Thursday, April 30, 2009

AGE GAP

ကျွန်တော် ငယ်ငယ် ဂစ်တာ စတီးခါစနဲ့ တီးတတ်ခါစက rhythm ပဲ တီးတာများတယ်ဗျ။
Rhythm ပဲအတီးများတယ်ဆိုဗျာ....... အဲဒီအချိန်တုန်းက ဂစ်တာတီးချင်တာ နည်းနည်း ဆိုချင်တာက များများဗျ။
"ပြောင်းလဲ မသွားတော့မယ့်အချစ်နဲ့ ဟောင်းနွမ်းမသွားတော့မယ့်အချစ်နဲ့" ၊ "နိုး နိုး ခွဲမသွားနဲ့ နိုး နိုး မေ့လို့မသွားနဲ့ နိုး နိုး" ၊ "ကလေးတစ်ယောက်ရဲ့ကောင်းကင်ရယ် ကျန်ရစ်ခဲ့စေကွယ်" စတဲ့ သီချင်းတွေဆို ဘေးလူ နားငြီးလောက်အောင် ဆိုနေကြပေါ့ဗျာ။

အဲဒီအချိန်မှာပဲ ကျွန်တော့် အဖေက နားတော်တော်ငြီးလာပုံရပါတယ်။
သား ဒါမျိုးလေးတွေတီးပါလား ဆိုပြီး scale လေးတွေကို မွှတ်နေအောင်တီးပြတယ်။
ကျွန်တော်က ဘယ်ကြိုက်မလဲဗျာ ကြိုးလေးတစ်ကြိုးချင်းတီးနေရတာကို တီးမယ့်တီးကြိုးခြောက်ကြိုးလုံးတပြိုင်တည်းတီးရတာအားရတာပေါ့ဗျာ။

ပြီးတော့ အဲဒီအချိန် မြန်မာ့ရုပ်မြင်သံကြားမှာလာလာနေတဲ့ အစီအစဉ်တွေမှာ သီချင်းလေးတွေ live ပုံစံ Indoor လေးတွေ ရိုက်ပြီး ပြန်လွှင့်ပြတယ်လေ
အဲဒီ အစီအစဉ်ကို ကျွန်တော်ကြည့်ရင် Rhythm တီးတဲ့သူကိုပဲ လိုက်လိုက် ကြည့်တာဗျ။
Solo တီးတဲ့သူဆို ဘာတွေလျှောက်တီးနေမှန်းမသိပါဘူးဆိုပြီး မကြည့်ဖြစ်ပါဘူးဗျာ။

တရက်တော့ အဖေ ရန်ကုန်က ပြန်အလာ Video tape အခွေပါလာပြီး ကျွန်တော့်ကို ဖွင့်ပြပါလေရော။
ကျွန်တော် တော်တော် အံ့သြပြီး ငေးကြည့်နေမိတာ မှတ်မိနေသေးတယ်ဗျ။
အဲဒါကတော့ Deep Purple အခွေလေ။
ကျွန်တော် ပထမဆုံး စကြည့်ဖူး အားကျဖူးတဲ့ ဂစ်တာသမားက Richie Blackmoore ပါ။
Smoke on the water, Highway Star တို့ဆိုတာ ကျွန်တော် နားထောင် ငေးကြည့်နေကြ သီချင်းတွေပေါ့ဗျာ။

အဲဒီမှာပဲ အဖေက မေးတယ်ဗျ။
သား အဲလိုတီးချင်လားတဲ့
ဘာပြောကောင်းမလဲ ခေါင်းတွေ စွတ်ငြိမ့် ပြနေမိမယ်ထင်ပါတယ်ဗျာ။
အဲဒီမှာပဲ အဖေက Scale တွေ၊ Finger Exercise တွေ စသင်ပေး ပြပေး လေ့ကျင့်ပေးတော့တာလေ။


ပြန်တွေးကြည့်ရင်တော့ တော်တော်ရီစရာကောင်းတယ်ဗျ။ နော်
ခြောက်ကြိုးစလုံးမတီးရလို့ အားမရတဲ့
Solo တီးနေတဲ့သူကိုတွေ့ရင် လျှောက်တီးနေတယ်လို့ထင်တဲ့ သူက
သြော်...........ခုတော့............................................


Technorati tags:
, , , , , , , , , , , ,

No comments:

Post a Comment