Saturday, July 18, 2009

IE Zaw Gyi font installer



Gtalk မှာ မြန်မာလိုစာရိုက်ချင်လို့ပဲဖြစ်ဖြစ်၊ Blog ရေးဖို့ မြန်မာစာပေါ်ချင် ဖတ်ချင်ရင်ပဲဖြစ်ဖြစ် အသုံးဝင်မယ့် မိမိစက်မှာ တင်ထားသင့်တဲ့ မရှိမဖြစ် software ဖြစ်ပါတယ်။

ဒီနေရာမှာ ဒေါင်းလုဒ် ချယူလို့ရပါတယ်။

Software မတင်တတ်သူ မတင်ဖူးသူတွေအတွက် နဲနဲရှင်းပြပေးပါမယ်။

အထက်က လင့်ခ်မှာ ဒေါင်းလုပ်ချပြီးသွားပြီဆိုရင်.......

အဲဒါ IEZawGyiGtalkFont.exe ကို double click နှိပ်လိုက်ပါ။

အဲဒီအခါမှာ Vista အောက်နိမ့်တဲ့ operating system သုံးထားတဲ့သူတွေအတွက် ဘာမှမဖြစ်ပဲ install dialogue box ပေါ်လာမှာဖြစ်ပေမယ့်
Vista version operation system သုံးထားသူတွေအတွက်ကတော့ cancel လုပ်မလား??? allow??? လုပ်မလား မေးပါလိမ့်မယ်။
Allow လုပ်မယ်လို့ ဖြေလိုက်ပါ။

အဲဒီအခါမှာ ဒီလိုဟာလေးပေါ်လာပါလိမ့်မယ်။

Next ကို နှိပ်ပေးပါ။



ဒီနေရာမှာလဲ Next ကိုပဲ နှိပ်ပါ။



Next ကိုပဲ ဆက်နှိပ်သွားပါ။

ထိုအခါမှာ software install လုပ်နေပါပြီ။
Install လုပ်အပြီးမှာ အောက်ပါပုံလေး ပေါ်လာပါလိမ့်မယ်။

Finish ကို click နှိပ်ပေးပါ။


လို့ ပေါ်လာပြီဆိုရင်တော့ close ကို နှိပ်ပေးလိုက်ပါ။

အဲဒီအခါမှာ system ကို restart ချမှ installation ပြည့်စုံစွာ ပြီးဆုံးမယ် ဆိုတဲ့အောက်ပါ box လေးပေါ်လာပါလိမ့်မယ်။ စက်ကို restart ချမယ်ဆို ok ကို နှိပ်ပေးလိုက်ပါ။ မချချင်သေးဘူးဆိုရင်တော့ cancel ကို နှိပ်ပေးလိုက်ရုံပါပဲ။

Alpha Zaw Gyi ကို install လုပ်ရတာ လွယ်ကူ အောင်မြင်စွာ ပြီးဆုံးနိုင်မယ်လို့ ယူဆပါတယ်။

ကဲ....... မိမိ install လုပ်ထားတဲ့စက်ကို restart ချပြီးသွားလို့ windows လဲ ပြန်တက်လာပါပြီ။
မြန်မာလိုပေါ်အောင် ဘယ်လိုရိုက်ကြမလဲ။

လွယ်ပါတယ်။ ဒီအတိုင်း စာရိုက်လို့ကတော့ ဒီအချိန်မှာ english လိုပဲ ပေါ်နေဦးမှာပါ။
Ctrl + Shift နှစ်ခုကို တွဲနှိပ်လိုက်ပါ။
စာရိုက်ကြည့်ပါဦး။
မြန်မာလိုပေါ်နေပြီ ဟုတ်
ဒါဆို မြန်မာလို ရိုက်နေတာကနေ အင်္ဂလိပ်လို ပြန်ရိုက်ချင်တယ်။
ဘယ်လိုလုပ်မလဲ။
ဒါလဲ လွယ်ပါတယ်။
ခုနက နှိပ်ခဲ့တဲ့ Ctrl + Shift ကို ပြန်နှိပ်လိုက်ပါ။
စာရိုက်ကြည့်ရင် အင်္ဂလိပ်လို ပေါ်နေပြီ ဟုတ်

အားလုံး အဆင်ပြေမယ်လို့ ယူဆပါတယ်။
အားလုံး အဆင်ပြေနိုင်ကြပါစေ ဗျာ.......



Technorati tags:
, , , , , ,

No comments:

Post a Comment