Saturday, November 7, 2009

Paul McCartney - Freedom (Nobel Peace Prize '2001)

2001 ခုနှစ် ငြိမ်းချမ်းရေးနိုဘယ်လ်ဆု ပေးပွဲမှာ Paul McCartney ဆိုသွားတဲ့ Freedom ဆိုတဲ့ သီချင်းလေးပါ။
စာသားရော မယ်လိုဒီလေးရော (အဓိက ကတော့ စာသားပေါ့ဗျာ) ကြိုက်လို့ တင်ပေးလိုက်ပါတယ်။
နားဆင် ခံစား ကြည့် ကြည့်ကြပါဦး။






Sunday, September 13, 2009

2009 ခုနှစ်ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ??

2009 ခုနှစ်ရောက်ပြီဆိုတာ ဘယ်လိုသိနိုင်လဲ??

၁။ သင်ဟာ မိုက်ခရိုဝေ့ဖ်မီးဖိုမှာ ယောင်ပြီး password ရိုက်ထည့်မိနေမယ်။
၂။ ဖဲကို တစ်ကယ့်ဖဲချပ်နဲ့ မဆော့တာ နှစ်အတော်ကြာသွားပြီ။
၃။ မိသားစုသုံးယောက်ကို ဆက်သွယ်ဖို့ ဖုန်းနံပတ် ၁၅ခု ရှိနေမယ်။
၎။ ခုံချင်းကပ်ရက် အလုပ်လုပ်တဲ့လူကို ပြောစရာရှိရင် အီးမေးလ်ပို့တယ်။
၅။ သူငယ်ချင်းတစ်ချို့ အမျိုးတစ်ချို့နဲ့ အဆက်အသွယ်ပြတ်သွားရခြင်းက သူတို့မှာ အီးမေးလ်လိပ်စာမရှိလို့။
၆။ ကားကို ဂိုဒေါင်ထဲထိုးရပ်ပြီး အိမ်ကလူတွေကို ၀ယ်လာတဲ့ပစ္စည်းတွေ လာသူသယ်ပေးဖို့ မိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်မယ်။
၇။ တီဗီမှာလာသမျှ ကြောငြာတွေအောက်မှာ ၀က်ဘ်ဆိုဒ်လိပ်စာ ပါနေတယ်။
၈။ သင့်ဘ၀ရဲ့ ပထမ၁၀နှစ် (သို့) နှစ်၂၀လောက်မှာ သင်နဲ့ အတူတူမရှိခဲ့တဲ့ handphone အိမ်ကအထွက်မှာ ပါမလာတာနဲ့ သင်ဟာ ထိတ်လန့်သွားကာ နောက်ပြန်လှည့်ပြီး အမြန်ပြန်ယူတော့တာပဲ။
၁၀။ အိပ်ရာကနိုးလာတာနဲ့ ကောက်ဖီမသောက်ခင် အင်တာနက်ပေါ်တက်တယ်။
၁၁။ တဖက်လှည့်ပြီး စပြုံးတော့မယ်။
၁၂။ ဒါကိုဖတ်ပြီး ခေါင်းငြိမ့်ပြီး ပြုံးနေပြီ။
၁၃။ ပိုဆိုးတာက သင်ဒီမဲဆေ့ခ်ျကို ဘယ်သူ့ကို forward လုပ်မလဲစဉ်းစားနေပြီ။
၁၄။ အလုပ်များလွန်းလို့ ဒီစာမှာ နံပါတ် ၉ မပါတာတောင် မသိဘူး။
၁၅။ အမယ်...နံပါတ် ၉ တကယ်မပါဘူးလားဆိုပြီး အပေါ်ကစာကြောင်းတွေ ပြန်ဖတ်နေတယ်။

ဟဲ ဟဲ ဟဲ....... ပြောပါတယ်။ ၂၀၀၉ ကို တကယ် ရောက်နေပါတယ်လို့။.......။

The Reason Why I Never Visit A 5* Hotel

The Reason why I never visit a 5* Hotel

Question : "What would you like to have ..Fruit juice, Soda, Tea, Chocolate, Milo, or Coffee?"

Answer : "Tea please"

Question : " Ceylon tea, Herbal tea, Bush tea, Honey bush tea, Ice tea or green tea?"

Answer : "Ceylon tea"

Question : "How would you like it ? black or white?"

Answer : "White"

Question : "Milk, Whitener, or Condensed milk?"

Answer : "With milk"

Question : "Goat milk, Camel milk or cow milk?"

Answer : "With cow milk please.

Question : "Milk from Freeze land cow or Afrikaner cow?"

Answer : "Um, I'll take it black."

Question : "Would you like it with sweetener, sugar or honey?"

Answer : "With sugar"

Question : "Beet sugar or cane sugar?"

Answer : "Cane sugar"

Question : "White , brown or yellow sugar?"

Answer : "Forget about tea just give me a glass of water instead."

Question : "Mineral water or still water?"

Answer : "Mineral water"

Question : "Flavored or non-flavored?"

Answer : "I'll rather die of thirst....."

