လူနားး အသက်ရှည်ရှည် နေနိုင်ဖို့ နည်းလမ်းလေးများ ရှိလားဆရာ
ဆရာဝန်းး အိမ်ထောင်ပြုလိုက်ပါ
လူနားး အဲဒါက တကယ်အသက်ရှည်စေတယ်လား ဆရာ
ဆရာဝန်းး အသက်တော့ မရှည်ပါဘူး။ အသက်ရှည်ရှည် နေချင်စိတ်တော့ ထပ်ဖြစ်လာတော့မှာ မဟုတ်ဘူး။
အမေး ~ မင်္ဂလာပွဲမှာ စုံတွဲတွေ ဘာလို့ တစ်ယောက်လက်ကို တစ်ယောက် ကိုင်လေ့ရှိကြသလဲ။
အဖြေ ~ ဒါက ထုံးတမ်းအစဉ်အလာ တစ်ခုပါပဲ။ လက်ဝှေ့သမားတွေ မသတ်ပုတ်ခင်မှာ လက်ဆွဲနှုတ်ဆက်ကြသလိုမျိုးပေါ့။
ဇနီးးး မောင် ဒီနေ့က ခင်တို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နော်။ ဘာလုပ်ကြရင် ကောင်းမလဲဟင်
ခင်ပွန်းးး ၂ - မိနစ်လောက် (၀မ်းနည်းခြင်း အထိန်းအမှတ်နဲ့) ငြိမ်သက်နေကြတာပေါ့ကွာ။
လူတွေ “ချစ်လို့လက်ထပ်တာ” နဲ့ “မိဘတွေစီစဉ်မှုကြောင့် လက်ထပ်တာ” ကွာခြားပုံအကြောင်း ဆွေးနွေးနေရင် ရယ်စရာ ကောင်းပါတယ်။ ဘာလို့လည်းဆိုတော့ အဲဒါက လူတစ်ယောက်ကို “ကိုယ့်ကိုကိုယ် သတ်သေတာ” နဲ့ “အသတ်ခံရတာ” ဘယ်ဟာ ပိုကောင်းလဲလို့ မေးတာနဲ့ အလားသဏ္ဍာန် တူလို့ပါ။
ဘယ်မှာလဲကိုယ်စောင့်နတ်ကြီးရယ်
လူတစ်ယောက် လမ်းပေါ်မှာ လျှောက်လာရင်း သူ့အနောက်ဘက်က အသံတစ်သံ ကြားလိုက်ရပါတယ်။
“မင်း နောက်တစ်လှမ်းလျှောက်ရင် ခေါင်းပေါ်ကို အုတ်ခဲတစ်လုံး ပြုတ်ကျပြီး မင်းသေလိမ့်မယ်”။
အသံကြောင့် လူလည်း လမ်းလျှောက်တာ ရပ်လိုက်တဲ့အချိန်မှာ သူ့အရှေ့တည့်တည့်ကို တကယ်ပဲ အုတ်ခဲတစ်လုံး ပြုတ်ကျလာလို့ အရမ်းအံ့အားသင့်သွားပါတယ်။
အဲဒီလူ ဆက်လျှောက်လာရင်း လမ်းဖြတ်ကူးရမယ့် နေရာအရောက်မှာ စောစောကအသံ ထွက်လာပြန်ပါတယ်။
“ရပ်လိုက်။ လုံးဝဆက်မလျှောက်နဲ့။ နောက်ထပ်တစ်လှမ်း လှမ်းလိုက်ရင် မင်းကိုကားကြိတ်ပြီး သေလိမ့်မယ်။”
လူလည်း အသံခိုင်းတဲ့အတိုင်း ရပ်နေစဉ်မှာပဲ လမ်းထောင့်က ကားတစ်စီး ရုတ်တရက် ထွက်လာပြီး သူသီသီလေး လွတ်သွားပါတယ်။
လူလည်း သိချင်စိတ်နဲ့ “ခင်ဗျား ဘယ်သူလဲ” လို့ အသံကို မေးလိုက်ပါတယ်။
အသံက “ငါက မင်းရဲ့ ကိုယ်စောင့်နတ်ကွ” လို့ ပြန်ဖြေပါတယ်။
အဲဒီအခါမှာ လူက စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်ပါတယ်
“ဒါနဲ့များ ကျွန်တော် မင်္ဂလာဆောင်တုန်းက ကိုယ်စောင့်နတ်ကြီး ဘယ်များရောက်နေခဲ့လည်းဗျာ”
ပူစရာမလိုတော့ဘူးလေ
မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပ သတို့သမီးလေးကို ငေးကြည့်နေကြပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု ထည့်ပေးလိုက်ပါတယ်။
ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာ သိပ်သိချင်သွားကြပါတယ်။
ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း ရိပ်မိသွားပြီး ကြေညာလိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ ကံအကောင်းဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့ ပစ္စည်းလေး ဆုပ်ကိုင်ထားတဲ့ လက်ကို မြှောက်ပြလိုက်ပြီး
“နောက်ဆုံးတော့ ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”
လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
Technorati tags:
Funny, Joke, Myanmar Joke, Myanmar Funny, ဟာသ, ရီစရာ, မြန်မာဟာသ, ရီစရာ မောစရာ, အပျင်းပြေ
Sunday, July 5, 2009
Saturday, July 4, 2009
LINKIN PARK - NUMB
မနေ့ညက အပြင်မှာ သီချင်းတစ်ပုဒ် ကြားမိလိုက်တယ်ဗျ။ ကျွန်တော်အရမ်းကြိုက်တဲ့သီချင်းလေ။ ဒါနဲ့ ပြန်ရောက်တော့ မသုံးဖြစ်တာကြာပြီဖြစ်တဲ့ ကျွန်တော့် external hard disk ကိုထုတ်ပြီး ဇိမ်ပြေနားပြေ အဲဒီသီချင်းကို ပြန်နားထောင်မိတယ်။ အချိန်တွေကြာပေမယ့် ခုထိ ကြိုက်နေတုန်းပဲဗျာ။ ဒါနဲ့ ဟင်းကောင်းစားရင် သူငယ်ချင်းတွေသတိရပါ ဆိုလား ဘာဆိုလား စကားပုံအတိုင်း ဒီသီချင်းလေးကို ခင်ဗျားတို့အတွက် တင်ပေးလိုက်ပါတယ်။ နားထောင်ဖူးကြမှာပါ။ ဘာလို့ဆို ဒီသီချင်းက နာမည်ကြီးတာကိုး။
သီချင်း နာမည်က NUMB ပါ။ အဖွဲ့နာမည်က LINKIN PARK ပေါ့။
ကဲ ထုံးစံအတိုင်း နားထောင်ရအောင် သီချင်း၊ ကြည့်ရအောင် ဗွီဒီယို၊ အပိုင်ယူထားချင်သူတွေအတွက် Download Link၊ ဂစ်တာသမားတွေအတွက် Guitar Pro နုတ်တွေပါ တင်ပေးထားပါတယ်။ နားထောင် ခံစား ကြည့်ကြပေါ့ဗျာ။
ဒါက ဒီဗွီဒီယိုရဲ့ Youtube လင့်ခ် LINKIN PARK - NUMB
သီချင်းပဲ နားထောင်ချင်သူတွေအတွက်
ဒါက ဂစ်တာသမားတွေအတွက် Guitar Pro Note (LINKIN PARK - NUMB)
Technorati tags:
Linkin Park, Linkin Park - Numb, Numb, MUSIC, Video

