Tuesday, April 28, 2009

ငယ်ငယ်တုန်းကပေါ့

ခုချိန်ပြန်တွေးကြည့်ရင် ရီချင်စရာ ပြုံးချင်စရာလေးတစ်ခု ပြောပြချင်ပါတယ်။
ကျွန်တော် ငယ်ငယ်တုန်းကပေါ့။
အဲ.......... ငယ်ဆို
ဘယ်အရွယ်လောက်ဖြစ်မလဲဆိုတော့.............
ကျွန်တော် နှစ်တန်း ကျောင်းသားဘ၀တုန်းကလေ........


အဲဒီအချိန်တုန်းက ကျွန်တော် ဂစ်တာစ မတီးဖြစ်သေးပါဘူး။
ဒါပေမယ့် ရူးတော့ ရူးနေပါပြီ၊ ပိုးဝင်နေပြီပေါ့ဗျာ။
ဘာလို့ဆို အဲဒီအချိန်က ခေတ်စားတဲ့ ကိုစိုးလွင်လွင်ရဲ့သီချင်းတွေ၊ ကိုထူးအိမ်သင်ရဲ့ သီချင်းတွေကို ကလေးသံ စူးစူးလေးနဲ့ ဆိုနေပါပြီ။

အဲဒီအချိန်မှာပဲပေါ့..........

ကျွန်တော့အိမ်ကို လာလာနေတဲ့ ဦးတင်ဝင်း ဆိုတဲ့ လူက ဂစ်တာတော်တော်တီးတတ်တယ်ဗျ။
[ဒါလဲ ခုမှ ပြန်စဉ်းစားမိလို့ ဒီလိုကောက်ချက်ချမိတာလေ၊ (အဲဒီအချိန် ကလေးဘ၀တုန်းကတော့ ဒါတွေဘယ်သိမလဲ)]
သူအိမ်လာရင် ကျွန်တော့ အဖေရဲ့ ဂစ်တာကိုကောက်ကိုင်ပြီးတီးတော့တာပဲ။
သူတီးတာက rhythm အတီးနည်းတယ်ဗျ။
solo ကို melody note တွေပဲ တီးတာ (နားလည်လွယ်အောင်ဆို အလုံးကောက် ပဲတီးတယ် ဆိုပါတော့ဗျာ)၊
သူတီးတာ တော်တော်နားထောင်လို့ ကောင်းတယ်ဗျ။

အဲ...... ဖြစ်တာက သူ ဂစ်တာကိုချပြီး အပေါ့အပါးသွားနေတဲ့ အချိန်မှာဖြစ်တာ။

Steve Vai ကို အရမ်းကြိုက်ပြီး အရူးအမူးလိုက်တီးနေတဲ့ ဟောဒီကောင် (ပြောလို့သာပြောတာပါ သူ့တော့ ဘယ်မှီမလဲ၊ မမှီဆို တူတောင်မတူပါဘူးဗျာ၊ အဲလောက်အထိ တော်တဲ့ ကျွန်တော်ပါ)
အဲဒီအချိန်တုန်းက .......

ဦးတင်ဝင်းသေချာ Tunning (ကြိုးညှိ) လုပ်ပြီး တီးရင်း ချထားခဲ့တဲ့ ဂစ်တာကို ဘာလုပ်တယ်မှတ်လဲ။
Key တွေ လျှောက်လှည့်ပစ်တယ်ဗျာ။
သူပြန်လာလို့ ဂစ်တာကောက်ကိုင်ပြီးတီးရင် မျက်မှောင်ကြီးကျုံ့ပြီး ခနနေတော့ ပြန်ညှိရတော့တာပေါ့။
ဘာကြောင့်ဖြစ်မှန်း သူလဲ မစဉ်းစားမိတာလား မမေးချင်လို့မမေးတာလား မသိပါဘူး။

တစ်ရက်တော့ သူက ဂစ်တာချပြီး နောက်ဖေးဝင်သွားတယ်ဗျ။
ဒီကောင်ကလဲ ဘယ်နေမလဲ
ကောက်ကိုင်ပြီး Key တွေလှည့်တော့တာပေါ့
သူက အပေါ့သွားတာဟုတ်ဘူးဗျ
ချောင်းကြည့်နေတာကနေထွက်လာပြီး သားစိုး ဘာလုပ်တာလဲ မေးရော
ကျွန်တော်က ဘာပြန်ဖြေတယ်ထင်လဲ
"နားရွက်လေးတွေ (Keys) ကို ညီနေအောင် လှည့်ထားတာ"တဲ့ ......... လို့လဲ ဆိုရော
အံ့အားသင့်ပြီး "ဟေ ဘာလို့လဲကွ" ဆိုတော့
ဒီကောင်က "ဒီလိုလေး ညီနေအောင်လှည့်ထားတော့ ပိုလှတာပေါ့" တဲ့ဗျာ.......................




သူကတော့ ရှင်းပြတာပေါ့။ ဒါကြိုးညှိတာ ဒီလိုအသံလေးတွေ တူအောင်ညှိမှ တီးလို့ နားထောင်လို့ကောင်းတာ ဘာ ညာ ပေါ့
ဒါလဲ မရပါဘူး သူလစ်ရင် လစ်သလို ပြန်ပြန်လှည့်တာပဲ
ဟုတ်ဘူးလားဗျာ
မညီမညာကြီးလှည့်ထားတာ ဘယ်ကြည့်ကောင်းမလဲ
ညီနေအောင် နားရွက်လေးတွေကို လှည့်ထားတော့ ပိုကြည့်လို့ကောင်းတာပေါ့
ဟုတ်ဘူးလား

ဟီး ဟီး
ဒါပေမယ့်
ခု ကျွန်တော်တီးနေတဲ့ ဂစ်တာကိုတော့ အဲလို လာလုပ်ရဘူးနော်
အော်ငိုပစ်မှာဗျ


Technorati tags:
, , , , , , , , , ,

No comments:

Post a Comment