Friday, August 21, 2009

Electric Guitar တစ်လက်အကြောင်း - ၃

(Electric Guitar တစ်လက်အကြောင်း - ၃) ကိုမဖတ်ခင် (Electric Guitar တစ်လက်အကြောင်း - ၂) ကို ဖတ်ထားပေးစေချင်ပါတယ်။
ဘာလို့ဆို အခု ကျွန်တော် ရေးသားတင်ပြပေးမယ့် အကြောင်းက String Locking System အကြောင်းပါ။ သူက Floyd Rose Tremolo System တပ်ထားတဲ့ ဂစ်တာတွေမှာတပ်ဆင်ထားပါတယ်။

ဒါကြောင့် Floyd Rose Tremolo အကြောင်းနည်းနည်းပါးပါး သိထားမှ ဖတ်ရတာ အဆင်ပြေမယ်ထင်လို့ပါ။
Electric Guitar တစ်လက်အကြောင်း - ၂ မှာ Floyd Rose Tremolo အကြောင်းရေးသားထားပါတယ်။

ကဲ... ဆက်ဆွဲကြရအောင်ဗျာ.......


ဂစ်တာမှာ String Locking System တပ်ဆင်ထားပုံလေးပါ။
အောက်မှာလဲ ပုံလေးတွေ တင်ပေးထားပါတယ်။


အထက်ပါပုံနှစ်ပုံကို ကြည့်ရင်တော့ String Locking System တပ်ဆင်ထားပုံနဲ့ ဂစ်တာကြိုးတပ်ဆင်ပုံကို နားလည် သဘောပေါက်လိမ့်မယ် ထင်ပါတယ်။
ဂစ်တာကြိုးတပ် ပါလာတဲ့ အပြားလေးသုံးခုကို ဂစ်တာကြိုးတွေပေါ်ဖုံးပြီးရင် ပါလာတဲ့နဒ် သုံးခုကို ပါလာတဲ့ L-key အကူအညီနဲ့ ကျပ်လိုက်ရုံပါပဲ။

အဲ....... L-key နဲ့ မကျပ်ခင် ကြိုးကိုတော့ အတတ်နိုင်ဆုံးညီအောင် ညှိထားရပါမယ်။
ကြိုးညှိပုံနဲ့ ဘာကြောင့် Floyd Rose Tremolo မှာ String Locking တပ်ရတာလဲ ဆိုတာလေး ဆက်ပြောပြပါမယ်။

ဟော်လိုဂစ်တာတစ်လက်ကို စိတ်ကြိုက်ဖြစ်တဲ့အထိ ကြိုးညှိပြီးပြီဆိုရင် ဂစ်တာTuning Key နဲ့ Nut ကြားထဲမှာ လွတ်နေတဲ့နေရာက ဂစ်တာကြိုးကို လက်နဲ့ အတင်းဖိထားရင်း ဖိထားတဲ့ကြိုးကိုတီးကြည့်လိုက်ပါ။
ညှိထားတဲ့အသံတွေထက် မြင့်တက်နေတယ် ဟုတ်။
မြင့်မှာပေါ့ ဖိလိုက်တော့ ကြိုးရဲ့ တင်းအားတက်သွားတာကိုး။
ကဲ... ဒါဆို ဖိထားတဲ့လက်ကို လွှတ်လိုက်ပြီး ပြန်တီးကြည့်ပါဦး။
ခုနက ညှိထားတဲ့ ဟာတွေနဲ့ မတူတော့ဘူးနော် အဲဒီကြိုးမှာ နည်းနည်းတော့ အသံကတက်နေတယ် ဟုတ်။
ဒါဘာကြောင့်ဖြစ်တာလဲ.......
ခုနက ကြိုးကို သူ့ရဲ့ အသံထွက်ဧရိယာအပြင်ကနေ လက်နဲ့ဖိပြီးတင်းလိုက်တယ်လေ
ဒါပေမယ့် အခု ဖိထားတဲ့လက်ကို ပြန်လွှတ်လိုက်တယ်။
သို့သော် ကြိုးရဲ့တင်းအားက ပုံမှန်ကိုပြန်မရောက်သွားပဲ နည်းနည်းတော့ တင်းအားတက်နေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ Nut ကို ကြိုးဝင်ပြီး Body ကို မရောက်ခင်မှာကတည်းက ကြိုးရဲ့ တင်းအားဟာ Nut-Body အပြင်ဘက်ကိုရောက်သွားတာကိုး။

အဲဒီလိုပဲ ညာဘက် ဂစ်တာတီးနေတဲ့နေရာကနေ ကြိုးတွေကို အားပြင်းပြင်းနဲ့ မ ကြည့်လိုက်ပြီး တီးကြည့်ပါဦး
အသေအချာညှိထားတဲ့ ကြိုး (ခုနက အားနဲ့ မလိုက်တဲ့ကြိုး) ဟာ နည်းနည်းတော့ အသံကျသွားပါလိမ့်မယ်၊ ကြိုးတင်းအားလျော့သွားတာကိုး။

ဒီလိုအဖြစ်မျိုးဟာ လက်နဲ့ဖိလိုက် မလိုက်နဲ့ကို ပြောင်းနေတာ တွေ့ရမှာပါ။ မူလအတိုင်းပြန်ထားလဲ သူ့ရဲ့ အကြိုးသက်ရောက်မှုကတော့ နောက်တစ်ကြိမ်ကြိုးပြန်မညှိခင် အချိန်အထိ ရှိနေမှာပါ။
ဒါ လက်နဲ့ တင်မလိုက် ဖိလိုက်ပဲ ရှိသေးတာနော်။

Floyd Rose Tremolo နဲ့ ကြိုးတွေလျော့ အသံလျော့ချလိုက်ရင် ကြိုးတွေ လုံးဝ တင်းအားမရှိတဲ့အထိကို လျော့ချလိုက်လို့ ရပါတယ်။
လျော့ချပြီး မူလအတိုင်းပြန်ထားပြီး တီးမယ်ဆို ညှိထားတဲ့အတိုင်းဖြစ်ပါတော့မလား... စဉ်းစားကြည့်ပါ။
လုံးဝ မရနိုင်တော့ပါဘူး။

အဲဒီလိုမဖြစ်ရအောင် String Locking System ကို ထည့်တပ်ဆင်ပေးထားရခြင်းဖြစ်ပါတယ် ခင်ဗျား...