"Numb"
I'm tired of being what you want me to be
Feeling so faithless lost under the surface
Don't know what you're expecting of me
Put under the pressure of walking in your shoes
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)
I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you
Can't you see that you're smothering me
Holding too tightly afraid to lose control
Cause everything that you thought I would be
Has fallen apart right in front of you
(Caught in the undertow just caught in the undertow)
Every step that I take is another mistake to you
(Caught in the undertow just caught in the undertow)
And every second I waste is more than I can take
I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you
And I know
I may end up failing too
But I know
You were just like me with someone disappointed in you
I've become so numb I can't feel you there
Become so tired so much more aware
I'm becoming this all I want to do
Is be more like me and be less like you
I've become so numb I can't feel you there
I'm tired of being what you want me to be
I've become so numb I can't feel you there
I'm tired of being what you want me to be
ဒါက သီချင်းရဲ့ DOWNLOAD LINK (LINKIN PARK - NUMB)Feeling so faithless lost under the surface

Friday, June 26, 2009
ဒို့ဗမာ
ကျွန်တော် ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။
သေချာ နားထောင်ဖြစ်ခဲ့တာကတော့ နဲနဲ အသက်လေးရလာမှပေါ့လေ။
စာသားတွေကအစ သေချာ ခံစားနားထောင်မိလာတတ်တဲ့ အချိန်ရောက်တော့ အရမ်းခံစား၊ အရမ်းကြိုက်လာပါတယ်။
သီဆိုရေးစပ်သူက ၀ိုင်အမ်ဘီ သခင်တင် ဖြစ်ပါတယ်။ မူရင်း ပထမဆုံး သီဆိုသူကလည်း သူပဲလို့ သိရပါတယ်။
သီချင်းနာမည်က ဒို့ဗမာ ဖြစ်ပါတယ်။
ဆရာတင် ဒီသီချင်းကို ရေးသားစပ်ဆိုနေချိန်မှာ သခင်ဘသောင်းနဲ့ သခင်ခေါင်းဆောင်တစ်ချို့က သီချင်းစာသားနဲ့ အချက်အလက်များ ဖြည့်စွက် အကြံပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
၁၉၃၆ ခုနှစ်၌ ပြုလုပ်ကျင်းပသော တို့ဗမာအစည်းအရုံး ဒုတိယအကြိမ်ညီလာခံ၌ ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ကို အမျိုးသားသီချင်းအဖြစ် ၀ိုင်းဝန်း သတ်မှတ်ခဲ့ကြသည်။
ယခု ကျွန်တော်တို့ သီဆို နေကြသော နိုင်ငံတော်သီချင်းမှာလည်း ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ပဲ ဖြစ်ပါတယ်။
သမိုင်းစဉ်ဆက် သီဆိုခဲ့ကြရသော ယခုလက်ရှိနိုင်ငံတော်သီချင်းဧ။် မူရင်းဖြစ်သော ၀ိုင်အမ်ဘီသခင်တင် ရေးသားထားခဲ့သော ဒို့ဗမာ သီချင်းကို အောက်မှာ ရေးသားဖေါ်ပြ ထည့်သွင်းပေးထားပါတယ်။

ဒါ ဒို့ဗမာ သီချင်း ပါ။

Technorati tags:
ဒို့ဗမာ, ဒို့ဗမာသီချင်း, မြန်မာသီချင်း, MUSIC, Myanmar Music, နိုင်ငံတော်သီချင်း, ကမ္ဘာမကြေ

မြန်မာမှန်ရင် အနည်းဆုံးတော့ နားထောင်ဖူးရပါမယ်။

ဒါ ဒို့ဗမာ သီချင်း ပါ။
သီချင်းလိုချင်လို့ ဒေါင်းလုဒ် လုပ်မယ်ဆို ဒီကို နှိပ်ပါ။
သီချင်းစာသားကတော့ အောက်မှာရေးသားပေးထားပါတယ်။
သီချင်းစာသားကတော့ အောက်မှာရေးသားပေးထားပါတယ်။
တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ
များစွာပ တိုင်းခြားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ ဒို့ဗမာ
စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတလှည့်ကြုံရ
ထုံးနှင့်မသွေ လောကဓမ္မတာပေ ငါတို့ကံခေ ဖြစ်ရပြန်သလေ
သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့မြေ
နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ
ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလား ဒို့ဗမာ ဒို့ဗမာ
မဟုတ်လေသလား ဒို့ဗမာ ငါတို့ဗမာ ဒို့ဗမာ ငါတို့ဗမာ
ဒါငါတို့ဗမာ ဒါငါတို့ဗမာ
အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ
နောင်လာနောင်သား ကောင်းစားဖို့ရာ
ဒို့ကိုယ်ကျိုးလုံးလုံးမပါ ရဲရဲဗမာပီပီ
ဗမာပြည် ဒို့ဗမာကိုပါ
သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ ဒို့ဗမာ
မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး ဒို့ဗမာ
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင် တို့ဝတ္တရားပင် တို့ဗမာခင်
သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ
သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ
အရှေ့က နေ၀န်း ထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရပေမှာ မလွဲပါ
တို့ဗမာ ဟေ့ တို့ဗမာ
ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ

Saturday, June 20, 2009
Jerry C 's Canon Rock
ဒီသီချင်းရဲ့နာမည်က Canon Rock ပါ။
မူရင်းက Johann Pachelbel ရဲ့ Canon in D major ဖြစ်ပါတယ်။
ဒီသီချင်းကိုပဲ Taiwan လူမျိုး musician နဲ့ composer တစ်ယောက်ဖြစ်တဲ့ Jerry Chang က neo-classical metal ပုံစံပြောင်းတီးထားတာပါ။
မူရင်း Johann Pachelbel ရဲ့ Canon in D major ဟာ သူ့ခေတ်သူ့အခါကရော ခုအချိန် classical guitar တီးခတ်နေသူတွေရဲ့ အသိုင်းအ၀ိုင်းအတွင်းမှာပါ နာမည်ကြီးနေဆဲပါ။
Jerry C လို့ လူသိများတဲ့ Jerry Chang က ဒီသီချင်းကို Internet ပေါ်မှာ တင်လိုက်တော့ သူ တော်တော်နာမည်ကြီးသွားပါတယ်။
January 2007 Guitar World magazine မှာ Jerry C ရဲ့အကြောင်းနဲ့ သူ့ master-piece လိုဖြစ်နေတဲ့ ဒီ Canon Rock သီချင်းကိုလဲ tab အနေနဲ့ ဖေါ်ပြခဲ့ပါသေးတယ်။
ပြီးတော့ ultimate-guitar.com ရဲ့ top 10 downloaded ထဲမှာလဲ ဒီ Jerry C ရဲ့ Canon Rock ပါဝင်နေပါတယ်။
နားဆင် ခံစား ကြည့်ကြပါဗျာ။
ကျွန်တော်တော့ ကြိုက်တယ်.......
ဒါက ဗွီဒီယိုပါ။
ဒါက သီချင်းပါ။ ဒီနေရာမှာ ယူနိုင်ပါတယ်။

