Friday, August 7, 2009

MARK TREMONTI (My Favourite Guitarist)


American rock band ALTER BRIDGE ရဲ့ Grammy ဆုရခဲ့သော lead guitarist MARK TREMONTI ကို 1974, April 18 ရက်မှာ မွေးဖွားခဲ့ပါတယ်။ သူ့ကို 90 ခုနှစ်နောက်ပိုင်း 2000 ခုနှစ်အစောပိုင်းမှာ popular ဖြစ်ခဲ့သော CREED band ရဲ့ guitarist အဖြစ်လည်း လူသိများပါတယ်။





ကလေးဘဝ

MARK TREMONTI ဟာ Michigan ပြည်နယ် Detrot မြို့အနီးမှာ မွေးဖွားကြီးပြင်းခဲ့ပါတယ်။ သူဟာ Kiss, Celtic Frost နဲ့ Metallica စတဲ့ Metal နဲ့ Hard Rock music တွေကို နားထောင်ခဲ့ပါတယ်။ 11 နှစ်အရွယ်မှာ သူဟာ သူ့ရဲ့ ပထမဆုံး guitar ကို ၀ယ်ခဲ့ပါတယ်။ အဲဒီ guitar ဟာ Gibson Les Paul ကို copy လုပ်ထားတဲ့ Tara အမျိုးအစားဖြစ်ပြီး 25 dollar ပေးရပါတယ်။ MARK TREMONTI ဟာ music lesson တွေကို တက်ရောက်သင်ကြားခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဆက်မသင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆရာဖြစ်သူက သူကြိုက်တဲ့ music တွေကို သင်မပေးလို့ပါပဲ။ "Master of Puppets ကို ကျွန်တော်သင်ချင်နေတဲ့အချိန်မှာ သူက Marry Had A Little Lamb ကိုပဲ သင်ပေးနေတယ်" တဲ့။ MARK TREMONTI ဟာ tab နဲ့ ရေးထားတဲ့ စာအုပ်တွေနဲ့ပဲ guitar ကို သင်ယူခဲ့ပါတယ်။ MARK TREMONTI စရေးတဲ့ ပထမဆုံးသီချင်းကတော့ "Yesterday" ပါ။ MARK TREMONTI ဟာ သူအောင်မြင်ခဲ့တဲ့ CREED band ကို မရောက်ခင် အခြား band အတော်များများမှာလဲ ၀င်ရောက်တီးခတ်ခဲ့ပါသေးတယ်။




CREED ခေတ်

အထက်တန်းကျောင်းအောင်အပြီး MARK TREMONTI ဟာ Florida ပြည်နယ်က တက္ကသိုလ်ကို တက်ရောက်နေချိန်မှာပဲ (အထက်တန်းကျောင်းကတည်းက သူသိပြီး သီချင်းတွေ စရေးနေတဲ့) အဆိုတော် Scott Stapp နဲ့ တွေ့ခဲ့ပါတယ်။ တယောက်နဲ့တယောက် မျက်မှန်းတန်းသိကြပေမယ့် အုပ်စုကလဲကွဲ၊ တယောက်ကြောင်းတယောက်လည်းမသိဆိုတော့ အထက်တန်းကျောင်းမှာ သူတို့ သူငယ်ချင်းတွေမဖြစ်ခဲ့ကြပါဘူး။ Tremonti နဲ့ Stapp တို့နှစ်ယောက်အတူ ရှာပုံတော်ဖွင့်လိုက်ကြရာမှာ bass သမား Brian Marshall နဲ့ drummer Scott Philips ကို ရလိုက်ကြပါတယ်။ သူ့ပိုက်ဆံအိတ်ထဲ ဆုတ်ပြီးထည့်သယ်ထားတတ်တဲ့စာသားကိုယူပြီး Naked Toddler လို့ သူတို့ နာမည်ပေးခဲ့ကြပေမယ့် နောက်မှာတော့ CREED လို့ပဲ နာမည်ပေးလိုက်ကြပါတယ်။ ဒါကလည်း Brian ရဲ့ ပုဂ္ဂိုလ်ရေးကိစ္စနဲ့ ပတ်သက်နေပါတယ်။ Brianဟာ အရင်က Mattex Creed ဆိုတဲ့ band ရဲ့ bass သမားပါ။ သူ့ရဲ့အကြံပြုချက်အရပဲ သူတို့ band ကို CREED လို့ နာမည်ပေးခဲ့ကြပါတယ်။ CREED ဟာ 7နှစ်တာ အချိန်တိုလေးအတွင်းမှာ record ပေါင်း သန်း 30 ကျော် ရောင်းခဲ့ရပြီး live show ပွဲပေါင်း 5000 ကျော် ပြုလုပ်ခဲ့ရပါတယ်။ ဒါပေမယ့် MARK နဲ့ SCOTT တို့ရဲ့ မတူညီတဲ့ အချက်အလက်တွေအားလုံးအပေါ်အခြေခံပြီး CREED ပျက်ကာ ALTER BRIDGE ကို မွေးဖွားဖြစ်ခဲ့ပါတယ်။