String Locking System ကို တပ်ဆင်ထားခြင်းအားဖြင့် ကြိုးရဲ့တင်းအားဟာ Nut (Lock လုပ်ထားသောနေရာ) - Bridge (floyd rose မှာ ကြိုးတပ်ပြီး ကြပ်ထားတဲ့နေရာ) ကြားထဲမှာပဲ အမြဲရှိနေမှာပါ။

ခင်ဗျား ဂစ်တာကြိုးတွေကို လျော့လိုက်၊ တင်းလိုက် ကြိုက်သလိုလုပ်ပါ။
ကြိုက်တဲ့ လက်ဆ နဲ့ ကြိုက်သလောက်လုပ်ပါ။
ပြီးရင်တော့ မူလ ကြိုးညှိထားတဲ့အတိုင်း အသံမှန်အတိုင်း ပြန်ဖြစ်နေစေချင်လို့ ဒီကောင်ကို သုံးရခြင်း ဖြစ်ပါတယ်။

ကဲ... တပ်ဆင်ထားပုံကိုလဲ သိပြီ၊ သုံးရခြင်း ရည်ရွယ်ချက်ကိုလဲ သိပြီ။

တစ်ခု သိဖို့ လိုသေးတာက ကြိုးညှိဖို့ပါ။

သာမန်ဂစ်တာတွေနဲ့ ဒီ Floyd Rose တပ်ထားတဲ့ ဂစ်တာတွေနဲ့ ကြိုးညှိတဲ့အခါမှာ အနည်းငယ်ကွဲပါတယ်။

ကြိုး ၆ ချောင်းစလုံး မတင်းရသေးခင်မှာ Floyd Rose ဟာ မော့ မော့လေး ဖြစ်နေမှာပါ။
အဲ ဥပမာ... အပေါ်ဆုံး နံပါတ် ၆ ကြိုး က စပြီး ကြိုးညှိမယ်
ဒါဆို နံပါတ် ၆ ကြိုးကို တင်းရမယ်ပေါ့
တင်းလိုက်ပါပြီ E အသံအထိရောက်အောင် တင်းလိုက်ပါပြီ
Floyd Rose မော့မော့လေးဖြစ်နေတာက နဲနဲ ငိုက်ကျလာပါပြီ
E အသံကိုရောက်လို့ ရပ်လိုက်ပြီး အောက်က နံပါတ် ၅ ကြိုးကို A အထိရောက်အောင် ဆက်ညှိလိုက်ပါပြီ
Floyd Rose ဟာလဲ နည်းနည်းထပ်ငိုက် လာပါပြီ
အဲဒီကြိုး A ကို အပီအပြင်ရောက်သွားတဲ့အခါ ညှိပြီးသား ခုနက နံပါတ် ၆ ကြိုးကို ပြန်တီးကြည့်ပါ။
သူ့ကို ညှိခဲ့တဲ့ E အောက် အသံကျနေတာကို တွေ့ရပါလိမ့်မယ်။

ဒါ ဘာကြောင့် ဖြစ်တာပါလိမ့်။

Electric Guitar တစ်လက်အကြောင်း - ၂ မှာ Floyd Rose Tremolo အကြောင်းရေးထားတာလေးကို ပြန်ကြည့်ကြည့်ပါ။
ဒီကောင်ဟာ ဒေါက်တိုင်နှစ်ခုကို အားပြုပြီး အောက်ကဆွဲတဲ့ စပရင်နဲ့ အပေါ်က ပြောင်းပြန်ပြန်ဆွဲထားတဲ့ ကြိုးဆွဲအားကြား လေထဲမှာ ရပ်တည်နေတာပါ။
ဒီတော့ အပြောင်းအလဲတစ်ခုအနေနဲ့ ကြိုးတစ်ချောင်းကို တင်းလိုက်ရင် သူ အောက်ကိုငိုက်လာမယ်၊ အကျိုးဆက်အနေနဲ့ ကြိုးတွေအကုန် တင်းအားလျော့သွားပါမယ်။

ဆိုတော့ ဒီ Floyd Rose တပ် ဂစ်တာတွေမှာ ကြိုးတစ်ချောင်းကို တင်းလိုက်ရင်ပဲ ဖြစ်ဖြစ် လျော့လိုက်ရင်ပဲ ဖြစ်ဖြစ် ကျန်တဲ့ ကြိုးတွေအကုန်လုံးအပေါ်မှာပါ အကျိုးသက်ရောက်မှုရှိတယ် ဆိုတာ လုံးဝ မမေ့ပါနဲ့။

စိတ်ကြိုက် ကြိုးညှိပြီးရင်တော့ String Locking System ကို L-key နဲ့ ခပ်ကျပ်ကျပ်လေးဖြစ်အောင် ကျပ်(လှည့်) ပေးလိုက်ပါ။
ဒါဆို သေချာပါပြီ၊ ကြိုးတွေကို Lock ချလိုက်ပါပြီ။
ဒီအချိန်မှာ Tuning Key ကို ဘယ်လောက်လှည့်လှည့် ကြိုးတင်းအား အသံအနိမ့်အမြင့်ကို အကျိုးသက်ရောက်မှု လုံးဝမရှိတော့ပါဘူး။