ဒါကတော့ ဂစ်တာသမားတွေအတွက်ပါ။
Jerry C ရဲ့ Cannon Rock Guitar pro notes ဖြစ်ပါတယ်။
မူရင်းဖြစ်တဲ့ Johann Pachelbel ရဲ့ Canon in D major ကိုလိုချင်ရင်တော့ ဒီနေရာမှာ ဒေါင်းပါ။
Technorati tags:
Jerry C, Jerry C - Canon Rock, Canon Rock, Canon, Music, Video, Guitar, ဂစ်တာ, သီချင်း

******* ******* *******
ကျွန်တော် ဒီသီချင်းကို သူငယ်ချင်းတစ်ယောက် ကောင်းမှုနဲ့ နားထောင်ဖြစ်ခဲ့တာပါ။
ပထမဆုံးစနားထောင်ဖြစ်တော့ သီချင်းအစလေးမှာတင်ကို ကြိုက်တယ်ဗျ။
ဒီပုံစံမျိုး ကြားဖူးတယ်လို့လဲ စိတ်ထဲမှာထင်နေတယ်။
အဲ band လိုက် စုဝင်တဲ့ main riff နေရာလဲရောက်ရော တော်တော်မိုက်တယ် ငါ တီးကြည့်မယ်ဆိုတဲ့ စိတ်မျိုးဖြစ်လာတယ်။
ဟား ဟား solo နေရာလဲရောက်ရော ဒါ ဘာသီချင်းမှန်းလဲ သိသွားပြီ၊ သေချာပေါက်လဲ တီးချင်နေပြီ။
Solo က တော်တော် မိုက်တယ်ဗျ နော.........
ဒီသီချင်းမှာ ကျွန်တော်အကြိုက်ဆုံးက riff နေရာနဲ့ solo နေရာပါ။
Jerry C arrangement လုပ်ထားတာကလဲ တကယ်ချီးကျူးစရာပါ။
ကျွန်တော့်အတွက် ချွေးပြန်စေတဲ့နေရာကတော့ ထုံးစံအတိုင်း sweep picking နေရာပေါ့ဗျာ။
ကျွန်တော်က sweep picking တီးတဲ့နေရာမှာ သောက်ရမ်း ညံ့တယ်ဗျ
ဘာပဲဖြစ်ဖြစ် ဒီသီချင်းတော့ မရ ရအောင် တီးထားပါတယ်။
အမြဲတမ်းနားထောင်ဖြစ်တဲ့သီချင်းတွေထဲမှာ ဒီသီချင်းပါပါတယ်။
ကဲ.......
ခင်ဗျားရော ဒီသီချင်းကို ဘယ်လိုသဘောရလဲ.......

