Friday, June 26, 2009

ဒို့ဗမာ

ကျွန်တော် ဒီသီချင်းလေးကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့တာပါ။
သေချာ နားထောင်ဖြစ်ခဲ့တာကတော့ နဲနဲ အသက်လေးရလာမှပေါ့လေ။
စာသားတွေကအစ သေချာ ခံစားနားထောင်မိလာတတ်တဲ့ အချိန်ရောက်တော့ အရမ်းခံစား၊ အရမ်းကြိုက်လာပါတယ်။

သီဆိုရေးစပ်သူက ၀ိုင်အမ်ဘီ သခင်တင် ဖြစ်ပါတယ်။ မူရင်း ပထမဆုံး သီဆိုသူကလည်း သူပဲလို့ သိရပါတယ်။
သီချင်းနာမည်က ဒို့ဗမာ ဖြစ်ပါတယ်။
ဆရာတင် ဒီသီချင်းကို ရေးသားစပ်ဆိုနေချိန်မှာ သခင်ဘသောင်းနဲ့ သခင်ခေါင်းဆောင်တစ်ချို့က သီချင်းစာသားနဲ့ အချက်အလက်များ ဖြည့်စွက် အကြံပေးခဲ့ကြတယ်လို့လည်း သိရပါတယ်။
၁၉၃၆ ခုနှစ်၌ ပြုလုပ်ကျင်းပသော တို့ဗမာအစည်းအရုံး ဒုတိယအကြိမ်ညီလာခံ၌ ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ကို အမျိုးသားသီချင်းအဖြစ် ၀ိုင်းဝန်း သတ်မှတ်ခဲ့ကြသည်။

ယခု ကျွန်တော်တို့ သီဆို နေကြသော နိုင်ငံတော်သီချင်းမှာလည်း ဒို့ဗမာသီချင်းဧ။် သံပြိုင်အပိုဒ်ပဲ ဖြစ်ပါတယ်။

သမိုင်းစဉ်ဆက် သီဆိုခဲ့ကြရသော ယခုလက်ရှိနိုင်ငံတော်သီချင်းဧ။် မူရင်းဖြစ်သော ၀ိုင်အမ်ဘီသခင်တင် ရေးသားထားခဲ့သော ဒို့ဗမာ သီချင်းကို အောက်မှာ ရေးသားဖေါ်ပြ ထည့်သွင်းပေးထားပါတယ်။

မြန်မာမှန်ရင် အနည်းဆုံးတော့ နားထောင်ဖူးရပါမယ်။




ဒါ ဒို့ဗမာ သီချင်း ပါ။



သီချင်းလိုချင်လို့ ဒေါင်းလုဒ် လုပ်မယ်ဆို ဒီကို နှိပ်ပါ

သီချင်းစာသားကတော့ အောက်မှာရေးသားပေးထားပါတယ်။

တကောင်းအဘိရာဇာ ဒို့ဗမာ သာကီမျိုးဟာမို့ မညှိုးဂုဏ်တေဇာ
များစွာပ တိုင်းခြားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ ဒို့ဗမာ
စိန်မှန်ကင်းအစစ် အဖြစ်ကြီးဖြစ်လျက် ထင်းတလှည့်ကြုံရ
ထုံးနှင့်မသွေ လောကဓမ္မတာပေ ငါတို့ကံခေ ဖြစ်ရပြန်သလေ
သို့သော် အရင်းကိုစစ်လျှင် ဗမာပြည် ငါတို့ ငါတို့မြေ

နောင်ဥဒါန်း ဘယ်မကြေစရာ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ
ကမ္ဘာတခွင်မှာဖြင့် ဗမာအထင်အရှား တို့ခေတ်တွင်မှာမှ ညံ့ကြတော့မှာလား ဒို့ဗမာ ဒို့ဗမာ
မဟုတ်လေသလား ဒို့ဗမာ ငါတို့ဗမာ ဒို့ဗမာ ငါတို့ဗမာ
ဒါငါတို့ဗမာ ဒါငါတို့ဗမာ
အားလုံး ညီညီ ယောက်ျားဘသား တို့ဗမာ

နောင်လာနောင်သား ကောင်းစားဖို့ရာ
ဒို့ကိုယ်ကျိုးလုံးလုံးမပါ ရဲရဲဗမာပီပီ
ဗမာပြည် ဒို့ဗမာကိုပါ

သခင်အကျင့်ကို ကျင့်ကြပါ သခင်မျိုးဟေ့ ဒို့ဗမာ
မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး ဒို့ဗမာ


ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်

သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ
သြော် အမျိုးသားရေး ကြိုးပမ်းကြပါ တို့ဗမာ ဟေ့ တို့ဗမာ

အရှေ့က နေ၀န်း ထွက်သည့်ပမာပ တို့ခေတ်ကိုတော့ ရောက်ရပေမှာ မလွဲပါ
တို့ဗမာ ဟေ့ တို့ဗမာ
ဗမာပြည်တ၀ှမ်းအကုန် တို့အိမ်မှတ်ပါ တို့ယာမှတ်ပါ
အဲဒါ ဒို့ဗမာ

ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်
ကမ္ဘာမကြေ ဗမာတတွေ ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒါတို့ပြည် ဒါတို့မြေ ဒါငါတို့ပြည်

ဒို့ဗမာ ဒို့ဗမာပြည်ကို တိုင်းရင်းသားအကုန်အစင်
တို့ပြည်လို့မှတ်ထင်
တို့ဝတ္တရားပင် တို့ဗမာခင်







Technorati tags:
, , , , , ,

1 comment:

  1. ဆရာလုပ်တာတော့ မဟုတ်ပါဘူးခင်ဗျာ...။ ခင်ဗျား အခုတင်ထားတဲ့ ဒို့ဗမာသီချင်းဟာ မူရင်း ဒို့ဗမာသီချင်းနဲ့ နဲနဲလွဲနေပါတယ်။ (များစွာပ တိုင်းခြားကိုပါ တိုက်ခိုက်ခါ အောင်ခဲ့တာ ဒို့ဗမာ) ဆိုတဲ့ စားသားဟာ မူရင်းဒို့ဗမာသီချင်းထဲမှာ မပါပါဘူး။ ပါတာက (ယိုးဒယားနဲ့ ကုလားကိုပါ တိုက်ခိုက်ခဲ့ကာ အောင်ခဲ့တာ ဒို့ဗမာ) ဆိုပြီး ရှိတာပါ။

    ဘယ်သူတွေကစပြီး ပြင်ရေး၊ ပြင်ဆိုမှန်းတော့ မသိပါဘူး။ မလုပ်ကောင်းတဲ့အရာ၊ မလုပ်သင့်တဲ့အရာလို့ ထင်ပါတယ်။

    စာသားကျောရိုးကို သခင်ဘသောင်းရေးပြီးတော့၊ သခင်တင်က သီချင်းစပ်ကာ ကိုယ်တိုင်သီဆိုခဲ့ကြတာပါ။ သခင်ဘသောင်းတို့၊ သခင်တင်တို့က ပြင်ရေး၊ ပြင်ဆိုတယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး။

    ReplyDelete