L-key ကိုလဲ အသေအချာ ကျပ်ပြီးပါပြီး။
တီးနေတာလဲ သီချင်း ၃ -၄ -၅ ပုဒ်ရှိနေပြီ။
ဒီအချိန်ရောက်မှ tunning က နည်းနည်း လွဲနေတယ်။
စစ်ကြည့်လိုက်တော့ ကြိုးတစ်ချောင်းက အသံ ကျနေတယ်။
ဒါဆို String Lock ကို ပြန်လျော့ ပြီး ကြိုးပြန်ညှိ Lock ပြန်ချ၊ ဟာ အကြာကြီး ပြန်လုပ်ရမှာပါလား....... လို့ ထင်ကောင်းထင်မယ်။
မလုပ်ရပါဘူး။ အဲဒါတွေ ပြန်လုပ်စရာမလိုပါဘူး။
Floyd Rose မှာ အဲဒီလို အဖြစ်မျိုးအတွက် လုပ်စရာ နောက်တစ်ခု ရှိပါသေးတယ်။
အဲဒါက ဘာလဲဆိုတော့ Fine Tunning ပါ။
သူက.......
အနီဘောင်ခတ်ပြထားသော နေရာမှာ ရှိပါတယ်။ အဲဒီ ဘုသီးလေးတွေကို လှည့်ပေးခြင်းဖြင့် ကြိုးအလျော့ အတင်းကို အသေးစိတ် ပြုပြင်ယူလို့ရပါတယ်။

ကဲ.......
ဒီလောက်နဲ့ပဲ ရပ်လိုက်တော့မယ်ဗျာ။
အားလုံး အဆင်ပြေ လွယ်ကူချောမွေ့မယ်လို့ မျှော်လင့်ပါတယ်ဗျာ။
အားလုံး ပျော်ရွှင် ချမ်းမြေ့ ကြည်နူးနိုင်ကြပါစေဗျာ.......



Technorati tags:
, , , , , , , , , , , , , , ,

Electric Guitar တစ်လက်အကြောင်း - ၂

ဒီ ပို့စ်လေးက အရင်ရေးဖူးတဲ့ Electric Guitar တစ်လက်အကြောင်း - ၁ ရဲ့ အဆက်ပါ။
အဆက်လို့သာ ပြောတာပါ။
ရေးမယ့် အကြောင်းအရာက မတူပါဘူး။
Electric Guitar တစ်လက်အကြောင်း - ၁ ရဲ့ အပြီးမှာ Floyd Rose Tremolo Unit အကြောင်းရေးပေးမယ် ပြောထားခဲ့ပါတယ်။
အခု Floyd Rose Tremolo Unit အကြောင်း ရေးမှာ ဖြစ်ပါတယ်။
ဆက်လက် သည်းခံ ဖတ်ရှုကြပါကုန်.......

ကျွန်တော် ငယ်ငယ် ၉ တန်း (၁၉၉၇) တုန်းက Steve Vai ရဲ့ Alien love secrets ဆိုတဲ့ ကက်ဆက်အခွေကို နားထောင်ဖြစ်ပါတယ်။
ထွက်လာတဲ့ နားထောင်လိုက်ရတဲ့ အသံတွေက အရမ်းမိုက်တယ်။
ကျွန်တော် GTI ပြီးတော့ ECO ဆက်တက်တဲ့ ပထမနှစ် (၂၀၀၀-၂၀၀၁) မှာ အဲဒီအခွေရဲ့ VCD ကို ကျွန်တော့်ဖေဖေ ၀ယ်လာပေးလို့ ကြည့်လိုက်ရတော့ ပထမဆုံး Bad Horsie ရဲ့ အ၀င်မှာတင် မျက်လုံးပြူးသွားတယ်။
Tremolo bar ကို ကစားပြီးတီးတာ တွေ့တော့တွေ့ဖူးတယ်၊ ဒါပေမယ့် သူ့လိုမဟုတ်ဘူးလေ
သူတီးတာ အရမ်းကြောက်စရာကောင်းတယ်။
ဖေဖေက အဲဒီအခွေရဲ့ စာအုပ်ပါဝယ်လာတော့ ကျွန်တော်လိုက်တီးကြည့်တယ်။
စာအုပ်ထဲမှာပါတဲ့ သင်္ကေတတွေဖတ်ပြီးတော့ပေါ့
ဒါပေမယ့် အဆင်မပြေပါဘူး
ကျွန်တော့်မှာမှ Floyd Rose Tremolo System တပ်ထားတဲ့ ဂစ်တာမရှိပဲဗျာ :=(
ဒါပေမယ့် ကျွန်တော် အဲဒါအကြောင်းကို သိချင်လို့ လိုက်ရှာဖွေရင်း သိလိုက်ရတာလေးတွေ
နောက် ကျွန်တော် အဲဒီဟာကို အသုံးပြုဖြစ်တော့ သိလိုက်ရတာလေးတွေကို အခြေခံပြီး ဒီပို့စ်ကို ရေးသားရခြင်းဖြစ်ပါတယ်။