Right Hand Fretting Arpeggios
ဒါကလည်း အလင်္ကာဂီတဂျာနယ်မှာ စိုးေ၀၀င်းမြင့် ဆိုတဲ့ ကျွန်တော့်နာမည်နဲ့ပဲ ရေးထားခဲ့ဖူးတဲ့ ဆောင်းပါးလေးပါ။
Right Hand Fretting ဆို၍ နား(မျက်စိ) ရှုပ်မသွားပါနှင့်။ Tapping ကို အခြားနည်းဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
အဓိပ္ပါယ်မှာ
Tapping = Right Hand Fretting
= ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ်ပေါက်၍တီးခြင်း
၎င်းတီးနည်းသည် များသောအားဖြင့် Arpeggio များအား မြန်မြန်ဆန်ဆန် တီးချင်ကြ၍ ဖြစ်သည်။ Arpeggio ဆိုသည်မှာ အဘယ်နည်း?
Arpeggio = ကော့ဒ်တစ်ခုတွင် ပါသောအသံများအား တစ်သံချင်း (စဉ်ဆက်မပြတ်) ဖြန့်၍တီးခြင်း
ထို့ကြောင့် .....
Right Hand Fretting Arpeggios = ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ် ပေါက်၍ ကော့ဒ်အတွင်းရှိ အသံများကို ဖြန့်ကျက်တီးခြင်း
A major scale တွင်ပါသော အသံများ = (A, B, C#, D, E, F#, G#)
1, 3, 5 တို့သည် A major chord ၏ arpeggio note များဖြစ်သည်။
1 သည် A ဖြစ်၍ ၎င်းကို A major chord ၏ root note ဟု ခေါ်သည်။
3 သည် A ၏ major third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့်အသံ C# ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှစရေလျှင် ပဉ္စမမြောက် တွေ့ရမည့်အသံ E ဖြစ်သည်။
င်္င်္
1 သည် A ဖြစ်၍ ၎င်းကို A minor chord ၏ root note ဟု ခေါ်သည်။
3b သည် minor third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့် အသံ C ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှ စရလျှင် ပဉ္စမမြောက်တွေ့ရမည့် အသံ E ဖြစ်သည်။
မိမိ Tapping တီးမည့် arpeggio ၏ အနိမ့်ဆုံးအသံသည် root note ဖြစ်နေလျှင် ၎င်းကို root position ဟုခေါ်သည်။
Fig 1(a) နှင့် Fig 1(b) တွင် ပြထားသော 1, 3, 5 နှင့် 1, 3b, 5 တို့မှာ root position အတိုင်း နေရာချထားခြင်းဖြစ်သည်။
အောက်တွင်ဖော်ပြထားသော Ex No.1 နှင့် Ex No.2 တို့မှာ root position အတိုင်း တီးထားသော arpeggio များ ဖြစ်သည်။
{ Tapping တခါမှ မတီးဖူးသူများအတွက် အနည်းငယ်ရှင်းပြချင်ပါသည်။ Fingering နေရာမှ R.H သည် (right hand) ညာဘက် လက်ချောင်းများဖြင့် ပေါက်(tap)တီးရမည်ကို ညွှန်းဆိုပြီး "1 သည် ဘယ်လက်ညှိုး" "3 သည် ဘယ်လက်သူကြွယ်" "4 သည် ဘယ်လက်သန်း" ကို ညွှန်းသည်။ အထက်မှ HP ဆိုသည်မှာ ........... H = hammer on (နိမ့်သောအသံမှ မြင့်သောအသံသို့ pick ၏ အကူအညီမပါပဲ ပေါက်၍ တီးရန်) ၊ P = pull off (မြင့်သောအသံမှ နိမ့်သောအသံသို့ pick ၏ အကူအညီမပါပဲ ဆွဲချ၍ တီးရန်) ဖြစ်သည်။ ညာလက်ချောင်းဖြင့် ပေါက်ရာ၌ မည်သည့်ညာလက်ချောင်း (လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း) နှင့်မဆို ပေါက်တီးနိုင်ပြီး ဂစ်တာသမားအများစုသည် လက်ညှိုး နှင့် လက်ခလယ်ကို အသုံးများသည်။ (သာမန်အချိန်၌ လက်ညှိုးဖြင့်ပေါက်သော်လည်း pick ကိုင်၍ solo တီးနေချိန်၌မူ လက်ခလယ်ကို အသုံးချရိုး ထုံးစံရှိသည်။) }
ဥပမာ ........ Ex No.1 ၏ ပထမဘားတွင် 1 ကြိုး၏ 12 အကွက်ကို ညာလက်ညှိုးဖြင့် ပေါက်၍ တီးပါ။ တစ်ချိန်တည်းလိုလိုတွင် 1 ကြိုး၏ 5 အကွက်ကို ဘယ်လက်ညှိုးဖြင့်ဖိထားပြီး (tap လုပ်ထားသော) ညာလက်ညှိုးကို အောက်သို့ဆွဲချခြင်းဖြင့် 5 အကွက်မှ A အသံကို ထွက်စေ ရမည်။
ပြီးလျှင် ဘယ်လက်သန်းဖြင့် 1 ကြိုး၏ 9 အကွက်ကို ပေါက်၍ C# ကို ဆက်တီးလိုက်ပါ။
အကယ်၍ root note (1) သည် အသံတစ်ပြန် one octave မြင့်တက်သွားပြီး 3rd note (major third / minor third) ဟာ အနိမ့်ဆုံး ၌ ရှိနေခဲ့လျှင် ၎င်းကို first inversion ဟု ခေါ်သည်။
Fig တွင်ကြည့်ပါ။
သဘောပေါက်ပြီဆိုလျှင် root position နှင့် first inversion နှစ်မျိုးစလုံးသုံးပြထားသော Ex No.3 ကို မိမိကိုယ်တိုင် ခွဲခြမ်းစိစစ်၍ တီးကြည့်ပါ။
Fig ၌ ပြထားသည်။
Ex No.4 တွင် root position, first inversion နှင့် second inversion သုံးမျိုးစလုံး သုံးပြထားသည်။
Right Hand Fretting Arpeggio (Arpeggio Tapping) တွင်
1. root position
2. first inversion
3. third inversion ဟူ၍ သုံးမျိုးရှိပြီး ၎င်းပုံစံများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်။
ထိုဆက်နွယ်မှုကို အခြေခံ၍ မိမိကိုယ်ပိုင် arpeggio များကို ကြိုးစားဖန်တီး၍ Tap လုပ်ကြည့်ပါ။
Technorati tags:
Right Hand Fretting Arpeggios, , Arpeggios, Guitar, Guitar Lesson, Guitar Lesson, Alinkar, Tapping, Soe wai Win Myint, SoeWaiWinMyint, စိုးေ၀၀င်းမြင့်, Guitar Technique, စိုးဝေ
******* ******* *******
Right Hand Fretting ဆို၍ နား(မျက်စိ) ရှုပ်မသွားပါနှင့်။ Tapping ကို အခြားနည်းဖြင့် ခေါ်ဝေါ်ခြင်းဖြစ်ပါသည်။
အဓိပ္ပါယ်မှာ
Tapping = Right Hand Fretting
= ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ်ပေါက်၍တီးခြင်း
၎င်းတီးနည်းသည် များသောအားဖြင့် Arpeggio များအား မြန်မြန်ဆန်ဆန် တီးချင်ကြ၍ ဖြစ်သည်။ Arpeggio ဆိုသည်မှာ အဘယ်နည်း?
Arpeggio = ကော့ဒ်တစ်ခုတွင် ပါသောအသံများအား တစ်သံချင်း (စဉ်ဆက်မပြတ်) ဖြန့်၍တီးခြင်း
ထို့ကြောင့် .....
Right Hand Fretting Arpeggios = ညာလက်ချောင်းများဖြင့် ဂစ်တာလက်ကွက်ပြားပေါ် ပေါက်၍ ကော့ဒ်အတွင်းရှိ အသံများကို ဖြန့်ကျက်တီးခြင်း
Fig 1(a)
Fig 1(a) တွင် ဂစ်တာ၏ နံပါတ် 5 ကြိုးပေါ်တွင်ရှိသော A major scale ကို ပြထားသည်။A major scale တွင်ပါသော အသံများ = (A, B, C#, D, E, F#, G#)
1, 3, 5 တို့သည် A major chord ၏ arpeggio note များဖြစ်သည်။
1 သည် A ဖြစ်၍ ၎င်းကို A major chord ၏ root note ဟု ခေါ်သည်။
3 သည် A ၏ major third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့်အသံ C# ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှစရေလျှင် ပဉ္စမမြောက် တွေ့ရမည့်အသံ E ဖြစ်သည်။
င်္င်္
Fig 1(b)

