ထစ်သွား ပြတ်သွားလဲ ကိစ္စမရှိ ကွန်နက်ရှင်ပြန်တက်လာတာနဲ့ ရောက်နေတဲ့နေရာကနေ ဆက်ဆွဲပေးပါလိမ့်မယ်။

ကဲ အဲဒီInternet.Download.Manager.v5.15 မရှိသေးလို့ download ချချင်ရင် ဒီနေရာကနေသာ download ချပေတော့ဗျို့.......

Download ချပြီးလို့ Install လုပ်ပြီဆိုရင် သာမန်အတိုင်း next, next, next....... နဲ့ ပြီးတဲ့အထိ ဆက်လုပ်သွားပေးပါ။
အဲ....... ပြီးသွားရင် သူက name တွေ ဘာတွေ ညာတွေနဲ့ register artivate လုပ်ဖို့မေးလာရင် cancel လုပ်ပေးလိုက်ပါ။
Download ချထားတဲ့ zip file ကို ဖြည်လိုက်ရင် crack folder လေးတစ်ခုတွေ့တယ် ဟုတ်
အဲဒီထဲက ပါလာတဲ့ ဖိုင်တွေကို ကော်ပီကူး.......
ပြီးရင်.......
Start > All Programs > Internet Download Manager > Internet Download Manager ကို right click > properties ကို နှိပ်ပေးပါ။
အဲဒီကနေမှ Open File Location/Find Target ကို နှိပ်ပြီး ခုနက Copy ကူးထားတာတွေကို Paste လုပ်လိုက်ပါ။
ဖိုင်နာမည်တူနေလို့ လာမေးရင် overwrite သာလုပ်မယ်လို့ ရွေးပေးလိုက်ပါ။
ပြီးရင်တော့ paste လုပ်ထားတဲ့ဖိုင်နှစ်ခုထဲက register key ဆိုတဲ့ ဟာလေးကို double click လုပ်ပေးလိုက်ပါ။
နောက်ဆုံးအနေနဲ့ Computer ကို restart ချပေးဖို့လိုပါတယ်။
ပြီးပြီဆိုရင်တော့ ကဲ....... Internet.Download.Manager.v5.15 ကို သုံးကြရုံပဲ ကျန်တော့တာပေါ့ဗျာ

အားလုံးအဆင်ပြေနိုင်ကြပါစေဗျာ.......





Technorati tags:
, , , ,

No comments:

Post a Comment