အထက်ပါပုံမှာ အနီရောင်နဲ့ ဘောင်ခတ်ပြထားတာကြီး အကြောင်း ရေးသား တင်ပြပေးမှာ ဖြစ်ပါတယ် ခင်ဗျာ.......
သူ့ကို သုံးရတဲ့ ရည်ရွယ်ချက်က တီးလိုက်တဲ့အသံလေးတွေကို (လက်တံကြီးအား ဖိပေး၊ မပေးခြင်းဖြင့်) အသံများကို နိမ့်ကျသွားစေ မြင့်တက်သွားစေချင်ကြလို့ပါ။
ဥပမာ - ကိုယ်က C note ကိုတီးပြီး အဲဒီအတံကြီးကို ဖိချလိုက်ရင် အသံဟာ C note အောက် နိမ့်ကျသွားမှာပါ။

ကဲ... ဆက်ဆွဲကြရအောင်ဗျာ

ဒီ Tremolo system ကို ဟိုးအရင် ဂစ်တာတွေမှာလဲ တပ်ဆင်အသုံးပြုခဲ့ပါတယ်။
ဒါပေမယ့် ဒီ Floyd Rose လောက် လုပ်နိုင်ခွင့်တွေ မရရှိခဲ့တာ အမှန်ပါ။

သူ့ကို တပ်ဆင်ထားပုံက ဒီလိုပါ။


အနီရောင်ဘောင်ခတ်ထားတဲ့ ဒေါက်တိုင်နှစ်တိုင်ကို ဂစ်တာရဲ့ body မှာ ရိုက်သွင်းပြီး Unit ကို အဲဒီဒေါက်တိုင်မှာ သွားတပ်ထားတာပါ။ ဒေါက်တိုင်ကို သွားတပ်ပေးထားတဲ့နေရာကို အပြာရောင် ဘောင်ခတ်ပြပေးထားပါတယ်။

ပြီးရင်တော့ ဂစ်တာကို မှောက်ကြည့်လိုက်ပါ။
အပေါ်မှာ ပါတဲ့ ပုံထဲက စပရင် တွေကို ညာဘက်က Tremolo Unit မှာ ချိတ်ပြီး ကျန်တဲ့တစ်ဖက်ကိုတော့ (အပေါ်မှာပါတဲ့ပုံထဲမှာပါတဲ့ စပရင်ချိတ်ဖို့ ချိတ်အပြားကို ပါလာတဲ့ နဒ် နဲ့ ဂစ်တာ Body မှာ စုတ်ပြီး) သွားချိတ်ထားပါတယ်။

ပြီးရင်တော့ ကြိုးတပ်တော့ပေါ့။
အဲ... ကြိုးတပ်ဖို့ကတော့ တခြား ဂစ်တာရဲ့ System နဲ့ ကွဲနေတဲ့အတွက် ကြိုးတပ်ပုံလဲ အနည်းငယ်ကွဲပြားပါတယ်။

ပုံမှာ ပြထားတဲ့အတိုင်း ဂစ်တာကြိုးတွေကို ထည့်ပြီး အနီဘောင်ခတ်ပြထားတာကို လက်နှင့် ရစ်ကြပ် ပေးရပါတယ်။
တစ်ချို့ ဂစ်တာသမားများက လျောလျောရှူရှူဝင်စေချင်တာရယ် အပေါက်ကို အကျယ်ကြီးဟမထားချင် (အကြာကြီး ပြန်မကြပ်ချင်လို့လဲ ဖြစ်မှာပေါ့ဗျာ) ဂစ်တာကြိုးမှာပါလာတဲ့ ဘုသီးလေးတွေကို ညှပ်ပစ်ပြီးမှ တပ်ကြပါတယ်။
တချို့ဂစ်တာသမားများကတော့ တမျိုးဗျ။
သူတို့က အဲဒီဘုသီးပါတဲ့ ဘက်က မတပ်ပဲ တခြားတစ်ဘက်က တပ်ကြပါတယ်။ ဘုသီး မဖြတ်ချင်တာရယ် လွယ်လွယ်တတ်ချင်တာရယ် ကြောင့်ထင်ပါတယ်။
ဥပမာ - Emperor က ကိုဇော်မျိုးထွဋ် ဆိုရင် ဂစ်တာကြိုးကို အဲလို ပြောင်းပြန်တပ်ထားပါတယ်။

ကဲ အဲဒါတွေ အကုန်တပ်ပြီးပြီဆိုရင်....
သူ့ရဲ့ အလုပ်လုပ်ပုံလေးကို တစ်ချက်လောက် ကြည့်ကြည့်ရအောင်ပါ။

Tremolo Unit ကို အပေါ်မှာပြောခဲ့တဲ့ ဒေါက်တိုင်လေး နှစ်ခုမှာ သွားတပ်ပေးထားတယ်။
ဒီအထိ သူက လေထဲမှာပဲ ရှိနေတာပါ။
အဲ... စပရင် နဲ့ ချိတ်လိုက်တော့ သူ စပရင်ရဲ့ ဆွဲအားကြောင့် အောက်ကို ကပ်သွားမှာပေါ့... ဟုတ်ဘူးလားဗျာ။
ကဲ... ကြိုးတပ်ပြီး ကြိုးကို တင်းလိုက်တာနဲ့ သူ အပေါ်ကို ပြန်ကြွတက်လာပါပြီ။

ဆိုတော့ကာ.... အခုအချိန်မှာဆိုရင် Tremolo Unit ဟာ ဒေါက်တိုင်လေးနှစ်ခုကို အားပြုပြီး လေထဲမှာပဲ ပြန်ရောက်နေမှာပါ။