1, 3b, 5 တို့သည် A minor chord ၏ arpeggio note များဖြစ်သည်။
Fig 1(b) တွင် ဂစ်တာ၏ နံပါတ် 5 ကြိုးပေါ်တွင်ရှိသော A minor scale ကို ပြထားသည်။
A minor scale တွင်ပါသော အသံများ = (A, B, C, D, E, F, G)
A minor scale တွင်ပါသော အသံများ = (A, B, C, D, E, F, G)
1 သည် A ဖြစ်၍ ၎င်းကို A minor chord ၏ root note ဟု ခေါ်သည်။
3b သည် minor third ဖြစ်၍ A မှစရေလျှင် တတိယမြောက်တွေ့ရမည့် အသံ C ဖြစ်သည်။
5 သည် A ၏ perfect fifth ဖြစ်၍ A မှ စရလျှင် ပဉ္စမမြောက်တွေ့ရမည့် အသံ E ဖြစ်သည်။
******* ******* *******
မိမိ Tapping တီးမည့် arpeggio ၏ အနိမ့်ဆုံးအသံသည် root note ဖြစ်နေလျှင် ၎င်းကို root position ဟုခေါ်သည်။
Fig 1(a) နှင့် Fig 1(b) တွင် ပြထားသော 1, 3, 5 နှင့် 1, 3b, 5 တို့မှာ root position အတိုင်း နေရာချထားခြင်းဖြစ်သည်။
အောက်တွင်ဖော်ပြထားသော Ex No.1 နှင့် Ex No.2 တို့မှာ root position အတိုင်း တီးထားသော arpeggio များ ဖြစ်သည်။
{ Tapping တခါမှ မတီးဖူးသူများအတွက် အနည်းငယ်ရှင်းပြချင်ပါသည်။ Fingering နေရာမှ R.H သည် (right hand) ညာဘက် လက်ချောင်းများဖြင့် ပေါက်(tap)တီးရမည်ကို ညွှန်းဆိုပြီး "1 သည် ဘယ်လက်ညှိုး" "3 သည် ဘယ်လက်သူကြွယ်" "4 သည် ဘယ်လက်သန်း" ကို ညွှန်းသည်။ အထက်မှ HP ဆိုသည်မှာ ........... H = hammer on (နိမ့်သောအသံမှ မြင့်သောအသံသို့ pick ၏ အကူအညီမပါပဲ ပေါက်၍ တီးရန်) ၊ P = pull off (မြင့်သောအသံမှ နိမ့်သောအသံသို့ pick ၏ အကူအညီမပါပဲ ဆွဲချ၍ တီးရန်) ဖြစ်သည်။ ညာလက်ချောင်းဖြင့် ပေါက်ရာ၌ မည်သည့်ညာလက်ချောင်း (လက်ညှိုး၊ လက်ခလယ်၊ လက်သူကြွယ်၊ လက်သန်း) နှင့်မဆို ပေါက်တီးနိုင်ပြီး ဂစ်တာသမားအများစုသည် လက်ညှိုး နှင့် လက်ခလယ်ကို အသုံးများသည်။ (သာမန်အချိန်၌ လက်ညှိုးဖြင့်ပေါက်သော်လည်း pick ကိုင်၍ solo တီးနေချိန်၌မူ လက်ခလယ်ကို အသုံးချရိုး ထုံးစံရှိသည်။) }
ဥပမာ ........ Ex No.1 ၏ ပထမဘားတွင် 1 ကြိုး၏ 12 အကွက်ကို ညာလက်ညှိုးဖြင့် ပေါက်၍ တီးပါ။ တစ်ချိန်တည်းလိုလိုတွင် 1 ကြိုး၏ 5 အကွက်ကို ဘယ်လက်ညှိုးဖြင့်ဖိထားပြီး (tap လုပ်ထားသော) ညာလက်ညှိုးကို အောက်သို့ဆွဲချခြင်းဖြင့် 5 အကွက်မှ A အသံကို ထွက်စေ ရမည်။
ပြီးလျှင် ဘယ်လက်သန်းဖြင့် 1 ကြိုး၏ 9 အကွက်ကို ပေါက်၍ C# ကို ဆက်တီးလိုက်ပါ။
အကယ်၍ root note (1) သည် အသံတစ်ပြန် one octave မြင့်တက်သွားပြီး 3rd note (major third / minor third) ဟာ အနိမ့်ဆုံး ၌ ရှိနေခဲ့လျှင် ၎င်းကို first inversion ဟု ခေါ်သည်။
Fig တွင်ကြည့်ပါ။
သဘောပေါက်ပြီဆိုလျှင် root position နှင့် first inversion နှစ်မျိုးစလုံးသုံးပြထားသော Ex No.3 ကို မိမိကိုယ်တိုင် ခွဲခြမ်းစိစစ်၍ တီးကြည့်ပါ။
******* ******* *******
တဖန် 3rd note သည် အသံတပြန်မြင့်တက်သွားပြီး 5th note ကို အနိမ့်ဆုံး၌ထားခဲ့လျှင် ၎င်းပုံစံကို second inversion ဟုခေါ်သည်။ Fig ၌ ပြထားသည်။
*******
အထက် Fig မှ 5th note ကို အသံတပြန်အထိရောက်အောင် မိမိကိုယ်တိုင် မြှင့်ကြည့်လိုက်ပါ။ root position ကို ပြန်လည်ရောက်ရှိ သွားပေမည်။Ex No.4 တွင် root position, first inversion နှင့် second inversion သုံးမျိုးစလုံး သုံးပြထားသည်။
Right Hand Fretting Arpeggio (Arpeggio Tapping) တွင်
1. root position
2. first inversion
3. third inversion ဟူ၍ သုံးမျိုးရှိပြီး ၎င်းပုံစံများသည် တစ်ခုနှင့်တစ်ခု ဆက်နွယ်နေကြသည်။
ထိုဆက်နွယ်မှုကို အခြေခံ၍ မိမိကိုယ်ပိုင် arpeggio များကို ကြိုးစားဖန်တီး၍ Tap လုပ်ကြည့်ပါ။
Technorati tags:
Right Hand Fretting Arpeggios, , Arpeggios, Guitar, Guitar Lesson, Guitar Lesson, Alinkar, Tapping, Soe wai Win Myint, SoeWaiWinMyint, စိုးေ၀၀င်းမြင့်, Guitar Technique, စိုးဝေ
