ကျွန်တော် ငယ်ငယ် ဂစ်တာ တီးတတ်ခါစက အားပြီဆိုရင် အမြဲဂစ်တာတီးပြီး သီချင်းဆိုနေတာဗျ။
အဲ နဲနဲ အရွယ်လေးလဲရလာရော Solo တွေဘက် Lead လိုင်းဘက်လှည့်ဖြစ်တော့ ပိုပြီးတီးဖြစ်တော့တာပေါ့ဗျာ။
သီချင်းဆိုတာတော့ အဲဒီအချိန်တည်းက နည်းသွားတော့တာ ခုဆို တစ်ပတ်လုံးနေလို့ သီချင်းတစ်ပုဒ် မညည်းဖြစ်တော့ပါဘူး။
ကျွန်တော်ငယ်ငယ် အသည်းအသန် ဂစ်တာတီးနေတဲ့အချိန်တုန်းက ကျွန်တော့အဖေက စတယ်ဗျ။
ဘယ်လို စ လဲဆိုတော့.......
" သားရာ၊ သားကို ကြိုးတွေမပါပဲ ဂစ်တာတီးနိုင်တဲ့အဆင့်ထိ ရောက်စေချင်လှပါပြီတဲ့ " ဗျာ။
(ဂစ်တာနဲ့ နဲနဲ ဝေးတဲ့သူတွေအတွက် ပြောပြပါမယ်။ ဖေဖေ ဘာကိုဆိုလိုချင်လဲဆိုတာကိုလေ။
စဉ်းစားကြည့်ကြပေါ့ဗျာ။ ကြိုးတွေမပါတဲ့ ဂစ်တာကိုတီးမှတော့ ဘယ်လိုလုပ်ပြီး အသံထွက်တော့မှာတုန်း၊
အဲလိုစတာဗျ ကျွန်တော့ ဖေဖေက၊ အင်း သူလဲ တစ်ခါတစ်ခါ နားငြီးလို့ ထင်ပါရဲ့ဗျာ :-) )
အဲဒီလိုနဲ့ အရွယ်လေးနည်းနည်းရလာတော့ ကျွန်တော် တက္ကသိုလ်တွေပြီးတော့ ဖေဖေက Electric ဂစ်တာ ၀ယ်ပေးတယ်ဗျ။
ခု Profile photo မှာ ကျွန်တော်ပိုက်ထားတဲ့ ဂစ်တာလေးလေ။
အဲဒါလေးဝယ်ပေးပြီးတော့ အမြဲတီးနေချင်တော့တာပေါ့။
ဒါပေမယ့်ဗျာ ကျွန်တော်တို့ မုံရွာက မီးမမှန်ဘူးဗျ။
မမှန်ဆို ပျက်တလှည့် မလာတလှည့် အဲလိုမျိုးကို ဖြစ်နေတော့။
များသောအားဖြင့် အချိန်တိုင်းလိုလို ဂစ်တာကို ဘယ် amplifier နဲ့ တွဲတီးလို့ရတော့မလဲဗျာ။
ဒီတိုင်းပဲ plain ကြီးတီးနေရတော့တာပေါ့။
အဲဒီတော့ ဖေဖေက စ ပြန်ရောဗျ။
ဘယ်လိုစလဲ ဆိုတော့.......
" သားရာ ဒီလိုမှန်းသိရင် electric ဂစ်တာကို အစောကြီးတည်းက ၀ယ်ပေးထားပါတယ် " တဲ့ ဗျာ.......
(ဘာလို့ဆို electric ဂစ်တာကို cable မတတ်ပဲ ဂစ်တာ amplifier မပါပဲတီးတော့ ဘယ်အသံထွက်မလဲဗျာ။
တီးတဲ့သူကတော့ ကြားရတာပေါ့ ဘေးလူက ဘလမ်း ဘလမ်းအသံလောက်ပဲ တိုးတိုး ကြားရတယ်ဆိုရုံလေး ကြားရတာကိုး ဗျ)
Technorati tags:
ဖေဖေ နဲ့ ကျွန်တော်, ဖေဖေ, ကျွန်တော်, Funny, soe wai win myint, soewaiwinmyint, soe wai, soewai, စိုးေ၀၀င်းမြင့်, စိုးဝေ, ဂစ်တာ, Guitar, ကျွန်တော့်အကြောင်း
No comments:
Post a Comment