သူ့မှာပါတဲ့ လက်တံ Tremolo Bar ကို ဖိလိုက်ရင်ဘာဖြစ်မလဲ။
သူ အောက်ကို ငိုက်ကျလာမှာပေါ့ဗျာ...
ဒါတင်ပဲလားဆိုတော့ ဟုတ်ဘူးဗျ
စဉ်းစားကြည့်ရအောင် သူအောက်ကို ငိုက်ကျလာပြီဆိုရင် ဘာဆက်ဖြစ်မလဲ။
ဂစ်တာကြိုးရဲ့ တင်းအား လျော့သွားပြီပေါ့
ဂစ်တာကြိုးရဲ့ တင်းအားလျော့သွားတာနဲ့အမျှ တီးလိုက်တဲ့အသံလဲ ကျသွားမယ်လေ။

ဒါဆို Tremolo Bar ကို မလိုက်ရင် ဘာဖြစ်မလဲ။
ခုနကနဲ့ ပြောင်းပြန် သူ မော့တက် လာမှာပေါ့။
ဒါဆို ဂစ်တာကြိုးတွေကို ဆွဲတင်းလိုက်သလိုဖြစ်နေမယ်လေ။
ဂစ်တာကြိုးတင်းအားတင်းလာတော့ တီးလိုက်တဲ့အသံတွေ တက်လာမယ်လေ။

ဖိလိုက် မလိုက် လုပ်ပြီး ပြန်လွှတ်လိုက်ရင် သူ မူလနေရာကို ပြန်ရောက်သွားတော့
ခင်ဗျား ညှိထားတဲ့ ကြိုးတင်းအားအတိုင်း မူလအသံကို ပြန်ရောက်သွားတာပေါ့။

ဒီ Floyd Rose ဟာ (ခုနက ပြောခဲ့တဲ့အထဲမှာ ပါခဲ့သလို) လေထဲမှာပဲ ဒေါက်နှစ်ခုကို အားပြုပြီး ရပ်တည်နေတဲ့အတွက် ကျွန်တော်တို့ တီးပြီဆိုရင် နည်းနည်း သတိလေးထားရပါတယ်။
ဘယ်လိုအခါမျိုးမှာလဲ ဆိုတော့.......
Mute လုပ်တီးတဲ့အခါ (ဂစ်တာကြိုးများကို ညာဘက်လက်ဝါးစောင်းနဲ့ အသံ မြုံအောင်လုပ်ပြီး တီးတဲ့အခါ) မှာ လက်ဝါးစောင်းလေးကို အဲဒီ Floyd Rose မှာ တင်ပြီး တီးရတယ်လေ။
အဲဒီအခါမျိုးမှာ အားထည့်ပြီး အတင်းဖိလိုက်လို့မရပါဘူး။
အဲ... အားထည့်ပြီးဖိလိုက်တာနဲ့ သူ့ကို ဖိလိုက်သလိုဖြစ်သွားတဲ့အတွက် ဂစ်တာကြိုးဟာ ခင်ဗျားဖိလိုက်တဲ့ အားအနည်းအများအလိုက် တင်းသွားတဲ့အတွက် ကိုယ်တီးလိုက်တဲ့အသံထက် ပိုမြင့်တက်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော် အဲဒီကောင်နဲ့ စတီးခါစကလည်း အဲဒီ ပြဿနာဖြစ်ပါတယ်။
သိသိကြီးနဲ့ မုဒ် ၀င်လာရင် ဖြစ်ဖြစ်လာတတ်ပါတယ်။
အဆိုးဆုံးကတော့ အရမ်းမြန်တဲ့ ဆိုလိုတွေတီးပြီဆိုရင် အံကျိတ်ပြီး လက်ဖနောင့်ကိုပါ အတင်းအားထည့် ဖျစ်ညှစ်ပြီး တီးတော့ သွားသွား ဖိမိနေတာကိုး...
ပြောရင်း ပြောရင်းနဲ့ ကိုယ် အသုံးမကျတာတွေ ပေါ်ကုန်ပြီ :=(

ကဲ... အခုတော့ ဒီလောက်နဲ့ ပဲ ရပ်ပရစေဗျာ။
နောက် တစ်ပို့စ်မှာ ဒီ Floyd Rose တပ်ထားတဲ့ ဂစ်တာတိုင်းမှာ မပါမဖြစ်ပါရမယ့် String Locking System အကြောင်းနဲ့ ဂစ်တာကြိုးညှိရင် သိထားရမယ့် ဟာလေးတွေ ပြောပြပေးပါ့မယ်။

အားလုံး အဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်ဗျာ။


ဒါကတော့ ကျွန်တော် အကြိုက်ဆုံး ဂစ်တာသမား Steve Vai တီးထားတဲ့ ကျွန်တော်အကြိုက်ဆုံး သီချင်းလေးပါ။
ဒီသီချင်းမှာ Vai ဟာ သူ့ရဲ့ Tremolo Performance ကို အကောင်းဆုံး ပြထားပါတယ်။
သိပ် ကြောက်စရာ စွဲမက်စရာ ကောင်းတယ်နော.......
ထွက်လာတဲ့ အသံတွေက အရမ်းမိုက်တယ်။
တကယ့်ကို လေထဲလွင့်နေသလိုပါပဲဗျာ...
ကျွန်တော် ကြည့်ဖူး နားထောင်ဖူးသမျှထဲမှာ အကောင်းဆုံးလို့ (ကိုယ့်ဟာကိုယ်) သတ်မှတ်ထားတဲ့ သီချင်းလေး ဖြစ်ပါတယ်။
ဘာပဲပြောပြော Tremolo Unit ကို ကစားပြသွားတာတော့ လုံးဝPerfect ဖြစ်တယ်လို့ ထင်ပါတယ်။
ခင်ဗျားတို့ရော ဘယ်လိုသဘောရလဲ...
နားဆင် ခံစား ကြည့်ရှု အားပေးတော်မူကြပါကုန်.......