Tuesday, June 16, 2009
ဓီရာမိုရ် - ငါတို့အိမ်
ဒီသီချင်းလေး နားထောင်ကြည့်ကြပါလားဗျာ။ ကျွန်တော်တော့ ကြိုက်တယ်။ သံစဉ် စာသား music accompaniment အားလုံး ကြိုက်တယ်ဗျ။ နားထောင်ကြည့်လို့ ကြိုက်တယ်ဆို download လဲ လုပ်လို့ရပါတယ်။
ဓီရာမိုရ် - ငါတို့အိမ်
ငါတို့အိမ်
တေးဆို - ဓီရာမိုရ်
အိမ်ခေါင်မိုးက မိုးမလုံလည်း … ငါတို့လုံးဝ စိတ်မကုန်ပါ …
ရေခံခွက်အောက် မိုးစက် တပေါက်ပေါက် ကျသံ … တွံတေးကြီး တေးသံလား …
အမေဆင်မြန်းတဲ့ နန်းဆောင်အို ကိုရွှေသကြားမင်း ဗိမာန်မို့ …
စင်တင်ဇာတ်ထုတ်ထဲက အကောင်းစားတိုက်အိမ် … တစ်လုံးနဲ့ မလဲပါဗျို့ …
ရွှေမြေအိုးမည်း နှုတ်ခမ်းရယ်တို … ဆာနေကြတဲ့ ၀မ်းတွေစို …
အခုရထားတဲ့ လောကစည်းစိမ် … နတ်ပြည်နဲ့ မလဲဘူး …
အမေ ကောက်ညှင်းဆန် လက်တစ်ဆုပ်ပေါင်း နှမ်းထောင်းရင် …
နတ်ပေးတဲ့ သြသဓဆေး … အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ …
တို့ အိမ်က မခွဲကြေး … ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
ကောင်းချီးသြဘာပေး … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ … သူငယ်ချင်း …
မဟာဂေါဏ ဘို့လည်ထောင် … စူဠဂေါဏ နောက်အငယ်ကောင် …
အတူတစ်ကျင်းထဲစားတဲ့ တို့ရဲ့နွားနှစ်ကောင် … အမေ့ရဲ့ သားတော်မောင် …
မဟာအန္ဓအစ်ကို့နာမည် … စူဠအန္ဓ ကျွန်တော့်နာမည် …
အနှိမ်ခံ တောသားကျောမွဲ ဦးနှောက်နည်းလည်း … အမေ့ရဲ့ အားတွေပဲ …
ညီမလေးက နှီးထိုင်ဖြာ … အဘက ဆေးတစ်ဆုံဖွာ …
မှောင်ရီလရိပ်အောက်က တိတ်တဆိတ်ညတွေမှာ …
အမေ့ရဲ့ တရားသံနာ … လူဟာဘယ်လောက်ထိ အသက်ရှင်လဲ …
ဘယ်လောက်အများဆုံး ရနိုင်လဲ … အခုရထားတဲ့ လောကစည်းစိမ်တွေ …
ဘယ်လောက် ကြာကြာ မြဲမလဲ …
လူဟာ လောဘတရားနဲ့ ငရဲလမ်းသွားတဲ့ … ဒုက္ခယက်ကောင်များ …
အတိတ် အနာဂတ်နဲ့ ပစ္စုပ္ပန်မှာ … တင်းတိမ်ရောင့်ရဲကြ …
ပညာမတတ် ဉာဏ်နည်းတဲ့ ဆင်းရဲသားတွေလို့ …
နှာခေါင်းရှုံ့ လက်ခါမလား … စိတ်မဆင်းရဲဘူးဟေ့ တို့အိမ် …
တစ်ခေါက်လောက် မင်းလာကြည့်တော့ သူငယ်ချင်း …
ဓီရာမိုရ် - ငါတို့အိမ်
Technorati tags:
မြန်မာ, မြန်မာသီချင်း, ငါတို့အိမ်, အိမ်, ဓီရာမိုရ် , Music, Song, Myanmar Music, Myanmar Mp3, Mp3, Myanmar Song
HOW TO PRACTICE
ကျွန်တော် အရင်က အလင်္ကာမှာ စိုးေ၀၀င်းမြင့် ဆိုတဲ့နာမည်နဲ့ပဲ ရေးထားဖူးတဲ့ ဆောင်းပါးလေးပါ။
အခု ဒီဆောင်းပါးလေးကို နည်းနည်း ပြင်ပြီးတင်ပေးလိုက်ပါတယ်။
ပြင်ဆို စာတွေကတော့ မပြင်ထားပါဘူး။
ပုံလေးတွေပဲ ထည့်ပေးထားတာပါ။
အလင်္ကာမှာရေးတုန်းကတော့ အခုဖေါ်ပြပေးထားတဲ့ ပုံတွေ မပါပါဘူး။
အခု ဒီဆောင်းပါးလေးကို နည်းနည်း ပြင်ပြီးတင်ပေးလိုက်ပါတယ်။
ပြင်ဆို စာတွေကတော့ မပြင်ထားပါဘူး။
ပုံလေးတွေပဲ ထည့်ပေးထားတာပါ။
အလင်္ကာမှာရေးတုန်းကတော့ အခုဖေါ်ပြပေးထားတဲ့ ပုံတွေ မပါပါဘူး။
**********************************
အားလုံးထဲမှာ ပထမဆုံးအနေဖြင့် သင်၏လိုအပ်ချက်အားလုံးသည် ကိုယ်တွင်း၌ လွယ်ကူစွာ ချဉ်းကပ်ရောက်ရှိနိုင်ရန် လေ့ကျင့်မှုဧရိယာ ကို ပုံသေထားရှိသင့်သည်။ ဂစ်တာကို ဂစ်တာထည့်သောအိတ် (case)မှ ထုတ်၍ ဂစ်တာတင်ခုံ (guitar stand) တွင် ထားပါမှ ထိုအရာသည် သင့်ကို လေ့ကျင့်ရန် မပြတ်သတိပေးနေမည်။ ထို့ကြောင့် သင်သည် အပြင်သို့မသွားမီ ရရှိလာသော မည်သည့်မိနစ်အနည်းငယ်အချိန်တွင်မဆို ဂစ်တာကို ကောက်ကိုင်၍ တီးခတ်နိုင်မည်။ ပြီးလျှင် ထိုအတိုင်း တဖန် ပြန်ထားခဲ့ပါ။ အသံချဲ့စက်၊ နရီပြကရိယာ၊ အသုံးပြုနေသော ဂီတစာအုပ်များနှင့် ကက် ဆက် (သို့မဟုတ်) စီဒီဖွင့်စက်များကို သင်၏လက်တစ်ကမ်းအကွာတွင် ထားရှိသင့်သည်။ သင့်အတွက် သက်တောင့်သက်သာရှိသော ခွေးခြေထိုင်ခုံ (သို့မဟုတ်) လက်တင်မပါသော ကုလားထိုင်လိုအပ်ပြီး စာအုပ်များအတွက် ဂီတစာရွက်တင်သောစင်(music stand) တစ်ခု လိုအပ်ပါသည်။
Guitar Case
ဂစ်တာထည့်သောအိတ်
ဂစ်တာထည့်သောအိတ်