CREED 'S VOCALIST "SCOTT STAPP"




CREED 'S BASSIST "BRIAN MARSHALL"




CREED 'S DRUMMER "SCOTT PHILIPS"







ALTER BRIDGE ခေတ်

CREED ပျက်ပြီးကတည်းက MARK TREMONTI ဟာ Michael Angelo Batio, Thomas Gospedareck, Fozzy စတဲ့ ကွဲပြားခြားနားသော musician တွေ၊ guitarist တွေနဲ့ အတူတွဲပြီး အလုပ်လုပ်ခဲ့တယ်။ သူဟာ guitar သမား Troy Stetina ဆီကနေ ခက်ခဲတဲ့ lesson တွေကိုလည်း သင်ယူခဲ့ပါသေးတယ်။ " CREED ကွဲသွားပြီးနောက်မှာ သူငယ်ချင်း Scott Phillips နဲ့ ကျွန်တော် တူညီတဲ့အမြင်တွေ ဖလှယ်ပြီး ပြန်စနိုင်အောင် ကြိုးစားခဲ့ကြတယ်။ အတူတွဲပြီး (စိတ်ကူးတည့်ရာ) လက်တန်းလည်းတီးခဲ့ကြတယ်။" လို့ သူကပြောတယ်။ အဲဒီနောက် သူတို့နှစ်ယောက် ပြိုကွဲသွားပြီဖြစ်တဲ့ CREED ရဲ့ bass သမား Brian Marshall နဲ့လက်တွဲပြီး demo တစ်ခွေကို Mayfield Four ရဲ့ vocalist Myles Kennedy ဆိုဖို့ ပို့ပေးလိုက်ရာမှာပဲ Alter Bridge ဆိုပြီး ဖြစ်တည်လာခဲ့ပါတယ်။ Mark, Scott, Brian နဲ့ Myles အားလုံးဟာ သူတို့ project အသစ်အတွက်နာမည်ကို Alter Bridge လို့ တညီတညွတ်တည်း သဘောတူခဲ့ကြပါတယ်။


ALTER BRIDGE 'S VOCALIST "MYLES KENNEDY"




ALTER BRIDGE 'S BASSIST "BRIAN MARSHALL"




ALTER BRIDGE 'S DRUMMER "SCOTT PHILIPS"




INFLUENCES

MARK TREMONTI ရဲ့ အချိန်တိုင်း favourite guitarist ဟာ Stevie Ray Voughan ပါ။ ဒါပေမယ့် သူ့ရဲ့ favourite modern guitarist ကတော့ Zakk Wylde ပါတဲ့။ သူ့ကို Metallica, Celtic Froct, Audlay Freed နဲ့ တခြား hard rock နဲ့ metal guitar သမားတွေကလည်း လွှမ်းမိုးနေပါတယ်။