STEVE VAI - Whispering A Prayer (live at Astoria in London)


Technorati tags:
, , , , , , , , , , , , ,

Wednesday, August 19, 2009

Electric Guitar တစ်လက်အကြောင်း - ၁

Electric Guitar တစ်လက်ကို ကြည့်မယ်ဆိုရင် Hollow/Acoustic Guitar တွေနဲ့ ပုံပန်းသဏ္ဍာန်အရရော လုပ်ငန်းလုပ်ဆောင်ပုံချင်းရော ကွဲပြားနေတာကို တွေ့ရမှာပါ။

အခု ကျွန်တော်ပြောပြမယ့် အကြောင်းက "Electric Guitar" ထဲမှာ ထည့်သွင်းတပ်ဆင်ထားတဲ့ ပစ္စည်းလေးတွေရဲ့ အလုပ်လုပ်ပုံအကြောင်းပဲ ဖြစ်ပါတယ်။

ကျွန်တော့်လောက် မသိသေးတဲ့သူတွေ အတွက်ရည်ရွယ်ပြီး ရေးသားပေးရခြင်း ဖြစ်ပါတယ်။
သိပြီးသား သူတွေအတွက် ဘာမှ မဟုတ်တာလေးတွေက မသိသေးတဲ့သူတွေအတွက်တော့ အနည်းနဲ့အများ အကျိုးရှိမယ်ထင်လို့ပါ။

ကျွန်တော် ဒီ ပို့စ်အတွက် ဂစ်တာတစ်လက်ရွေးထားပါတယ်။
အောက်ဖော်ပြပါ Ibanez Jem 7V Guitar ကို ဥပမာထားပြီး ရေးသားဆွေးနွေး အကြံပေးသွားမှာဖြစ်ပါတယ်။


ဒီ Guitar ကို ကြည့်မယ်ဆိုရင် ဘယ်သူမဆို ဦးဆုံးသတိထားမိမှာက Guitar ရဲ့ body ပဲ ဖြစ်မယ်ထင်ပါတယ်။
ဘာလို့ဆို သူက အခြားနေရာတွေထက် ပိုကြီးနေတာကိုးဗျ... :=)
အဲ... နားလည်လွယ်အောင်ပြောရမယ်ဆိုရင် Hollowဂစ်တာတွေမှာ လွယ်လွယ်ခေါ်နေကြသလို " အိုး " နေရာပေါ့ဗျာ။

အဲဒီ Body ကိုပဲသေချာပြန်ကြည့်မယ်ဆိုရင် ဂစ်တာကြိုးလေးတွေရဲ့အောက်မှာ မြုပ်ထားတဲ့ နှစ်ခုပူးနှစ်ခု နဲ့ အလယ်က တစ်ခု အချောင်းကြီးတွေက ဘာတုန်းဆိုပြီး မေးစရာ ဖြစ်လာမှာပေါ့။
ဟုတ်ကဲ့... အဲဒါကြီးတွေကို Pickup လို့ခေါ်ပါတယ်။
နှစ်ခုပူးကြီးတွေကိုတော့ Humbucker Pickup လို့ခေါ်ပြီး
တစ်ခုတည်းတင်ရှိနေတာလေးတွေကိုတော့ Single Pickup လို့ခေါ်ကြပါတယ်။
နောက်ထပ်ခေါ်နည်းတစ်မျိုးကတော့ Double Coil Pickup နဲ့ Single Coil Pickup ဖြစ်ပါတယ်။

ဂစ်တာBody ရဲ့အောက်ဘက် ခပ်ကျကျနေရာ Volume Control နှစ်ခုရဲ့ဘေးမှာ ခပ်စောင်းစောင်းလေး ထည့်ပေးထားတဲ့ ရွေ့လို့ရတဲ့ ခလုတ်လေးကတော့ Selector Switch လို့ခေါ်ပါတယ်။

အဲဒီ Selector Switch လေးကို ရွှေ့ပေးခြင်းဖြင့် ဂစ်တာသံလေးတွေ ကွဲပြားသွားပါတယ်။
သူရဲ့ အဓိကလုပ်ဆောင်ချက်က Selector Switch ဆိုတဲ့အတိုင်း ရွေးချယ်ပေးဖို့ပါ။
ဘာကိုရွေးချယ်ပေးလဲဆိုတော့ ခုနက ပြောခဲ့တဲ့ Pickup တွေကို ရွေးချယ်ပေးပါတယ်။

အခုပြောပြီးတဲ့အထိကို အောက်က ပုံလေးနဲ့ တိုက်ပြီး ပြန်ဖတ်ကြည့်လိုက်ပါ။
နားလည်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ဗျာ.......