Guitar Stand
ဂစ်တာတင်ခုံ

Guitar Amplifier
အသံချဲ့စက်

Metronome
နရီပြကရိယာ

ခွေးခြေထိုင်ခုံ (သို့မဟုတ်) လက်တင်မပါသော ကုလားထိုင်

Music Stand
ဂီတစာရွက်တင်သောစင်

သူတို့ဘယ်လောက်လေ့ကျင့်သင့်သနည်းဟု လူအများက က္ဈန်ုကို မေးလာသောအခါ ......၊ ကောင်းပြီ ခင်ဗျားတို့ဘယ်လောက်ကောင်း အောင် တီးချင်သလဲ ဟူသောမေးခွန်းဖြင့် များသောအားဖြင့် ဖြေကြားပါသည်။ သင်တတ်နိုင်သလောက် များများလေ့ကျင့်၍ ကြာနိုင်သမျှကြာကြာ အာရုံဝင်စား၍ လေ့ကျင့်သင့်သည်။ အဓိကမှာ သင်၏လေ့ကျင့်မှု၌ ပျော်ဝင်နေရန်ဖြစ်သည်။ သို့မဟုတ်ပါက သင်လိုချင်သောတိုးတက်မှုကို မမြင် တွေ့မီ ငြီးငွေ့မှုနှင့် စိတ်စောနေမှုများ ဖြစ်ပေါ်နေမည်။ အမှန်တကယ် သီးသန့်လေ့ကျင့်ချိန် အများအပြားရရှိရန်အတွက် နေ့စဉ် အနည်းဆုံး တစ်နာရီ (သို့မဟုတ်) ထို့ထက်ပိုသောလေ့ကျင့်ချိန်ဖြင့် စတင်ပါ။ ဘယ်လောက်တိုးတက်မှုရှိသနည်းဆိုသည်ကို မြင်တွေ့ရမည်။ ယေဘုယျအားဖြင့် ခဏသာတီးခတ်ခြင်း၊ မကြာမကြာတီးခတ်ခြင်းထက် မရပ်မနား မာရသွန်လေ့ကျင့်တီးခတ်ခြင်းက ပိုမိုကောင်းမွန်ပါသည်။ သို့သော် တစ်ဦးစီ၌ ခြားနားချက်ရှိ၍ သင့်အတွက် မည်သည့်အရာက အကောင်းဆုံးဆိုသည်ကိုမူ ကိုယ်တိုင်အလုပ်လုပ်ခြင်းဖြင့် ရှာဖွေကြည့်ပါ။
ဂီတဆိုသည်မှာ ဥပမာများဖြင့်သင်ယူခြင်းက အကောင်းဆုံးဟုဆိုကတည်းက သီချင်းများနှင့် တီးလုံးများ(solos)ကို ပိုင်းခြားလေ့လာ ထားသင့်ပြီး ထိုအရာကသင့်ကို တွန်းအားပေးလိမ့်မည်။ သို့သော် သီချင်းများအား လေ့လာခြင်းကိုသာမပြုလုပ်သင့်ပါ။ စည်းမျဉ်းများနှင့် အသုံးပြု မည့် နည်းစနစ်များအား နားလည်ရန်လိုအပ်ပြီး ဂီတဗဟုသုတကိုပါ ဆည်းပူးရန်လိုအပ်သည်။ ထုံးစံအရ ကောင်းမွန်သော ဂစ်တာတီးခတ်သူ သက်သက်သာမဟုတ်ဘဲ ကောင်းမွန်သော ဂီတပညာရှင်တစ်ဦးဖြစ်ရန်ပါ သင်အလိုရှိပေလိမ့်မည်။ ထိုအရာအတွက် ဤအစီအစဉ်များအတွင်းပါသောစာအုပ်များ (Troy Stetina series ကို ဆိုလိုသည်။ ၎င်းစာအုပ်များကို ဤဆောင်းပါးအပြီး၌ ဖော်ပြပေးထားသည်။ ။ဘာသာပြန်သူ) သည် ဂီတအမျိုးစုံကိုဖုံးအုပ်၍ သီးခြားနည်းစနစ်ကိုပါ ပုံဖော်ပြသထားသည်။ ထိုအရာများကို တတ်နိုင်သလောက် သင်ယူပါ။ ဒါပေမယ့် ထိုနေရာမှာ တင်ရပ်မနေပါနှင့်။ သင်အကြိုက်ဆုံးတီးဝိုင်းများမှ ပုံနှိပ်စာရွက်များ(notes များကိုဆိုလိုသည်။ ။ ဘာသာပြန်သူ) ကို ရှာဖွေ၍ သူတို့၏ စီဒီ များကိုဖွင့်ပြီး အရာအားလုံးကိုသင်ယူပါ။ သူငယ်ချင်းများနှင့်အတူ ပူးတွဲတီးခတ်ပါ။ တီးဝိုင်းတစ်ခုဖွဲ့စည်းပြီး ၎င်းတီးဝိုင်းဖြင့် အစမ်းလေ့ကျင့်ခြင်း သည် သင်တစ်ဦးတည်းအိပ်ခန်းအတွင်း၌ လေ့ကျင့်သင်ကြား၍မရနိုင်သောအရာများကို သင်ကြားပေးလိမ့်မည်။
စာအုပ်အမြားအပြားဖြင့် တစ်ချိန်တည်းအလုပ်လုပ်ခြင်းကကောင်းသလား (သို့မဟုတ်အခြားစာအုပ်များကိုမစမီ စာအုပ်တစ်အုပ်ကိုသာ ပြီးအောင်လုပ်ခြင်းက ပိုကောင်းသလားဟု ဂစ်တာသမားများက ကျွန်ုပ်ကို မကြာခဏမေးကြသည်။ အနည်းဆုံး ကျွန်တော့်စာအုပ်များနှင့် စပ်လျင်း၍မူ စာအုပ်အများအပြားအား တစ်ချိန်တည်းအသုံးပြုခြင်းက သင့်အတွက်ပိုကောင်းသည်ဟု ကျွန်ုပ်ယုံကြည်ပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွမ်းကျင်မှုများနှင့် နည်းစနစ်များမှာ စာအုပ်တစ်အုပ်နှင့် အခြားစာအုပ်တစ်အုပ်တို့၏ ကွဲပြားသောချဉ်းကပ်မှုများအား မြင်တွေ့ခြင်းဖြင့် သင့်ကို အကျိုးကျေးဇူးရရှိစေနိုင်သည်။ (ကျွန်ုပ်စာအုပ်အသီးသီးသည် ဂစ်တာတီးခတ်မှု၏ ကွဲပြားသောပုံသဏ္ဍာန်များကို စုစည်းထားသည်။) အရေးကြီးဆုံးနှင့် ဖြစ်နိုင်ခြေအရှိဆုံးအရာမှာ အမျိုးမျိုးသောအရာများကို လေ့ကျင့်ခြင်းဖြင့် တစ်ခုတည်းကိုသာ လေ့ကျင့်နေ၍ဖြစ်ပေါ်လာသော ငြီးငွေ့မှုများကိုလည်း ပြေပျောက်စေလိမ့်မည်။ စာအုပ်အသီးသီးအား ပြီးစီးအောင်မလုပ်လျှင်လည်း သင့်အားဆိုးရွားသောဖရိုဖရဲနိုင်မှုများ မဖြစ်စေပါ။ သင် ရစ်သမ်(Rhythm)ကို ကျွမ်းကျင်စွာတီးတတ်မှ လိဒ်(Lead)စတင်နိုင်မည်ဟု လူအများက လွဲမှားစွာထင်မြင်နေပါသည်။ ဒါ မမှန်ပါ။ ရစ်သမ် ဂစ်တာဟာ ယေဘုယျအားဖြင့် လိဒ်ထက်လွယ်ပေမယ့် အမြဲမဟုတ်ပါ။ ထိုနှစ်ခုကြားမှ အလွန်ကွာဝေးစွာ ခွဲခြားထားသောမျဉ်းဟာ အမြဲမရှင်းလင်းပါ။ ရစ်သမ်ဂစ်တာအစိတ်အပိုင်းများမှာ တခါတရံ ရစ်(ဖ်) (Riff) များပါဝင်ပြီး ၎င်းတို့သည် မယုံနိုင်ဖွယ်ရာ လိဒ်ကဲ့သို့ ထင်မြင်စရာပါ။ အမှန်အား ဖြင့် အချို့ဟာ အခြားအရာများထက် ပိုမြန်ပြီး ပိုခက်ခဲတတ်ပါသည်။ အခြေခံအားဖြင့် ဂီတလေ့ကျင့်မှုများ၌ သင်၏အစွမ်းအစအနည်းငယ်နှင့် သတိမပြုမှုများကို ရစ်သမ်ဂစ်တာ၌ဖြစ်စေ၊ လိဒ်ဂစ်တာ၌ဖြစ်စေ ကွဲပြားစွာရှိနေပါစေ။ နှစ်မျိုးစလုံးကို တစ်ပြိုင်နက်တည်းလေ့လာနိုင်သည်။ လေ့လည်း လေ့လာသင့်သည်။
