Friday, August 14, 2009

အကြိုက်ဆုံး ဂစ်တာ RIFFများ (DEEP PURPLE - SMOKE ON THE WATER)

အကြိုက်ဆုံး ဂစ်တာ RIFFများ

ဒီခေါင်းစဉ်နဲ့ စာတိုပေစလေးတွေ ရေးမယ်စဉ်းစားတော့ ပထမဆုံးခေါင်းထဲရောက်လာတဲ့ သီချင်းရဲ့ RIFF လေးက.......

သိပ်မစဉ်းစားလိုက်ရပါဘူး
ဂစ်တာသမားတိုင်းသိကြတဲ့
ကျွန်တော် ငယ်ငယ် ဂစ်တာစတီးခါစ exerciseတွေ scalesတွေ theoryတွေ techniqueတွေ လုံးဝ လုံးဝ မသုံးတတ် မတီးတတ် အဲ... လုံးဝကိုလေ့ကျင့်ရမှန်းမသိသေးခင်

ကျွန်တော့်ဖေဖေ ဗွီဒီယိုအခွေ ယူလာပြီး ပြပေးတော့
မျက်တောင်မခတ် အသက်အောင့်ပြီး ထိုင်ကြည့်မိခဲ့တဲ့ အခွေထဲက ပထမဆုံးသီချင်း
အဲဒီအချိန်ကစလို့ ခုအချိန်အထိ ဂစ်တာကို စွဲစွဲမြဲမြဲတီးလာဖြစ်အောင် မျိုးစေ့ ချပေးနိုင်ခဲ့တဲ့ သီချင်း

DEEP PURPLE ရဲ့ smoke on the water ပါ။

အားလုံးသိကြတယ် ဟုတ်

ကဲ RIFF လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှတယ် အရမ်းလဲ မိုက်တယ်
ဘယ်နှခါ နားထောင်နားထောင်
ဘယ်နှခါ တီးကြည့်တီးကြည့် ရိုးမသွားဘူး

အခု ကျွန်တော်တို့ ဒီ RIFF လေးကို တီးကြည့်ရအောင်ဗျာ



အားလုံး အဆင်ပြေလွယ်ကူမယ်လို့ ထင်ပါတယ်။

ကဲ DEEP PURPLE ရဲ့ Guitarist ကျွန်တော်အရမ်းကြိုက်တဲ့ Richie Blackmore တီးထားတဲ့ သီချင်းလေးကိုလဲ ကြည့် ကြည့်ကြပါဦးဗျာ။





Technorati tags:
, , , , , , , , , , , , ,

No comments:

Post a Comment