ဒီ Ibanez Jem 7V ဂစ်တာရဲ့ Selector Switch ဟာ ငါးချက်ခလုတ်ဖြစ်ပါတယ်။
အောက်က ပုံကို ကြည့်ပါ။

ထို 5 step selector switch ကို ကစားကြည့်မည်ဆိုလျှင်......
ပထမဆုံး step 1 နေရာကိုထားပြီး တီးလျှင် bridge pickup တစ်ခုတည်းကိုပဲ ချိတ်ပေးပါလိမ့်မယ်။
ထို pickup ကို metal ဂစ်တာသမားများ အသုံးများပါတယ်။
အသံ စူးစူး ပြတ်ပြတ်နှင့် Pitch harmonic များ ထုတ်ဖို့ အသင့်တော်ဆုံးဖြစ်သလို vamp ခပ်ကြမ်းကြမ်းများနှင့် mute လုပ်တီးသောအခါများမှာ သုံးဖို့ အသင့်တော်ဆုံးဖြစ်ပါတယ်။

ကဲ နောက်တစ်ချက်ထပ်ပြောင်းမယ်။
ဒုတိယ step 2 နေရာကိုထားလိုက်ပြီဆိုတာနဲ့ switch က (bridge pickupရဲ့အတွင်းဘက်ဆုံးအခြမ်း) + (center pickup) ကို ချိန်းပေးပါလိမ့်မယ်။

တတိယ step 3 နေရာကိုထားလိုက်ပြီဆိုရင်တော့ single coil (center) pickup ကို သွားချိတ်ပေးပါလိမ့်မယ်။
သူ့အသံက ပါဝါနည်းပါတယ်။ အသံထွက်လဲ သိပ်မကြမ်းတမ်းပါဘူး။

step 4 နေရာရောက်ရင် {single coil (center) pickup} + {neck pickup ရဲ့ အတွင်းဘက်ဆုံးအခြမ်း} ကို ချိန်းလိုက်ပါလိမ့်မယ်။

နောက်ဆုံး step 5 ကတော့ neck pickup တစ်ခုတည်းကိုပဲ ချိန်းပေးပါလိမ့်မယ်။
သူ့အသံထွက်က တော်တော်နွဲ့ပါတယ်။
Solo ငြိမ့်ငြိမ့်လေးတွေ တီးဖို့ သင့်တော်ပါတယ်။

အောက်မှာပြထားတဲ့ Selector Switch, Pickup နှင့် တွဲ၍အလုပ်လုပ်ပုံ ဆိုတဲ့ ပုံနဲ့ တွဲပြီးဖတ်ကြည့်ပါက ပိုမို သဘောပေါက်လိမ့်မယ် ထင်ပါတယ်။




အားလုံး အဆင်ပြေ လွယ်ကူချောမွေ့မယ်လို့ ထင်ပါတယ်။
အခုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေဗျာ။

နောက်တစ်ခါဆိုရင်တော့ Floyd Rose Tremolo Unit ရဲ့ အလုပ်လုပ်ပုံလေးကို ရှင်းပြချင်ပါသေးတယ်.......



Technorati tags:
, , , , , , , , ,

Friday, August 14, 2009

အကြိုက်ဆုံး ဂစ်တာ RIFFများ (DEEP PURPLE - SMOKE ON THE WATER)

အကြိုက်ဆုံး ဂစ်တာ RIFFများ

ဒီခေါင်းစဉ်နဲ့ စာတိုပေစလေးတွေ ရေးမယ်စဉ်းစားတော့ ပထမဆုံးခေါင်းထဲရောက်လာတဲ့ သီချင်းရဲ့ RIFF လေးက.......

သိပ်မစဉ်းစားလိုက်ရပါဘူး
ဂစ်တာသမားတိုင်းသိကြတဲ့
ကျွန်တော် ငယ်ငယ် ဂစ်တာစတီးခါစ exerciseတွေ scalesတွေ theoryတွေ techniqueတွေ လုံးဝ လုံးဝ မသုံးတတ် မတီးတတ် အဲ... လုံးဝကိုလေ့ကျင့်ရမှန်းမသိသေးခင်

ကျွန်တော့်ဖေဖေ ဗွီဒီယိုအခွေ ယူလာပြီး ပြပေးတော့
မျက်တောင်မခတ် အသက်အောင့်ပြီး ထိုင်ကြည့်မိခဲ့တဲ့ အခွေထဲက ပထမဆုံးသီချင်း
အဲဒီအချိန်ကစလို့ ခုအချိန်အထိ ဂစ်တာကို စွဲစွဲမြဲမြဲတီးလာဖြစ်အောင် မျိုးစေ့ ချပေးနိုင်ခဲ့တဲ့ သီချင်း

DEEP PURPLE ရဲ့ smoke on the water ပါ။

အားလုံးသိကြတယ် ဟုတ်

ကဲ RIFF လေးက ရိုးရိုးရှင်းရှင်းလေးနဲ့ အရမ်းလှတယ် အရမ်းလဲ မိုက်တယ်
ဘယ်နှခါ နားထောင်နားထောင်
ဘယ်နှခါ တီးကြည့်တီးကြည့် ရိုးမသွားဘူး

အခု ကျွန်တော်တို့ ဒီ RIFF လေးကို တီးကြည့်ရအောင်ဗျာ



အားလုံး အဆင်ပြေလွယ်ကူမယ်လို့ ထင်ပါတယ်။

ကဲ DEEP PURPLE ရဲ့ Guitarist ကျွန်တော်အရမ်းကြိုက်တဲ့ Richie Blackmore တီးထားတဲ့ သီချင်းလေးကိုလဲ ကြည့် ကြည့်ကြပါဦးဗျာ။





Technorati tags:
, , , , , , , , , , , , ,