RECORDED ALBUMS

MARK TREMONTI တီးခဲ့တဲ့ album များမှာ
CREED band နဲ့
1997 မှာ My Own Prison
1999 မှာ Human Clay
2001 မှာ Weathered
ALTER BRIDGE BAND နဲ့
2004 မှာ One Day Remains]
2007 မှာ Blackbird တို့ ဖြစ်ကြပါတယ်။


CREED - MY OWN PRISON



CREED - HUMAN CLAY



CREED - WEATHERED



ALTER BRIDGE - ONE DAY REMAINS



ALTER BRIDGE - BLACK BIRD





GUITARS

MARK TREMONTI ဟာ သူ့ signature ဖြစ်တဲ့ Paul Reed Smith Tremonti model guitar ကို တီးခတ်ပါတယ်။ သူ့မှာ (bridge တွေကို အသေတပ်ထားတဲ့) အနက်ရောင် guitar 1 လက်၊ Tribal guitar 1 လက် နဲ့ Tiger Eye modelguitar 1 လက် ရှိပါတယ်။ Charcoal Burst, Dark Cherry နဲ့ Platinum guitar တွေမှာတော့ (ကြိုးအလျော့ အတင်းလုပ်နိုင်တဲ့) floating vibrato bridge တွေကို တပ်ဆင်ထားပါတယ်။ သူ့မှာ Control Knobs 3 ခုပါတဲ့ အနက်ရောင် model guitar တစ်လက်လည်း ရှိပါသေးတယ်။ သူဟာ Taylor acoustic guitar တွေကိုလည်း အသုံးပြုပါတယ်။ သူကိုင်တဲ့ Juim Dunlop Jazz III pick တွေအကြောင်း Guitar One magazine ကိုပြောရာမှာ "ကျွန်တော် အဲဒီ pick တွေနဲ့ နှစ်ရက်လောက်တီးအပြီးမှာ တီးနေကျ 1.mm nylon pick တွေကို မကိုင်ချင်တော့လောက်အောင်ဖြစ်ခဲ့ရပါတယ်" တဲ့။


Paul Reed Smith Tremonti model guitar



Taylor acoustic guitar



Juim Dunlop Jazz III pick



သူအသုံးပြုတဲ့ပစ္စည်းတွေကတော့ ___
Mesa Boogie 4x12 and 2x15 cabinets
Mesa Boogie Triple Rectifier
Orange amplification has been added to Mark's repertoire
1968 Marshall "Plexi" head
Morley Mark Tremonti Power Wah
TC Electronic G-Force effects processor
Custom Audio Electronics Power Conditioner
VooDoo Labs Ground Control Pro
Ibanez Tube Screamer
Bogner Uberschall
Behringer EQ
Mackie Mixing Board
Avalon Mic Preamp
Fender Twin '65 Reissues
Fender Tone King
Occasionally uses Diezel amps တို့ဖြစ်ကြပါတယ်။


Mesa Boogie 4x12 and 2x15 cabinets



Mesa Boogie Triple Rectifier



Orange amplification has been added to Mark's repertoire


1968 Marshall "Plexi" head



Morley Mark Tremonti Power Wah



TC Electronic G-Force effects processor



Custom Audio Electronics Power Conditioner



VooDoo Labs Ground Control Pro



Ibanez Tube Screamer



Bogner Uberschall



Behringer EQ



Mackie Mixing Board



Avalon Mic Preamp



Fender Twin '65 Reissues



Fender Tone King



Occasionally uses Diezel amps





PRESENT LIFE

MARK TREMONTI ဟာ ယခုအချိန်မှာ Orlando, Florida မှာ ဇနီး Victoris နဲ့ သား Austen တို့နဲ့အတူ နေထိုင်နေပါတယ်။ Vinnie Moore, Rusty Cooley စတဲ့ နာမည်ကြီး guitarist တွေနဲ့လည်း မိတ်ဆွေရင်းတွေ ဖြစ်နေဆဲပါ။

CREED 'S MY SACRIFICE



ALTER BRIDGE 'S BROKEN WINGS

No comments:

Post a Comment