နောက်ဆုံးအနေဖြင့် ဂစ်တာလေ့ကျင့်ခန်းများရယူမှုအပေါ် ကောက်ချက်ချမည်ဆိုလျှင် ဆရာကောင်းတစ်ဦး၏ကူညီမှုက သင့်အား မကောင်းသောအလေ့အထများမှ ရှောင်ဖယ်ပြီး မှန်ကန်သောလမ်းကြောင်းကိုပြသခြင်းဖြင့် လျင်မြန်စွာသင်ယူနိုင်လိမ့်မည်ဆိုသည်ကို သံသယဖြစ် စရာမရှိပါ။ သင်မသိသောအရာများကို အခြားပိုမိုအတွေ့အကြုံရှိသော တီးခတ်သူက လမ်းညွှန်ပြသခြင်းဖြင့်လည်း အစားမထိုးပါနှင့်။ သင့်ဆရာ ဘယ်လောက်တော်သလဲဟူသောမေးခွန်းသည် အရေးကြီး၏။ ထုံးစံမှာ သင်ကြိုက်နှစ်သက်သော စတိုင်လ်(Style)ကို အထူးကျွမ်းကျင်သူထံ၌သာ လေ့လာသင့်သည်။ အဘယ်ကြောင့်ဆိုသော် ထိုသီးခြားစတိုင်လ်၏ အတွင်းရော၊ အပြင်ပါ သိရှိရန်မှာ အခြားသူများထက် ထိုပုဂ္ဂိုလ်ထံ၌သာ အမှန် တကယ်ပြီးမြောက်ပါလိမ့်မည်။ (အချို့ဆရာများသည် သင်ခန်းစာများပေးခြင်းဖြင့် အလုပ်ရှုပ်နေသောကြောင့် သူတို့အမှန်တကယ်မတတ်မြောက်သော စတိုင်လ်များကို သင်ကြားရန် တောင်းဆိုနိုင်သည်။ ထို့ကြောင့် သင့်အတွက် အရးကြီးသောအချက်မှာ မေးခွန်းများမေးရန်မကြာက်ရွံ့ပါနှင့်။) အခြားတစ်ဘက်၌ ကောင်းမွန်သောအတီးသမားများသည် အမြဲတမ်းဆရာသမားကောင်းများမလုပ်ကြပါ။ ထို့ကြောင့် သူတို့ဂုဏ်သတင်းအကြောင်းကို ပတ်ဝန်းကျင်၌မေးမြန်းပါ။ သင်သည်ဂီတနှင့်ပတ်သက်၍ အမှန်တကယ်ပြုလုပ်ရန်ကြံရွယ်ထားလျှင် တိုင်းပြည်အတွင်းရှိဂီတကျောင်းများတွင် သင်စိတ်ဝင်စားသော အီလက်ထရစ်ဂစ်တာစတိုင်လ်အတွက် အစီအစဉ်ကိုစုံစမ်းပါ။ ကယ်လီဖိုးနီးယား၊ ဟောလီးဝုဒ်ရှိ ဂီတပညာရှင်များကျောင်း (Musician's Institute in Hollywood, California)သည် အကောင်းဆုံးဟုယူဆနိုင်သော်လည်း အခြားကျောင်းအတော်များများ၌လည်း အလားတူအစီအစဉ်များ ရှိနေပါသည်။ ထို့ကြောင့် နောက်စာအုပ်၌ ကျွန်ုပ်တို့ တစ်ဖန်မတွေ့ဆုံမီ သင့်တီးခတ်မှု၌ ပျော်မွေ့နိုင်ပြီး ကံကောင်းပါစေ။
**************************************
အထက်ပါဆောင်းပါးသည် Troy Stetina ၏ Metal Lead Guitar - Primer စာအုပ်၏ နောက်ဆုံးတွင်ပါသော How to Practice ကို ဘာသာပြန်ထားခြင်းဖြစ်သည်။ ဂစ်တာသမားအများစု၏ ဘယ်လိုလေ့ကျင့်မလဲဟူသော အခက်အခဲကို အားလုံးမဟုတ်တောင် အနည်းငယ်သိရှိ၊ ဖြေရှင်းသွားနိုင်ရန် ရည်ရွယ်ပါသည်။
Troy Stetina သည် သြဇာရှိသော ရှေ့ဆောင်လမ်းပြ ဂစ်တာနည်းပြတစ်ဦးနှင့် ပိုင်းခြားသိမြင်နိုင်သော ဂစ်တာကျွမ်းကျင်သူအဖြစ် တစ်ကမ္ဘာလုံးက အသိအမှတ်ပြုထားကြသည်။ သူ၏ရောင်းအားကောင်းသော စာအုပ်များ၊ နည်းပညာများနှင့် ဗီဒီယိုများကို မဂ္ဂဇင်းများမှ ချီးကျူး ကြရ၍ ကမ္ဘာတစ်ဝှမ်းရှိ ဆရာများနှင့် ဂစ်တာသမားများက အသုံးပြုကြသည်။ Troy Strtina သည် Guitar World, Guitar School နှင့် Guitar One မဂ္ဂဖင်းများအတွက် ကူညီရေးသားပေးသည်။ Wisconsin Conservastory Music ၌ Rock Guitar Studies ၏ Director အဖြစ် ဆောင်ရွက် ကာ ထိုကျောင်း၌ တက္ကသိုလ်အဆင့် Rock နှင့် Metal Guitar အတွက် Workshops ဆွေးနွေးပွဲအစီအစဉ်များ ဖန်တီးပေးသည်။ သူရေးသားထား သော စာအုပ်များမှာ Metal Lead Guitar Primer, Metal Lead Guitar Vol 1 & 2, Metal Rhythm Guitar Vol 1 & 2, Speed & Thrash Metal Guitar Method, Secrets To Writing Killer Metal Songs, Speed Mechanics for Lead Guitar, Heavy Metal Guitar Tricks တို့ဖြစ်ပြီး Video များလည်းရှိသည်။
စိုးေ၀၀င်းမြင့်
Technorati tags:
HOW TO PRACTICE, PRACTICE, Alinkar, အလင်္ကာ, Soe Wai Win Myint, soewaiwinmyint, soe wai, soewai, စိုးေ၀၀င်းမြင့်, စိုးဝေ, Guitar, Guitar Technique, ဂစ်တာ, ဂစ်တာ သင်ခန်းစာ
Subscribe to:
Posts (Atom)