Tuesday, April 28, 2009

GTI fresher welcome မှာ.......

ကျွန်တော်တို့ GTI fresher welcome လုပ်တော့.......

အရင်နှစ်တွေတုန်းက တီးဝိုင်းတွေ ဘာတွေမပါပဲ၊ ကက်ဆက်ဖွင့် (အဲဒီအချိန်တုန်းက ကက်ဆက်ပဲ ပေါ်ပါသေးတယ်၊ CD တွေခေတ် မဟုတ်သေးပါဘူး) ပြီး ကကြ၊ ပြဇာတ်ကကြ နဲ့ပဲ လုပ်နေကြတဲ့ အချိန်မှာ.......

ကျွန်တော်တို့ နှစ်လဲ ရောက်ရော.......

ကျွန်တော့် သူငယ်ချင်း ကျော်စွာ(ဒီကောင်က keyboard ရူးတာဗျ) တီးဝိုင်းထည့်မယ် ဖြစ်ပါလေရော။
အကုန် လူတွေစုပြီးမေးကြည့်တော့ ချမယ်တဲ့။
ဒါနဲ့ ဆိုင်ရာပိုင်ရာ ဌာနမှူးတွေ ဆရာ၊ ဆရာမတွေကို အပူကပ် နားပူနားဆာလုပ် ရတော့တာပေါ့။
နောက်ဆုံးကြတော့ ဘယ်လိုမှ ပြောလို့ ဆိုလို့ မရတော့မှန်းသိလို့ နေမှာပါ လုပ်တဲ့။

အဲ....... အဲဒီအချိန်တုန်းက ဒီတီးဝိုင်းမှာ ပါခဲ့ကြတဲ့သူတွေ မှတ်မိသလောက်ပြောပြဦးမယ်ဗျ။
Guitar ကတော့ ကျွန်တော်တီးတာပေါ့ဗျာ
Bass က ချင်းပြည်က ဘွဲ့ဟူလျန်
Keyboard က ကျော်စွာ
Drum က final က အစ်ကိုကြီးတစ်ယောက်တီးတာဗျ၊ နာမည် မမှတ်မိတော့ဘူး (အဲ......ကျွန်တော့ ဆိုတဲ့ သီချင်းတစ်ပုဒ်ကိုတော့ ခု အဆိုတော် မိုးမိုးရဲ့အစ်ကို ငစိုး က၀င်တီးပေးတယ်)
တို့နဲ့ တီးကြမယ်ပေါ့။
ကျွန်တော်တို့ အဖွဲ့ကို ကြီးကြပ်ရအောင် ထည့်ပေးထားတဲ့ ဆရာမက ဒေါ်မြတ်ရွှေစင်အောင်

တီးဝိုင်းက ပစ္စည်းတွေ သွားမယူခင် အစည်းအဝေးမှာ ဆရာမ ပြောသွားတဲ့ စကား ခုထိမှတ်မိနေသေးတယ်ဗျ။

"ဟဲ့ စိုးဝေ နင်တို့ တီးမယ်ဆို အသံတော့ ထွက်အောင်တီးနော်။ အသံမထွက်ရင် ငါ အရှက်ကွဲမှာဟဲ့။ အသံဆူနေရင်ပြီးတာပဲ ကျန်တာ ငါမသိဘူးတဲ့" သြော်....... အားပေးလိုက်ပုံများပြောပါတယ်။

အဲဒီမှာ တီးလုံးတွေတိုက်ကြ အစီအစဉ်တွေဆွဲကြနဲ့ ခုပြန်တွေးကြည့် ခုပျော်စရာကောင်းတယ်ဗျာ။

အဲဒီအချိန်တုန်းက ခုလို Internet မပြောနဲ့ CD တွေတောင်မပေါ်သေးတဲ့အချိန်မှာ
ကျွန်တော့်အဖေကောင်းမှုနဲ့ ကျွန်တော်က မဖြစ်ညစ်ကျယ် tapping တွေ တီးနေပြီလေ
ဒီတော့ ကြုံတုန်း အရွယ်ကလဲ ငယ်သေးချိန်ဆိုတော့ လူတွင်ကျယ်ကြီးလုပ်ပြီး တီးပြနေချင်တာပေါ့
အဲဒီတော့.......
မတင်ဇာမော်ရဲ့ အချစ်ကျောင်းသူကလဲ ထွက်ခါစ။ ဆိုတာက ကျွန်တော်တို့နှစ်ကပဲ မေသန်းထက်ဆိုတယ်။
သူဆိုတာကလဲ ကောင်းတယ်လေ။
သီချင်းပုံစံလေးကလဲ မြူးမြူးကြွကြွလေး ပြီးတော့ အစီအစဉ်အစပိုင်းမှာ ဆိုရမှာဆိုတော့
ဒီကောင်က ဘယ်နေမလဲ အဲဒီသီချင်းကို arrangement ပြန်ဆွဲပြီပေါ့
သီချင်းရဲ့ ခါးလောက် အတီးပိုင်းနေရာမှာ tapping ၀င်တီးမယ်ပေါ့လေ
အကုန်လုံးနဲ့လဲ တိုင်ပင်၊ တီးလုံးတိုက် အားလုံး Ok နေတာပဲ

ဟား ဟား ....... စပြီ ဘယ်ချိန်မှ ထဖောက်လဲ ဆိုတော့.......

သီချင်းကလဲ စနေပြီ
မေသန်းထက်ဆိုတာကလဲ ကောင်း၊ သူက ရုပ်လဲ မဆိုးဘူးဗျ (ဟဲ့ နင်ဒီ Post ကိုဖတ်ပြီးရင် ငါ့ မုန့်ဝယ်ကျွေးနော်)
အားလုံးကလဲ ဒီအထဲမှာ ဈန်ဝင်နေတဲ့အချိန်
ကျွန်တော် tapping ၀င်တီးရမယ့် နေရာရောက်လာပါပြီ
တီးလုံးတိုက်ကတည်းက ကျော်စွာက မြှောက်ပေးထားတာက tapping တီးရင် မင်း၊ ရှေ့ထွက်ပြီး စွတ်ဖြဲကွာ တဲ့
ဆိုတော့....... ကျွန်တော်လဲ guitar clean tone ကနေ distortion ပြောင်းဖို့ effect ကိုနင်းပြီး စင်ရှေ့ကို ထွက်၊ tapping လဲ တီးရော အသံက တိုးပြီး ဘယ်လိုကြီးထွက်လာမှန်းသိဘူးဗျ။

ဖြစ်ရမယ်လေ

ဘာလို့ဆို guitar effect နဲ့ adapter မှားနင်းမိသွားတာကိုးဗျ။

[မှတ်ချက်။ ။ အဲဒီအချိန်တုန်းက ကျွန်တော်တို့ တီးခဲ့ရတာတွေက မြန်မာဖြစ်ဆို မုံရွာဖြစ် တီးဝိုင်းပစ္စည်းတွေနဲ့ပါ။ ဒါကြောင့်သာ clean tone ကို tapping တီးတော့ အသံက မထွက်ဖြစ်နေတာပေါ့ ....... ခုခေတ်လို ပစ္စည်းတွေသာ ကောင်းကြည့်ပါလား။ ဘယ်နေမလဲ အောက်က ၀ိုင်းအော် (အားပေးတာမဟုတ်ပါ) ဆဲကြမှာပေါ့။]


Technorati tags:
, , , , , , , , , , , , , , , , ,

No comments:

Post a Comment